သတ်မှတ်ချက်နှင့်ကိုက်ညီမှသာ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအသစ် ဖွင့်ခွင့်ပြုမည်

၂၀၁၉ တကၠသိုလ္ဝင္စာေမးပဲြအတြက္ စာစစ္ဌာနအသစ္ဖြင့္လွစ္ပါက အေျခခံပညာဦးစီးဌာနမွတစ္ဆင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ တင္ျပရမည္ျဖစ္ၿပီး သတ္မွတ္ခ်က္ (၁၉) ခ်က္ႏွင့္ ကိုက္ညီမွသာ ဖြင့္လွစ္ခြင့္ျပဳမည္ျဖစ္သည္။

အသစ္ဖြင့္လွစ္မည့္စာစစ္ဌာနတြင္ ေျဖဆိုမည့္ေက်ာင္းသားအနည္းဆံုး (၁၀၀) ဦးရွိျခင္း၊ ေက်ာင္းအလိုက္ေျဖဆိုမည့္ေက်ာင္းသားဦးေရ၊ တစ္ဦးခ်င္းအလြတ္ပညာသင္အျဖစ္ ေျဖဆိုမည့္ဦးေရ၊ လက္ရွိအေျခအေနအရ မည္သည့္စာစစ္ဌာနခဲြတြင္ေျဖဆိုေနရေၾကာင္း၊ ထိုသို႔ေျဖဆိုရသည့္အခက္အခဲမ်ားတင္ျပရမည္ျဖစ္သည္။

ေနရာထိုင္ခင္းလံုေလာက္မႈ၊ စာစစ္ဌာနအသစ္ဖြင့္လွစ္မည့္ေဒသတြင္ ၿမိဳ႕နယ္၊ တိုက္နယ္ေဆးရံု၊ ေဆးခန္းရွိ၊ မရွိ၊ ေမးခြန္းႏွင့္အေျဖလႊာမ်ားသိမ္းဆည္းရန္ ဘဏ္၊ ေငြတိုက္၊ တပ္ရင္း၊ တပ္ဖဲြ႔၊ ရဲစခန္းရွိ၊ မရွိ၊ စာေျဖသူအမ်ားဆံုးဝင္ဆံ့ႏိုင္မည့္ဦးေရ၊ စာေျဖသူဦးေရတိုးလာပါက ေနရာခ်ထားမည့္ပံုစံစသည့္ အခ်က္မ်ားလည္းလိုအပ္သည္။

ယင္းအျပင္ ယခင္က စာစစ္ဌာနအျဖစ္ အသံုးျပဳဖူးျခင္း ရွိ၊ မရွိကိုလည္း တင္ျပရမည္ျဖစ္ၿပီး စာေမးပဲြမသမာမႈ မျဖစ္ေပၚေစေရး ဆရာ၊ ဆရာမမ်ား၏ ကတိခံယူခ်က္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ တုိင္းေဒသၾကီးႏွင္း ျပည္နယ္အစိုးရအဖဲြ႔၊ အေျခခံပညာဦးစီးဌာန၊ အေျဖလႊာသိမ္းဆည္းမည့္ဘဏ္၊ ေငြတိုက္၊ တပ္ရင္း၊ တပ္ဖဲြ႔၊ ရဲစခန္းမ်ား၏ ေထာက္ခံခ်က္မ်ားကိုလည္းတင္ျပရမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက သတ္မွတ္ထားသည္။ 

"စာစစ္ဌာနအသစ္ဖြင့္ဖို႔ သတ္မွတ္ခ်က္ေတြတင္ျပႏိုင္ရင္ ကို္က္ညီရင္ဖြင့္ခြင့္ျပဳမွာပါ။ အရင္ဆံုးအေျခခံပညာဦးစီးဌာနကိုတင္ရပါမယ္။ သူတို႔ကမွ ကြ်န္ေတာ္တို႔ဆီပို႔ၿပီး စိစစ္ၿပီးမွ ခြင့္ျပဳတာပါ" ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးကေျပာသည္။

စာစစ္ဌာနအသစ္ဖြင့္လွစ္ခြင့္ျပဳေၾကာင္းကို တကၠသိုလ္ဝင္စာေမးပဲြမက်င္းပမီ (၃) လခန္႔အလိုတြင္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက အေၾကာင္းၾကားေလ့ရွိသည္ဟုဆိုသည္။ 

