မေပယ်ရွက်တို့ လွှမ်းခြုံရာ ကနေဒါမှာ ဘွဲ့ကြိုပညာသင်ဆု လျှောက်မယ်

 

Lester B. Pearson ပညာသင်ဆုဆိုတာ (၁၂) တန်းအောင်ပြီး ဘွဲ့ကြိုသင်တန်းတက်မယ့် နိုင်ငံတကာက ကျောင်းသားတွေအတွက် ကနေဒါနိုင်ငံရဲ့ နံပါတ် (၁) အဆင့်မှာရှိတဲ့ University of Toronto မှာ (၄) နှစ်တာ ပညာသင်ကြားဖို့အတွက် အပြည့်အ၀ ထောက်ပံ့ပေးမယ့် ပညာသင်ဆုဖြစ်ပါတယ်။ 

 

University of Toronto ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁၇) နေရာမှာ ရပ်တည်နေပြီး ကနေဒါနိုင်ငံမှာတော့ နံပါတ် (၁) ထိပ်တန်းတက္ကသိုလ် ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး သုတေသနတက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အတွက် နိုင်ငံတကာက ကျောင်းသားတိုင်းရဲ့ အိမ်မက်တက္ကသိုလ်တစ်ခုပါ။ 

 

ဒါကြောင့် ဒီလိုအခွင့်အလမ်းကောင်းတစ်ခုကို လက်လွှတ်ခံလို့မဖြစ်တာမို့ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အောက်မှာဆက်ကြည့်ရအောင်နော်။

 

Host Country - Canada

Host University - University of Toronto

Program - Undergraduate

Duration - 4 years

Rewards - Tuition I Books I Incidental Fees I Residence support

 

လျှောက်ထားနိုင်တဲ့ ဘွဲ့ကြိုပရိုဂရမ်များ

  • Humanities & Social Sciences
  • Life Sciences
  • Physical & Mathematical Sciences
  • Commerce & Management
  • Computer Science
  • Engineering
  • Kinesiology & Physical Education
  • Music
  • Architecture စတဲ့ ပညာရပ်နယ်ပယ်တို့မှ ဘွဲ့ကြိုပရိုဂရမ် (၇၀၀) ကို အောက်ကလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

>> undergraduate-programs/

 

ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

  • Tuition Fees (ကျူရှင်စရိတ်)
  • Books (စာအုပ်ကြေး)
  • Incidental Fees (မတော်တဆမှုများအတွက် ကုန်ကျစရိတ်)
  • Full residence support (နေထိုင်စရိတ်)

 

ပညာသင်ဆုအတွက် အရည်အချင်း သတ်မှတ်ချက်များ

  • နိုင်ငံတကာမှ ကျောင်းသားအားလုံး လျှောက်ထားနိုင်တယ်။
  • ကနေဒါနိုင်ငံသားများ လျှောက်ထားခွင့်မရှိပါ။
  • ကနေဒါမှာ အထက်တန်းကျောင်းတက်ရောက်နေတဲ့ တစ်ခြားနိုင်ငံမှကျောင်းသားများ လျှောက်ထားနိုင်ပါတယ်။
  • လျှောက်ထားသူ လက်ရှိတက်ရောက်နေတဲ့ ကျောင်း (သို့မဟုတ်) တက္ကသိုလ်မှ Nomination ရအောင် လုပ်ထားရပါမယ်။ 
  • (၁၂) တန်းပညာရေး အောင်မြင်ထားသူဖြစ်ရပါမယ်။ 

 

လျှောက်ထားပုံအဆင့်ဆင့်

ဒီပညာသင်ဆုကို လျှောက်ထားဖို့အတွက် ကိုယ်တက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းက University of Toronto နဲ့ ချိတ်ဆက်ထားပြီး ကိုယ်က အဲ့ဒီအထက်တန်းကျောင်းကနေ Nomination ရရှိပြီးသား ဖြစ်ရပါမယ်။ ကိုယ်တက်ခဲ့တဲ့ ကျောင်းက University of Toronto နဲ့ မချိတ်ဆက်ရသေးဘူးဆိုရင် အောက်ပါ link ကနေ ဝင်ရောက် ချိတ်ဆက်နိုင်ပါတယ်။

>> https://www3.adm

 

School Nomination ကိစ္စအဆင်ပြေသွားရင် University of Toronto ကနေ တက္ကသိုလ်ဝင်ခွင့် ရရှိထားရပါမယ်။ ကိုယ်စိတ်ဝင်စားရာ ဘာသာရပ်ကို သတ်မှတ်ထားတဲ့ စည်းကမ်းအချက်အလက်တွေနဲ့အညီ လျှောက်ထားပါ။

>> utoronto.ca/apply/applying/

 

University of Toronto ကနေ ကျောင်းဝင်ခွင့် ရရှိပြီးသွားပြီဆိုရင်တော့ အီးမေးလ်ကနေတဆင့် Private Link ရရှိမှာဖြစ်ပြီး Scholarship Application ဖောင်ဖြည့်ရမှာပါ။

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံကို တင်ပြပြီးပြီဆိုရင် ၂၀၂၅ ခုနှစ်၊ မေလမှာ ပညာသင်ဆုအတွက် ရွေးချယ်ခံရသူတွေကို အသိပေးပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ  ပထမနှစ် စာသင်နှစ် စတင်မှာဖြစ်ပါတယ်။

 

Deadline 

School Nomination deadline: October 11, 2024

University Admission deadline: October 18, 2024 

Scholarship Application deadline: November 8, 2024

 

အသေးစိတ်အချက်အလက်ကို University of Toronto ရဲ့ Official Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး စုံစမ်းမေးမြန်းလိုပါက [email protected] ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။ 

>> https://future.utoronto

------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International Latest Post Read 305 times