၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် လျှောက်ထားလိုသူများသည် အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများ
မဟာဘွဲ့သင်တန်းများအတွက် သတ်မှတ်အရည်အချင်း
သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ မိမိ လျှောက်ထားလိုသည့် သင်တန်း၏ Email (သို့) Viber မှ ဖြစ်စေ (၁၈-၁-၂၀၂၅) ရက်မှ စတင် ထုတ်ယူနိုင်သည်။
လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original scan copy (မူရင်းကို scan ဖတ်ထားသောမိတ္တူ) ကို သက်ဆိုင်ရာ ပရိုဂရမ်အသီးသီး၏ အီးမေးလ်လိပ်စာသို့ အွန်လိုင်းမှ ဖြစ်စေ၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ (၈-၃-၂၀၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။
ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၅-၃-၂၀၂၅) ရက် စနေနေ့တွင် အွန်လိုင်းမှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့ အချိန်စာရင်းကို (၂၀-၃-၂၀၂၅) ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ပါမည်။
သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၈ နာရီမှ ညနေ ၅ နာရီ) အထိ ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ချက် ရှိပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ
MBA - 09-755513126, 09-941797918
[email protected]
MPA - 09-796778751
[email protected]
MMM - 09-895390138,
[email protected]
MAS - 09-779762949,
[email protected]
ဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းများ
ဒီပလိုမာသင်တန်းများအတွက် သတ်မှတ်အရည်အချင်း
သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ မိမိ လျှောက်ထားလိုသည့် သင်တန်း၏ Email (သို့) Viber မှ ဖြစ်စေ (၁၈-၁-၂၀၂၅) ရက်မှ စတင် ထုတ်ယူနိုင်သည်။
လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original scan copy (မူရင်းကို scan ဖတ်ထားသောမိတ္တူ) ကို သက်ဆိုင်ရာ ပရိုဂရမ်အသီးသီး၏ အီးမေးလ်လိပ်စာသို့ အွန်လိုင်းမှ ဖြစ်စေ၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ (၃၁-၃-၂၀၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။
သင်တန်းကို (၁-၄-၂၀၂၅) ရက်တွင် စတင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ (ညနေ ၆ နာရီမှ ၈ နာရီအထိ) (၉) လကြာ တက်ရောက်ရပါမည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ
Dip.DS - 09-754598281, 09-662778775.
[email protected]
DBS - 09-422112470
[email protected]
PGDRS - 09-404035886,
[email protected]
သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း 09-400413081 ၊ 09-259144740 ၊ အီးမေးလ်လိပ်စာ [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။