ထိပ်တန်းအာရှတက္ကသိုလ် (၁၀၀) တွင် တရုတ် နှင့် စင်ကာပူ ဦးဆောင်နေ

** Unicode **

တရုတ်နှင့်စင်ကာပူတက္ကသိုလ်များသည်အာရှထိပ်တန်းတက္ကသိုလ် (၁၀၀) အဆင့်အမြင့်ဆုံးနေရာတွင်ရှိသည်ဟု Times Higher Education Asia  ၏ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းကဗုဒ္ဓဟူးနေ့တွင်ဖော်ပြခဲ့သည်။

Times Higher Education Asia အဆင့်သတ်မှတ်ချက်အရတရုတ်နိုင်ငံသည် ပထမနေရာတွင် Tsinghua တက္ကသိုလ်နှင့် ဒုတိယတွင်ပီကင်းတက္ကသိုလ် ရှိနေပြီး တတိယတွင် စင်ကာပူအမျိုးသားတက္ကသိုလ်တို့က ဦးဆောင်နေသည်။ ဂျပန်တွင် အမြင့်ဆုံးတက္ကသိုလ်ဖြစ်သော တိုကျိုတက္ကသိုလ်သည် အဆင့် (၇) တွင် ရောက်ရှိခဲ့ပြီး လွန်ခဲ့သော တစ်နှစ်ကထက် မြင့်တက်ခဲ့သည်။

ဟောင်ကောင်တက္ကသိုလ်နှင့် ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သည် စတုတ္ထနှင့်ပဉ္စမနေရာအသီးသီး ဖြစ်သည်။

ဂျပန်နိုင်ငံ၏ တက္ကသိုလ် (၁၄) ခုသည် ထိပ်တန်း ၁၀၀ စစ်တမ်းတွင် စာရင်းဝင် ဖြစ်နေသည်။

အဆင့် (၁၂) နေရာတွင် ကျိုတိုတက္ကသိုလ်၊ (၃၀) တွင် တိုဟိုကူတက္ကသိုလ်၊ (၄၁) တွင် နာဂိုယာတက္ကသိုလ်နှင့် (၄၂) တွင် တိုကျိုနည်းပညာတက္ကသိုလ်တို့ ပါဝင်သည်။

Coronavirus ပြန့်ပွားနေစဉ်အတွင်း နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်သင်ကြားခြင်းအစား  မိခင်တိုင်းပြည်များတွင် ပညာသင်ကြားကြလိမ့်မည်ဟု အာရှအဆင့်တက္ကသိုလ်များက မျှော်လင့်ထားကြသည်။ 

သို့ဖြစ်ရာ စာတော်သည့် ကျောင်းသူကျောင်းသားများသည်လည်း ပြည်တွင်းရှိ တက္ကသိုလ်တွင်သာ ပညာဆည်းပူးကြလိမ့်မည်။ ထိုအခါ တက္ကသိုလ်၏ နိုင်ငံတကာ အဆင့်အတန်း ပိုမြင့်မားစေလိမ့်မည်။

International Schools (153) နိုင်ငံတကာကျောင်းများ နှင့်ပတ်သက်ပြီး  (၁၅၃)ခု ရှာရန်နှိပ်ပါ။

Times Higher Education Asia  ၏ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းသည် အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ တက္ကသိုလ်များကို သင်ကြားမှု၊ သုတေသန၊ ရည်ညွှန်းချက်၊ လုပ်ငန်း ဝင်ငွေနှင့် ဝန်ထမ်း၊ ကျောင်းသားများနှင့် သုတေသနတို့တွင် နိုင်ငံတကာအမြင်များ အပါအဝင် သတ်မှတ်ချက် (၁၃) ခုအရ အကဲဖြတ်သည်။

 

** Zawgyi **

တ႐ုတ္ႏွင့္စင္ကာပူတကၠသိုလ္မ်ားသည္အာရွထိပ္တန္းတကၠသိုလ္ (၁၀၀) အဆင့္အျမင့္ဆုံးေနရာတြင္ရွိသည္ဟု Times Higher Education Asia  ၏ ကမာၻလုံးဆိုင္ရာစစ္တမ္းကဗုဒၶဟူးေန႔တြင္ေဖာ္ျပခဲ့သည္။

