အထက်တန်းပြများကို သင်ရိုးသစ်မိတ်ဆက်သင်တန်းများပို့ချလျက်ရှိ

**Zawgyi**

လာမည့္ပညာသင္ႏွစ္တြင္ အထက္တန္းအဆင့္သင္ရိုးသစ္စတင္ေျပာင္းလဲမည္ျဖစ္ၿပီး အထက္တန္းျပမ်ားကို သင္ရိုးသစ္မိတ္ဆက္သင္တန္းမ်ားပို႔ခ်လ်က္ရွိ

လာမည့္ပညာသင္ႏွစ္တြင္ အထက္တန္းအဆင့္သင္ရိုးသစ္သတင္ေျပာင္းလဲမည္ျဖစ္ၿပီး အထက္တန္းျပမ်ားအားသင္ရိုးသစ္မိတ္ဆက္သင္တန္းပို႔ခ်လ်က္ရွိေၾကာင္းပညာေရးဝန္ၾကီးဌာနမွသိရသည္။

တိုင္းေဒသၾကီးႏွင့္ျပည္နယ္မ်ားမွ ဆရာ၊ ဆရာမ (၅၄၀) ကို ရန္ကုန္ပညာေရးတကၠသိုလ္တြင္ ႏိုဝင္ဘာ (၁၃) ရက္မွ ႏိုဝင္ဘာ (၂၇) ရက္သင္တန္းပို႔ခ်လ်က္ရွိေၾကာင္းသိရသည္။

ယခုသင္တန္းတက္ေရာက္ေနသူမ်ားသည္ ေနာက္တစ္ဆင့္ျဖစ္သည့္တိုင္းေဒသၾကီး၊ ျပည္နယ္အဆင့္တြင္ပို႔ခ်ေပးသူမ်ားအျဖစ္ တာဝန္ယူေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ၾကီးဌာန ပညာေရးဝန္ၾကီး ေဒါက္တာမ်ိဳးသိမ္းၾကီးကသင္တန္းဖြင့္ပဲြအခမ္းအနားတြင္ေျပာၾကားခဲ့သည္။

ျပည္ေထာင္စုဝန္ၾကီးေဒါက္တာမ်ိဳးသိမ္းၾကီးက သင္ရိုးသစ္ Grade (10) တြင္ ယခင္သင္ရုိးေဟာင္းႏွင့္ကြာျခားခ်က္သည္ ေက်ာင္းသားဗဟိုျပဳသင္ၾကားနည္းႏွင့္ အဓိကသင္ၾကားသြားမည္ျဖစ္ၿပီး လက္ေတြ႔ဘဝတြင္ေတြ႔ၾကံဳရမည့္ အခက္အခဲျပႆနာမ်ားကို ကိုယ္တိုင္ေျဖရွင္းႏိုင္သည့္ အေျခအေနမ်ားရရွိေစရန္ ဆရာ၊ ဆရာမမ်ားကဦးေဆာင္ဖန္တီးသြားရမည္ျဖစ္ေၾကာင္း၊ သင္ရိုးသစ္၏သင္ခန္းစာမ်ားကို သင္ယူေလ့လာျခင္းအားျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ အခ်င္းခ်င္းပူးေပါင္းေဆာင္ရြက္ျခင္း၊ တစ္ဦးကိုတစ္ဦးကူညီျခင္း၊ စဥ္းစားေတြးေခၚသံုးသပ္တီထြင္တတ္ျခင္းအစရွိသည့္ အေလ့အက်င့္မ်ားကိုရရွိလာမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

 

Read more >> (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္အတြင္ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ မိဘျပည္သူမ်ားသို႔အသိေပးခ်က္

 

သင္ရိုးသစ္မ်ားကို ျပဳျပင္ေျပာင္းလဲရျခင္းသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို လူသားေကာင္းမ်ားျဖစ္လာေစရန္၊ အခ်င္းခ်င္းပူးေပါင္းေဆာင္ရြက္မႈမ်ားရွိလာေစရန္၊ ပညာရပ္ဆိုင္ရာႏွင့္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာသင္ယူမႈမ်ားအတြက္ လိုအပ္သည့္အသိပညာ၊ ကြ်မ္းက်င္မႈႏွင့္ ေကာင္းမြန္ေသာသေဘထားအျမင္မ်ားႏွင့္ တန္ဖိုးထားမႈမ်ားဖံြ႔ၿဖိဳးတိုးတက္လာေစရန္၊ ႏိုင္ငံသားေကာင္းတစ္ေယာက္တြင္ရွိရမည့္ အေျခခံစရိုက္လကၡဏာမ်ား၊ ဒီမိုကေရစီအေလ့အက်င့္ေကာင္းမ်ား၊ ျပည္သူ႔နီတိက်င့္စဥ္မ်ား ဖံြ႔ၿဖိဳးတိုးတက္လာေစရန္ျဖစ္ေၾကာင္းဝန္ၾကီးကဆိုသည္။

