စာစစ်ဌာန (၁၀၀) ကျော်ယခုနှစ်တွင်တိုးချဲ့ဖွင့်လှစ်ပေး

** Unicode **

၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာမေးပွဲဖြေဆိုရန်လျေှက်ထားသူများမှာ ယခင်နှစ်ကထက်များကြောင်းသိရပါယ်။

၎င်းအခြေအနေများကြောင့် စာစစ်ဌာနအသစ် (၁၁၃) ခုအသစ်တိုးဖွင့်မည်ဖြစ်ကြောင်းကိုလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

၂၀၂၀ တွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်ခွင့်အတွက် စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတွင် ဒေါက်တာမျိုးသိမ်းကြီးမှ ထို့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၁၈၇၇) ခုသာဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် (၁၉၉၀) ခုအထိ တိုးမြှင့်၍ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

ယခုနှစ်စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေမှာ ကိုးသိန်းခုနစ်သောင်းကျော်ခန့်ရှိ၍ ယခင်နှစ်တွင် စာရင်းပေးသွင်းသူဦးရေမှာ ရှစ်သိန်းခွဲခန့်သာရှိနေ၍ တစ်သိန်းကျော်ပိုမိုလျှောက်ထားလာကြောင်းလည်းသိရပါတယ်။

စာစစ်ဌာနအသစ်ဖွင့်လှစ်ရန်လိုအပ်ပါက အခြေခံပညာဦးစီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်ပြ၍ သတ်မှတ်ချက် (၁၉) ချက်နှင့်ကိုက်ညီလျှင်ဖွင့်လှစ်ခွင့်ပြုမည်ဟုလည်း စာစစ်ဦးစီးဌာနမှသတ်မှတ်ထားခြင်းဖြစ်ပါတယ်။

စာစစ်ဌာနအသစ်ဖွင့်နိုင်မည့်အကြောင်းအရင်းများမှာ ဖြေဆိုမည့်ကျောင်းသား/သူအနည်းဆုံး (၁၀၀) ဦးရှိရမည်၊ ကျောင်းအလိုက်ဖြေဆိုမည့် ကျောင်းသား/သူဦးရေ၊ တစ်ဦးချင်းအလွတ်ပညာသင်အဖြစ် ဖြေဆိုမည့်ဦးရေ၊ လက်ရှိအခြေအနေအရ မည်သည့်စာစစ်ဌာနခွဲတွင် ဖြေဆိုနေရခြင်းစသည့် အခက်အခဲများ အားလုံးတင်ပြရမည်ဖြစ်ပါတယ်။

လိုအပ်သောအချက်အလက်များအနေဖြင့် နေရာထိုင်ခင်းလုံလောက်မှု၊ စာစစ်ဌာနအသစ်ဖွင့်လှစ်မည့်ဒေသတွင် မြို့နယ်၊ တိုက်နယ်ဆေးရုံ၊ ဆေးပေးခန်းရှိမရှိ၊ မေးခွန်းနှင့် အဖြေလွှာများ သိမ်းဆည်းရန်ဘဏ်၊ ငွေတိုက်၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းရှိ/မရှိ၊ စာဖြေသူအများဆုံးဝင်ဆံ့နိုင်မည့်ဦးရေ၊ စာဖြေသူဦးရေတိုးလာပါက နေရာချထားမည့်ပုံစံစသည်များလိုအပ်ပါတယ်။

၎င်းအပြင်ယခင်နှစ်များက ၎င်းနေရာကို စာစစ်ဌာနအဖြစ်အသုံးပြုခြင်းရှိ/မရှိ၊ တင်ပြ၍ စာမေးပွဲမသမာမှု မဖြစ်ပေါ်စေရေး ဆရာ/ဆရာမများ၏ ကတိခံဝန်ချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ အခြေခံပညာဦးစီးဌာန၊ အဖြေလွှာသိမ်းဆည်းမည့်ဘဏ်၊ ငွေတိုက်၊ တပ်ရင်း၊ ရဲစခန်း မျာ၏ ထောက်ခံချက်များလည်းတင်ပြရမည်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာလ (၃၀) ရက်အထိမြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့တင်သွင်းခွင့်ပြုခဲ့ကာ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလအတွင်းတွင် ပြန်လည်ထုတ်ပေးမည်လည်းဖြစ်ပါတယ်။

