Master of Business (MBA) Harvard Scholarship ပေးအပ်မည်

Master of Business (MBA) Harvard Scholarship ပေးအပ်မည်

လျှောက်ထားလိုသူများသည် ၂၀၁၇ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။

ထိုပညာသင်ဆုသည် ၂၀၁၇ ခုနှစ် နွေဦးရာသီတွင် တက်ရောက်ရမည်ဖြစ်ပြီး တက်ရောက်လိုသူများမှာ ပညာရေးပိုင်းတွင် ရလဒ်ကောင်းသူဖြစ်ရန်လိုအပ်ပါသည်။

Harvard MBA မှာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ စီးပွားရေးဆိုင်ရာ programme များထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး Harvard တက္ကသိုလ်မှာ ဂုဏ်သရေရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါသည်။

Boustany MBA Harvard Scholarship သည် Harvard Business School တွင် ၂ နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။

Harvard Business School တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာ အရည်အချင်းအနေဖြင့် the Test of English as a Foreign Language (TOFEL iBT); the International English Language Testing System (IELTS); or the Pearson Test of English (PTE) အစရှိသည့် စာမေးပွဲရလဒ်များကို လက်ခံပေးသည်။

ပညာသင်ဆုသည် Harvard Business School ရှိ MBA Program ကို လေ့လာနိုင်မည်ဖြစ်ပြီး Business Administration နယ်ပယ်အတွက် ပေးအပ်ခြင်းဖြစ်သည်။

ပညာသင်ဆုအတွက် ၂ နှစ်စာ အတွက် ကန်ဒေါ်လာ ကိုးသောင်း (တစ်နှစ်- ကန်ဒေါ်လာ ၄၅,၀၀၀) ကို ရရှိမည်ဖြစ်သည်။

ပညာသင်ဆုရရှိသူများသည် အမေရိကန်နိုင်ငံတွင် တက်ရောက်ရမည်ဖြစ်ပြီး Harvard MBA Programme ကို ၀င်ခွင့်ရရှိထားသူများသာ ပညာသင်ဆုကို လျှောက်ထားခွင့် ရရှိမည်ဖြစ်သည်။

လျှောက်ထားလိုသူများ

- ကောလိပ် သို့မဟုတ် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ဒီဂရီရရှိထားရန် လိုအပ်ပါသည်။

- GMAT (Graduate Management Admission Test) သို့မဟုတ် GRE (Graduate Record Examination) တို့ကို ဖြေဆိုထားရန် လိုအပ်သည်။

- အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်အနေဖြင့် IELTS 7.5 ထက်မနည်း၊ PTE ဘာသာစကားလိုအပ်ချက် 75 ထက်မနည်း၊ TOEFL 109 ထက် မနည်း ရှိရန် လိုအပ်သည်။

လျှောက်လွှာတင်ခြင်း

- လျှောက်ထားလိုသူများသည် မိမိဓာတ်ပုံကပ်ထားသော curriculum vitae (CV) ကော်ပီ၊ GMAT ဖြေဆိုထားသော ရမှတ်နှင့် ဟားဗတ်တက္ကသိုလ်မှ ၄င်းသင်တန်းအတွက် လက်ခံထားသော စာတို့ကို [email protected] ထံသို့ အီးမေးလ် ပေးပို့နိုင်မည်ဖြစ်သည်။

- Shortlisted ကြေညာသည့် အထဲတွင် ပါလာပါက ဖောင်ဒေးရှင်းနှင့် အင်တာဗျူးရန် ဖိတ်ကြားခံရမည်ဖြစ်သည်။

ပညာသင်ဆုကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ပေးအပ်မည်ဖြစ်သည်။

ပညာသင်ဆုအတွက် အသေးစိတ်သိရှိလိုပါက http://www.boustany-foundation.org/scolarship-programs ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

Source: internet journal

International Read 2417 times