၂၀၁၉ တကၠသိုလ္ဝင္စာေမးပဲြေျဖဆိုခြင့္ ေလွ်ာက္လႊာမ်ားကို စက္တင္ဘာလကုန္က ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ တင္သြင္းရၿပီး ၂၀၂၀ ေဖေဖာ္ဝါရီခန္႔တြင္ ေျဖဆိုခြင့္ကတ္ျပားမ်ားျပန္လည္ခ်ထားေပးမည္ျဖစ္သည္။

Read More:>>> (English) Sets (5) တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္

Source: 7Day News

 

**Unicode**

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနအသစ်ဖွင့်လှစ်ပါက အခြေခံပညာဦးစီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ချက် (၁၉) ချက်နှင့် ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

အသစ်ဖွင့်လှစ်မည့်စာစစ်ဌာနတွင် ဖြေဆိုမည့်ကျောင်းသားအနည်းဆုံး (၁၀၀) ဦးရှိခြင်း၊ ကျောင်းအလိုက်ဖြေဆိုမည့်ကျောင်းသားဦးရေ၊ တစ်ဦးချင်းအလွတ်ပညာသင်အဖြစ် ဖြေဆိုမည့်ဦးရေ၊ လက်ရှိအခြေအနေအရ မည်သည့်စာစစ်ဌာနခွဲတွင်ဖြေဆိုနေရကြောင်း၊ ထိုသို့ဖြေဆိုရသည့်အခက်အခဲများတင်ပြရမည်ဖြစ်သည်။

နေရာထိုင်ခင်းလုံလောက်မှု၊ စာစစ်ဌာနအသစ်ဖွင့်လှစ်မည့်ဒေသတွင် မြို့နယ်၊ တိုက်နယ်ဆေးရုံ၊ ဆေးခန်းရှိ၊ မရှိ၊ မေးခွန်းနှင့်အဖြေလွှာများသိမ်းဆည်းရန် ဘဏ်၊ ငွေတိုက်၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းရှိ၊ မရှိ၊ စာဖြေသူအများဆုံးဝင်ဆံ့နိုင်မည့်ဦးရေ၊ စာဖြေသူဦးရေတိုးလာပါက နေရာချထားမည့်ပုံစံစသည့် အချက်များလည်းလိုအပ်သည်။

ယင်းအပြင် ယခင်က စာစစ်ဌာနအဖြစ် အသုံးပြုဖူးခြင်း ရှိ၊ မရှိကိုလည်း တင်ပြရမည်ဖြစ်ပြီး စာမေးပွဲမသမာမှု မဖြစ်ပေါ်စေရေး ဆရာ၊ ဆရာမများ၏ ကတိခံယူချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးနှင်း ပြည်နယ်အစိုးရအဖွဲ့၊ အခြေခံပညာဦးစီးဌာန၊ အဖြေလွှာသိမ်းဆည်းမည့်ဘဏ်၊ ငွေတိုက်၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းများ၏ ထောက်ခံချက်များကိုလည်းတင်ပြရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတ်မှတ်ထားသည်။ 

"စာစစ်ဌာနအသစ်ဖွင့်ဖို့ သတ်မှတ်ချက်တွေတင်ပြနိုင်ရင် ကိုက်ညီရင်ဖွင့်ခွင့်ပြုမှာပါ။ အရင်ဆုံးအခြေခံပညာဦးစီးဌာနကိုတင်ရပါမယ်။ သူတို့ကမှ ကျွန်တော်တို့ဆီပို့ပြီး စိစစ်ပြီးမှ ခွင့်ပြုတာပါ" ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

စာစစ်ဌာနအသစ်ဖွင့်လှစ်ခွင့်ပြုကြောင်းကို တက္ကသိုလ်ဝင်စာမေးပွဲမကျင်းပမီ (၃) လခန့်အလိုတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အကြောင်းကြားလေ့ရှိသည်ဟုဆိုသည်။ 

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန်က မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်သွင်းရပြီး ၂၀၂၀ ဖေဖော်ဝါရီခန့်တွင် ဖြေဆိုခွင့်ကတ်ပြားများပြန်လည်ချထားပေးမည်ဖြစ်သည်။

Read More:>>> (English) Sets (5) တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္

Source: 7Day News

Latest Post News Read 1708 times