Read More:>>>  "Loecsen" Website တြင္ဘာသာစကားေပါင္း (၅၁) ဘာသာကို အခမဲ့ေလ့လာႏိုင္မည္

ဖြေဆိုခွင့်ကတ်ပြားများသည် ဘာသာတွဲအလိုက်အရောင်အပြောင်းအခဲများရှိမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့်ပထမဆုံးရက်တွင် ဖြေဆိုခွင့်ကတ်ပြားများကို စာမေးပွဲခန်းသို့ တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပါတယ်။
(မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

(www.edge.com.mm)

** Zawgyi **

၂၀၂၀ ခုႏွစ္တကၠသုိလ္ဝင္စာေမးပြဲအတြက္ စာေမးပြဲေျဖဆိုရန္ေလ်ွက္ထားသူမ်ားမွာ ယခင္ႏွစ္ကထက္မ်ားေၾကာင္းသိရပါယ္။

၄င္းအေျခအေနမ်ားေၾကာင့္ စာစစ္ဌာနအသစ္ (၁၁၃) ခုအသစ္တိုးဖြင့္မည္ျဖစ္ေၾကာင္းကိုလည္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာပါတယ္။

၂၀၂၀ တြင္ေျဖဆိုမည့္ တကၠသုိလ္ဝင္ခြင့္အတြက္ စာေမးပြဲႀကီးၾကပ္ေရးမွဴးမ်ား၊ တြဲဖက္ႀကီးၾကပ္ေရးမွဴးမ်ား၊ လက္ေထာက္ႀကီးၾကပ္ေရးမွဴးမ်ားႏွင့္ စာေျဖသူမ်ားလိုက္နာရန္ စည္းကမ္းခ်က္မ်ားဆိုင္ရာ ေဆြးေႏြးပြဲသင္တန္းတြင္ ေဒါက္တာမ်ိဳးသိမ္းႀကီးမွ ထို႔သုိ႔ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ယခင္ႏွစ္ တကၠသုိလ္ဝင္စာေမးပြဲအတြက္ စာစစ္ဌာန(၁၈၇၇) ခုသာဖြင့္လွစ္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ (၁၉၉၀) ခုအထိ တိုးျမွင့္၍ ဖြင့္လွစ္ခြင့္ျပဳထားပါတယ္။

ယခုႏွစ္စာေမးပြဲဝင္ေရာက္ေျဖဆိုရန္စာရင္းေပးသြင္းသူဦးေရမွာ ကိုးသိန္းခုနစ္ေသာင္းေက်ာ္ခန္႔ရွိ၍ ယခင္ႏွစ္တြင္ စာရင္းေပးသြင္းသူဦးေရမွာ ရွစ္သိန္းခြဲခန္႔သာရွိေန၍ တစ္သိန္းေက်ာ္ပိုမိုေလ်ွာက္ထားလာေၾကာင္းလည္းသိရပါတယ္။

စာစစ္ဌာနအသစ္ဖြင့္လွစ္ရန္လိုအပ္ပါက အေျခခံပညာဦးစီးဌာနမွတစ္ဆင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ တင္ျပ၍ သတ္မွတ္ခ်က္ (၁၉) ခ်က္ႏွင့္ကိုက္ညီလ်ွင္ဖြင့္လွစ္ခြင့္ျပဳမည္ဟုလည္း စာစစ္ဦးစီးဌာနမွသတ္မွတ္ထားျခင္းျဖစ္ပါတယ္။