သင္ရိုးသစ္တြင္သင္ယူရမည့္ ဘာသာတဲြမ်ားအေနျဖင့္ လက္ရွိတကၠသိုလ္ဝင္တန္းမွအတဲြမ်ားႏွင့္ ကဲြျပားျခားနားျခင္းမရွိဘဲ သိပၸံဘာသာရပ္မ်ားကိုသင္ယူသူမ်ားအတြက္ လူမႈေရးသိပၸံဘာသာတဲြ၊ ဝိဇၨာဘာသာရပ္မ်ားကို သင္ယူသည့္သူမ်ားအတြက္ သိပၸံဘာသာတဲြကိုျဖည့္စြက္ေပးထားေၾကာင္းသိရသည္။

သင္ရိုးညႊန္းတမ္းမ်ားကို ျပဳျပင္ေျပာင္းလဲရာတြင္ KG+12 အစီအစဥ္အရ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ KG သင္ရိုးသစ္၊ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ Grade-1၊ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ Grade-2 ႏွင့္ ယခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ Grade-3 ႏွင့္ အလယ္တန္းအဆင့္အတြက္ Grade-6 သင္ရိုးသစ္မ်ားကိုေျပာင္းလဲသင္ၾကားလ်က္ရွိၿပီး လာမည့္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ Grade-4, Grade-7 ႏွင့္ Grade-10 သင္ရိုးသစ္မ်ားေျပာင္းလဲမည္ျဖစ္သည္။

Source: Daily Eleven

 

**Unicode**

လာမည့်ပညာသင်နှစ်တွင် အထက်တန်းအဆင့်သင်ရိုးသစ်စတင်ပြောင်းလဲမည်ဖြစ်ပြီး အထက်တန်းပြများကို သင်ရိုးသစ်မိတ်ဆက်သင်တန်းများပို့ချလျက်ရှိ

လာမည့်ပညာသင်နှစ်တွင် အထက်တန်းအဆင့်သင်ရိုးသစ်သတင်ပြောင်းလဲမည်ဖြစ်ပြီး အထက်တန်းပြများအားသင်ရိုးသစ်မိတ်ဆက်သင်တန်းပို့ချလျက်ရှိကြောင်းပညာရေးဝန်ကြီးဌာနမှသိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆရာ၊ ဆရာမ (၅၄၀) ကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် နိုဝင်ဘာ (၁၃) ရက်မှ နိုဝင်ဘာ (၂၇) ရက်သင်တန်းပို့ချလျက်ရှိကြောင်းသိရသည်။

ယခုသင်တန်းတက်ရောက်နေသူများသည် နောက်တစ်ဆင့်ဖြစ်သည့်တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင်ပို့ချပေးသူများအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးသစ် Grade (10) တွင် ယခင်သင်ရိုးဟောင်းနှင့်ကွာခြားချက်သည် ကျောင်းသားဗဟိုပြုသင်ကြားနည်းနှင့် အဓိကသင်ကြားသွားမည်ဖြစ်ပြီး လက်တွေ့ဘဝတွင်တွေ့ကြုံရမည့် အခက်အခဲပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်သည့် အခြေအနေများရရှိစေရန် ဆရာ၊ ဆရာမများကဦးဆောင်ဖန်တီးသွားရမည်ဖြစ်ကြောင်း၊ သင်ရိုးသစ်၏သင်ခန်းစာများကို သင်ယူလေ့လာခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦးကိုတစ်ဦးကူညီခြင်း၊ စဉ်းစားတွေးခေါ်သုံးသပ်တီထွင်တတ်ခြင်းအစရှိသည့် အလေ့အကျင့်များကိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Read more >> (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွင် ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများသို့အသိပေးချက်

 

သင်ရိုးသစ်များကို ပြုပြင်ပြောင်းလဲရခြင်းသည် ကျောင်းသား၊ ကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများရှိလာစေရန်၊ ပညာရပ်ဆိုင်ရာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်ယူမှုများအတွက် လိုအပ်သည့်အသိပညာ၊ ကျွမ်းကျင်မှုနှင့် ကောင်းမွန်သောသဘေထားအမြင်များနှင့် တန်ဖိုးထားမှုများဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံသားကောင်းတစ်ယောက်တွင်ရှိရမည့် အခြေခံစရိုက်လက္ခဏာများ၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းများ၊ ပြည်သူ့နီတိကျင့်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်းဝန်ကြီးကဆိုသည်။

သင်ရိုးသစ်တွင်သင်ယူရမည့် ဘာသာတွဲများအနေဖြင့် လက်ရှိတက္ကသိုလ်ဝင်တန်းမှအတွဲများနှင့် ကွဲပြားခြားနားခြင်းမရှိဘဲ သိပ္ပံဘာသာရပ်များကိုသင်ယူသူများအတွက် လူမှုရေးသိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာရပ်များကို သင်ယူသည့်သူများအတွက် သိပ္ပံဘာသာတွဲကိုဖြည့်စွက်ပေးထားကြောင်းသိရသည်။

သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရာတွင် KG+12 အစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG သင်ရိုးသစ်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 နှင့် ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် အလယ်တန်းအဆင့်အတွက် Grade-6 သင်ရိုးသစ်များကိုပြောင်းလဲသင်ကြားလျက်ရှိပြီး လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုးသစ်များပြောင်းလဲမည်ဖြစ်သည်။

Source: Daily Eleven

Latest Post News Read 1281 times