ဆယ်တန်းအောင်စာရင်းထွက်မည့်ရက် အတိအကျသိရခြင်းမရှိသေးပါ

** Unicode **

အင်တာနက်စာမျက်နှာပေါ်တွင် ပျံနှံလျက်ရှိသော ဆယ်တန်းအောင်စာရင်းထွက်မည့်ရက်များဖော်ပြချက်သည် ကောလဟလသာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၏ ခိုင်မာသော ထုတ်ပြန်ချက်ဖြစ်မှသာ လက်ခံကြရန်တိုက်တွန်းလိုပါတယ်။

ယခုအချိန်အခါတွင် အဖြေလွှာစစ်ဆေးရန် နေရာအနေအထားများစတင်စီစဉ်ထားပြီးဖြစ်ပါတယ်။

တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်စာရင်းများကိုခန့်မှန်းအနေအထားဖြင့် သြဂုတ်လလယ်လောက်မှသာထွက်ရှိနိုင်မှာဖြစ်ပြီး ဇွန်လ(၅)ရက်နေ့က စတင်ကာ အဖြေလွှာတွေကို စစ်တော့မယ်လို့ သိရပါတယ်။ 

စာမေးပွဲဖြေလွှာ စစစ်တဲ့နေ့ကစလို့ အောင်စာရင်းပြုစုတဲ့အချိန်ထိ အချိန်ကာလ (၆၃)ရက်အချိန်ယူပြီး ဒီနှစ်မှာတော့ (၅၅)ရက်နဲ့ (၆၀)ရက်ကြားမှာ အပြီးလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


အခုမှ ဖြေလွှာစစ်ဆေးမှုကိုစတင်ဆောင်ရွက်နေတာဖြစ်လို့ အောင်စာရင်းထုတ်ပြန်မယ့်ရက်ကိုတော့ အစိုးရကပဲ တရားဝင် ထုတ်ပြန်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

(www.edge.gom.mm)

 

** Zawgyi **








(www.edge.gom.mm)

News Tips Latest Post Read 1942 times