စာစစ္ဌာနအသစ္ဖြင့္ႏိုင္မည့္အေၾကာင္းအရင္းမ်ားမွာ ေျဖဆိုမည့္ေက်ာင္းသား/သူအနည္းဆံုး (၁၀၀) ဦးရွိရမည္၊ ေက်ာင္းအလုိက္ေျဖဆိုမည့္ ေက်ာင္းသား/သူဦးေရ၊ တစ္ဦးခ်င္းအလြတ္ပညာသင္အျဖစ္ ေျဖဆိုမည့္ဦးေရ၊ လက္ရွိအေျခအေနအရ မည္သည့္စာစစ္ဌာနခြဲတြင္ ေျဖဆိုေနရျခင္းစသည့္ အခက္အခဲမ်ား အားလံုးတင္ျပရမည္ျဖစ္ပါတယ္။

လိုအပ္ေသာအခ်က္အလက္မ်ားအေနျဖင့္ ေနရာထိုင္ခင္းလံုေလာက္မႈ၊ စာစစ္ဌာနအသစ္ဖြင့္လွစ္မည့္ေဒသတြင္ ၿမိဳ႕နယ္၊ တိုက္နယ္ေဆးရံု၊ ေဆးေပးခန္းရွိမရွိ၊ ေမးခြန္းႏွင့္ အေျဖလႊာမ်ား သိမ္းဆည္းရန္ဘဏ္၊ ေငြတိုက္၊ တပ္ရင္း၊ တပ္ဖြဲ႔၊ ရဲစခန္းရွိ/မရွိ၊ စာေျဖသူအမ်ားဆံုးဝင္ဆံ့ႏိုင္မည့္ဦးေရ၊ စာေျဖသူဦးေရတိုးလာပါက ေနရာခ်ထားမည့္ပံုစံစသည္မ်ားလိုအပ္ပါတယ္။

၄င္းအျပင္ယခင္ႏွစ္မ်ားက ၄င္းေနရာကို စာစစ္ဌာနအျဖစ္အသံုးျပဳျခင္းရွိ/မရွိ၊ တင္ျပ၍ စာေမးပြဲမသမာမႈ မျဖစ္ေပၚေစေရး ဆရာ/ဆရာမမ်ား၏ ကတိခံဝန္ခ်က္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၊ အေျခခံပညာဦးစီးဌာန၊ အေျဖလႊာသိမ္းဆည္းမည့္ဘဏ္၊ ေငြတိုက္၊ တပ္ရင္း၊ ရဲစခန္း မ်ာ၏ ေထာက္ခံခ်က္မ်ားလည္းတင္ျပရမည္ျဖစ္ပါတယ္။

တကၠသုိလ္ဝင္တန္းေျဖဆိုခြင့္ေလ်ွာက္လႊာမ်ားကို စက္တင္ဘာလ (၃၀) ရက္အထိျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔တင္သြင္းခြင့္ျပဳခဲ့ကာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီလအတြင္းတြင္ ျပန္လည္ထုတ္ေပးမည္လည္းျဖစ္ပါတယ္။

Read More:>>>>  "Loecsen" Website တြင္ဘာသာစကားေပါင္း (၅၁) ဘာသာကို အခမဲ့ေလ့လာႏိုင္မည္

ေျဖဆိုခြင့္ကတ္ျပားမ်ားသည္ ဘာသာတြဲအလိုက္အေရာင္အေျပာင္းအခဲမ်ားရွိမည္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ေပးမည္ျဖစ္ၿပီး စာေမးပြဲေျဖဆိုမည့္ပထမဆံုးရက္တြင္ ေျဖဆိုခြင့္ကတ္ျပားမ်ားကို စာေမးပြဲခန္းသို႔ တစ္ပါတည္းယူေဆာင္လာရမည္ျဖစ္ပါတယ္။
(ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန)

(www.edge.com.mm)

News Tips Latest Post Read 1216 times