Times Higher Education Asia အဆင့္သတ္မွတ္ခ်က္အရတ႐ုတ္ႏိုင္ငံသည္ ပထမေနရာတြင္ Tsinghua တကၠသိုလ္ႏွင့္ ဒုတိယတြင္ပီကင္းတကၠသိုလ္ ရွိေနၿပီး တတိယတြင္ စင္ကာပူအမ်ိဳးသားတကၠသိုလ္တို႔က ဦးေဆာင္ေနသည္။ ဂ်ပန္တြင္ အျမင့္ဆုံးတကၠသိုလ္ျဖစ္ေသာ တိုက်ိဳတကၠသိုလ္သည္ အဆင့္ (၇) တြင္ ေရာက္ရွိခဲ့ၿပီး လြန္ခဲ့ေသာ တစ္ႏွစ္ကထက္ ျမင့္တက္ခဲ့သည္။

ေဟာင္ေကာင္တကၠသိုလ္ႏွင့္ ေဟာင္ေကာင္သိပၸံႏွင့္ နည္းပညာတကၠသိုလ္သည္ စတုတၳႏွင့္ပၪၥမေနရာအသီးသီး ျဖစ္သည္။

ဂ်ပန္ႏိုင္ငံ၏ တကၠသိုလ္ (၁၄) ခုသည္ ထိပ္တန္း ၁၀၀ စစ္တမ္းတြင္ စာရင္းဝင္ ျဖစ္ေနသည္။

အဆင့္ (၁၂) ေနရာတြင္ က်ိဳတိုတကၠသိုလ္၊ (၃၀) တြင္ တိုဟိုကူတကၠသိုလ္၊ (၄၁) တြင္ နာဂိုယာတကၠသိုလ္ႏွင့္ (၄၂) တြင္ တိုက်ိဳနည္းပညာတကၠသိုလ္တို႔ ပါဝင္သည္။

Coronavirus ျပန႔္ပြားေနစဥ္အတြင္း ႏိုင္ငံျခားတကၠသိုလ္မ်ားသို႔ သြားေရာက္သင္ၾကားျခင္းအစား  မိခင္တိုင္းျပည္မ်ားတြင္ ပညာသင္ၾကားၾကလိမ့္မည္ဟု အာရွအဆင့္တကၠသိုလ္မ်ားက ေမွ်ာ္လင့္ထားၾကသည္။ 

သို႔ျဖစ္ရာ စာေတာ္သည့္ ေက်ာင္းသူေက်ာင္းသားမ်ားသည္လည္း ျပည္တြင္းရွိ တကၠသိုလ္တြင္သာ ပညာဆည္းပူးၾကလိမ့္မည္။ ထိုအခါ တကၠသိုလ္၏ ႏိုင္ငံတကာ အဆင့္အတန္း ပိုျမင့္မားေစလိမ့္မည္။

International Schools (153) ႏုိင္ငံတကာေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၁၅၃)ခု ရွာရန္ႏွိပ္ပါ။

Times Higher Education Asia  ၏ ကမာၻလုံးဆိုင္ရာစစ္တမ္းသည္ အာရွႏွင့္ အေရွ႕အလယ္ပိုင္းေဒသမ်ားရွိ တကၠသိုလ္မ်ားကို သင္ၾကားမႈ၊ သုေတသန၊ ရည္ၫႊန္းခ်က္၊ လုပ္ငန္း ဝင္ေငြႏွင့္ ဝန္ထမ္း၊ ေက်ာင္းသားမ်ားႏွင့္ သုေတသနတို႔တြင္ ႏိုင္ငံတကာအျမင္မ်ား အပါအဝင္ သတ္မွတ္ခ်က္ (၁၃) ခုအရ အကဲျဖတ္သည္။

 

Latest Post Read 697 times