သင်ကြားရေးနယ်ပယ်က ဆရာ/ဆရာမတို့အတွက် အခမဲ့ Online Learning Platform

 

အရည်အသွေးကောင်းတဲ့ ပညာရေးဆိုတာ စာသင်ခန်းတိုင်းမှာ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာ/ဆရာမတို့ရဲ့ စာသင်ကြားမှု အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် UNESCO ကနေ ဖန်တီးပေးထားတဲ့ "Myanmar Teacher Platform" နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

 

“Myanmar Teacher Platform ” မှာ သင်ကြားရေးဆိုင်ရာ အခမဲ့သင်တန်းပေါင်း (၅၀) ကျော်ရှိပြီး မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမတွေရဲ့ ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ 

 

 

သင်ခန်းစာတွေကို မြန်မာလို ပြင်ဆင်ပေးထားတဲ့အတွက် ဘာသာစကားအခက်အခဲလည်း ရှိနိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး အွန်လိုင်းသင်ခန်းစာတွေဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတို့ အဆင်ပြေတဲ့ အားလပ်ချိန်မှာ နေရာမရွေး လေ့လာနိုင်သလို၊ အင်တာနက်မရှိတဲ့အချိန်မှာလည်း ဒေါင်းလုတ်ပြုလုပ်၍ သင်ယူနိုင်ပါတယ်။

 

ဒီအွန်လိုင်းသင်ကြားရေးပလပ်ဖောင်းမှ သင်တန်းတစ်ခုခုကို တက်ရောက်ပြီးစီးတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သင်တန်းပြီးမြောက်ကြောင်းအောင်လက်မှတ်တွေကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။ 


ဆရာ/ဆရာမတွေအတွက် သင်ခန်းစာတွေကို အွန်လိုင်းဗီဒီယိုတွေကနေတဆင့် အချိန်ကန့်သတ်ချက်မရှိ လေ့လာနိုင်သလို အွန်လိုင်း Live တိုက်ရိုက်သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေမှာလည်း အတူတူ ဆွေးနွေးပါဝင်နိုင်ပါသေးတယ်။

>> https://mmteacherplatform.net/my-MM#news

 

 

သင်ယူနိုင်တဲ့ အွန်လိုင်းသင်ခန်းစာများကို ရွေးချယ်ရန်

>> https://mmteacherplatform.net/my-MM/courses

 

အွန်လိုင်းသင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်မယ့်အပြင် အပတ်စဉ် တနင်္လာနေ့တိုင်းမှာ သင်ကြားရေးနယ်ပယ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရေးသားတင်ဆက်ပေးနေတဲ့ ဘလော့ပို့စ်တွေကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဘလော့ပို့စ်တွေကို ဖတ်ရှုနိုင်တဲ့အပြင် မျှဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မိမိထင်မြင်ယူဆချက်နဲ့ သိလိုတဲ့ မေးခွန်းတွေကိုလည်း ပညာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ 

>> https://mmteacherplatform.net/my-MM/blogs

 

 

ဒါ့အပြင် ဆရာ/ဆရာမတွေအတွက် သင်ကြားရေးအရင်းအမြစ် ၂၀၀ ကျော် ထည့်သွင်ထားတဲ့ အွန်လိုင်းစာကြည့်တိုက်လည်း ရှိပါတယ်။ အွန်လိုင်းစာကြည်တိုက်မှာ သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မိမိကျောင်းသားတွေအတွက် ပါဝင်ဆောင်ရွက်မှုရှိစေတဲ့ သင်ယူမှုလုပ်ငန်းကို ဖန်တီးနိုင်ဖို့ ဗီဒီယိုများ၊ အီလက်ထရွန်နစ်စာအုပ်များ (e-books)၊ ဆောင်းပါးများ၊ ပိုစတာများ၊ အသံဖိုင်များနဲ့ တခြားသော များပြားလှတဲ့ အခမဲ့ရင်းမြစ်များစွာကို ရှာဖွေနိုင်ပါတယ်။ 

>> https://mmteacherplatform.net/my-MM/elibrary

 

ဘယ်သူတွေ တက်ရောက်သင့်လဲ?

- လုပ်ငန်းခွင်ဝင်စ ဆရာ/ဆရာမများ 

- သင်ကြားရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ Training မရှိခဲ့ဖူးသူများ

- ကိုယ့်ကျောင်းသားတွေကို အဆင့်မြင့်ပညာရေးစနစ် ဖန်တီးပေးလိုသူများ

- ဆရာ/ဆရာမလုပ်ဖို့ ဝါသနာပါသူများ

- သင်ကြားရေးနယ်ပယ်မှ အကြံပေးပုဂ္ဂိုလ်များ၊ ထရိန်နာများ၊ အလုပ်လုပ်ကိုင်နေသူများ ဘယ်သူမဆို လွတ်လပ်စွာ တက်ရောက်နိုင်တဲ့ သင်ကြားရေးပလပ်ဖောင်းတစ်ခုပါ။ 

 

 

ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

- အခမဲ့လေ့လာသင်ယူနိုင်ခြင်း 

- အချိန်ကန့်သတ်ချက်မရှိခြင်း

- အွန်လိုင်းအပြင် အော့ဖ်လိုင်းပါ သင်ယူနိုင်ခြင်း

- အင်္ဂလိပ် (သို့) မြန်မာဘာသာစကားနဲ့ သင်ယူနိုင်ခြင်း 

- သင်တန်းပြီးစီးကြောင်းလက်မှတ်ထုတ်ယူနိုင်ခြင်း

- Free Webinar တွေ တက်ရောက်နိုင်ခြင်း

- သင်ကြားရေးဆိုင်ရာ အကြောင်းအရာများ ဖတ်ရှုနိုင်ခြင်း

- သင်ကြားရေးအရင်းအမြစ်များကို အခမဲ့ သုံးစွဲနိုင်ခြင်း

- ဖုန်းဘေလ်လက်ဆောင်များ ထုတ်ယူနိုင်ခြင်း

- အက်ပလီကေးရှင်းကို App Store နဲ့ Playstore နှစ်ခုလုံးမှ ဒေါင်းလုတ်ဆွဲနိုင်ခြင်း

 

စာသင်ခန်းထဲက ကိုယ့်ရဲ့သင်ကြားမှုပုံစံ တိုးတက်အောင်၊ ကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရေးကို ပံ့ပိုးပေးနိုင်အောင် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို အခမဲ့သင်ယူနိုင်တာကြောင့် စိတ်ဝင်စားရင် အက်ပလီကေးရှင်း ဒေါင်းလုတ်လုပ်ပြီးဖြစ်စေ၊ ဝက်ဘ်ဆိုက်ဒ်မှာဖြစ်စေ Account ဖွင့်ပြီး စာရင်းသွင်းဖို့ လိုအပ်ပါတယ်။ 

>> https://mmteacherplatform.net/en/register

 

 

နည်းပညာဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာရှိပါက [email protected] သို့ အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ 

 

Website - https://mmteacherplatform.net/my-MM

Facebook - https://www.facebook.com/UNESCOMyanmar , https://www.facebook.com/profile.php?id=61558022191070

--------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Vocational Read 452 times