တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အပြောင်းအရွှေ့ လျှောက်ထားလိုသူများအတွက်(အပိုင်း-၁)

**Zawgyi**

- မိဘများသည် နိုင်ငံဝန်ထမ်းများဖြစ်၍ တာဝန်အရ ပြောင်းရွှေ့ရသောကြောင့် ၄င်းတို့ပြောင်းရွှေ့ရသော မြို့နယ်နှင့်သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ ပြောင်းရွှေ့ပညာသင်ကြားခွင့် လျှောက်ထားလျှင် မိမိပထမဝင်ခွင့်ရထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွင် ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်းမပြုဘဲ မိဘများအလုပ်တာဝန် ပြောင်းရွှေ့ရသည့် တရားဝင်ရုံးအမိန့်စာဖြင့် မိမိပြောင်းရွှေ့နေထိုင်သော မြို့နယ်နှင့် သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

Read More:>>> တက်ရောက်ရမည့် တက္ကသိုလ်၊ မေဂျာ မတွေ့သော ကျောင်းသား/သူများအတွက် အကြံပြုချက်
(www.edge.com.mm)
(PTZS)

**Unicode**

** ဝိဇ္ဇာသိပ္ပံ အထူးပြုဘာသာများပို့ချသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နေ့သင်တန်းမှ ဝိဇ္ဇာနှင့်သိပ္ပံ အထူးပြုဘာသာများပို့ချသည့် အခြားတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နေ့သင်တန်းသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားခြင်း အတွက်
- မိဘများသည် နိုင်ငံဝန်ထမ်းများဖြစ်၍ တာဝန်အရ ပြောင်းရွှေ့ရသောကြောင့် ၎င်းတို့ပြောင်းရွှေ့ရသော မြို့နယ်နှင့်သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ ပြောင်းရွှေ့ပညာသင်ကြားခွင့် လျှောက်ထားလျှင် မိမိပထမဝင်ခွင့်ရထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွင် ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်းမပြုဘဲ မိဘများအလုပ်တာဝန် ပြောင်းရွှေ့ရသည့် တရားဝင်ရုံးအမိန့်စာဖြင့် မိမိပြောင်းရွှေ့နေထိုင်သော မြို့နယ်နှင့် သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။
- တခြားသောအကြောင်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့သင်ကြားခွင့် လျှောက်ထားလိုလျှင် မိမိဝင်ခွင့်ရရှိထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပါမောက္ခချုပ်/ကျောင်းအုပ်ကြီးထံ ပြောင်းရွှေ့သင်ကြားလိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကို ဖော်ပြရပါမည်။ ကျောင်းပြောင်းလျှောက်ထားခြင်းနှင့် ကျောင်းအပ်နှံခြင်းကို (၁၃-၁၂-၂၀၁၉) ရက်နေ့နောက်ဆုံးထားဆောင်ရွက်ရပါမည်။
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားပါက လက်ခံစဉ်းစားမည်မဟုတ်ပါ။ ပြောင်းရွှေ့သင်ကြားခွင့်ပြုမိန့်မရမီ မိမိသဘောအလျောက် ပြောင်းရွှေ့တက်ရောက်ခြင်းကို ခွင့်မပြုပါ။ သတ်မှတ်ရက်အတွင်း လျှောက်ထားသော်လည်း စိစစ်ရေးအဖွဲ့၏ အဆုံးအဖြတ်သည် နောက်ဆုံးဖြစ်ပါသည်။

Read More:>>> တက်ရောက်ရမည့် တက္ကသိုလ်၊ မေဂျာ မတွေ့သော ကျောင်းသား/သူများအတွက် အကြံပြုချက်
(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်)
(www.edge.com.mm)
(PTZS)

Latest Post News Read 1866 times