မြန်မာနိုင်ငံရှိ ဘွဲ့ရ အမျိုးသမီးများ လျှောက်ထားနိုင်တဲ့ အမေရိကန်နိုင်ငံမှ MBA ပညာသင်ဆု

မြန်မာနိုင်ငံရှိ ဘွဲ့ရ အမျိုးသမီးများ လျှောက်ထားနိုင်တဲ့ အမေရိကန်နိုင်ငံမှ MBA ပညာသင်ဆု

ကျောင်းလခရဲ့ ၆၀ ရာခိုင်နှုန်းကို ပညာသင်ဆုအနေနဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ရဲ့ The Toyota Women of Achievement Scholars Program ကနေ Fall 2017 ခုနှစ်တွင် MBA တက်ရောက်မည့် အမျိုးသမီးတွေ အတွက်ဖြစ်ပါတယ်။

တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ပံ့ပိုးပေးပါမှာ ဖြစ်ပါတယ်။

တစ်နှစ်လျှင် ပျမ်း မျှ ကျောင်းလခ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၅,၄၁၀ ကျသင့်မှာဖြစ်တဲ့ အတွက် Tuition Fee ရဲ့ ၆၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ

၃၀,၀၀၀ ကို ပညာသင်ဆုအနေနဲ့ အမျိုးသမီး ကျောင်းသူ ၁၀ ဦးကို ချီးမြှင့်ပေးသွားမည် ဖြစ်ပါတယ်။

ပရိုဂရမ်ကတော့ အမျိုးသမီးတွေကို ၂၁ ရာစုနှစ်မှာ ခေတ်အလိုက် ရေပန်းစားနေတဲ့ Supply Chain Management & logistics ဘာသာရပ်နဲ့ သက်ဆိုင်တဲ့

တီထွင်ဆန်းသစ်မှု ပညာရပ်တွေ လက်တွေ့ကျကျ လေ့လာရမယ့် ပညာရပ်တွေ၊ Supply Chain ဘာသာရပ်ကို တစိုက်မတ်မတ် လေ့လာနိုင်မယ့်

ပညာရေးလမ်းကြောင်းတွေအတွက် ပညာသင်ဆုကို ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။

နောက်ထပ် မျိုးဆက်သစ် အမျိုးသမီးတွေကို Supply Chain လုပ်ငန်းခွင်ရဲ့ ဦးဆောင်သူတွေနဲ့ စီမံအုပ်ချုပ်မယ့် မန်နေဂျာတွေအဖြစ် ရပ်တည်နိုင်ရန်အတွက် ရည်ရွယ်ပြီး

ပညာသင်ဆုကို ထောက်ပံ့ ပေးခြင်းဖြစ်ပါတယ်။

ဘာသာရပ်များမှာ MBA core courses, Women in Business, Global Supply Chains, Big Data and Business Analytics, The Business of Supply Chains,

Supply Chain and Information Technologies and Systems, Global Logistics Management စသည်တို့ကို သင်ကြားရမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂နှစ်

ဖြစ်ပါတယ်။

လျှောက်ထားသူများ၏ လိုအပ်ချက်များ

- TOEFL above 100 iBT or IELTS – Above 7.5၊ တက္ကသိုလ်တစ်ခုခုမှ ထူးချွန်စွာအောင်မြင်ထားသူတွေ ဒီပညာသင်ဆုကို လျှောက်ထားနိုင်ပါတယ်။

ထိုပညာသင်ဆုကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ပါတယ်။

Contact Detail

၀၁- ၅၂၇၁၆၈၊ ၀၉- ၄၅၂၇၇၇၅၀၇

source: lwin pyin

International Read 3003 times