ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့များအတွက် ပညာသင်ဆုများ လျှောက်ထားနိုင်ပြီး မိမိတို့ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အသိပညာဗဟုသုတနှင့် စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ ပညာသင်ဆုပေးအပ်ခြင်း ဖြစ်ပါသည်။
စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ သဘာဝ ဘေးစီမံခန့်ခွဲမှု၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်မှု၊ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အင်္ဂလိပ်ဘာသာ စကားဖြင့် သင်ကြားမှုဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူလို သူများအတွက် ဦးစားပေးရွေးချယ် မည်ဖြစ်သည်။
ထိုပညာသင်ဆုအတွက် ကျောင်းလခ၊ ခရီးစရိတ်၊ နေထိုင် စားသောက်စရိတ်၊ ကျန်းမာရေး နှင့် ခရီးသွားအာမခံ၊ ပညာရေး ဆိုင်ရာ အထောက်အပံ့များရရှိ မည်ဖြစ်ပြီး နယူးဇီလန်နိုင်ငံရှိ နာ မည်ကြီး တက္ကသိုလ်တွင် ပညာ သင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများမှ ကျောင်းသားများ အတွက် ပေးအပ်နေသော ပညာသင်ဆု အစီအစဉ် အသေးစိတ်အတွက် www.mfat.govt.nz တွင် ၀င်ရောက် ကြည့်ရှုလေ့လာ လျှောက်ထားနိုင်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Credit: 7 day daily