ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၅ ဦးထိရှိလာ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူ ခုနှစ်ဦး ဝင်ရောက်ဖြေဆိုရာ ငါးဦး အောင်မြင်ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုထွန်းက "ကလေးတွေက ကြည့်မြင်တိုင် အ.ထ.က (၅) ကနေဝင်ရောက်ဖြေဆိုခဲ့ကြတာပါ။ အခုတော့ ကျောင်းမှာရှိမနေပါဘူး။ မိဘတွေ အိမ်မှာပါ။" အောင်တဲ့ ငါးဦးမှာ သုံးဘာသာတစ်ဦး၊ နှစ်ဘာသာ တစ်ဦး၊ တစ်ဘာသာ နှစ်ဦးနဲ့ ရိုးရိုးအောင်တစ်ဦး ဖြစ်ပါတယ်"ဟုသိရပါတယ်။
အောင်မြင်ကြသူများမှာ-
(၁) မောင်ဘုန်းဝေဇင် ဆမတ ၁၉၅၂ (မြန်မာစာ၊ သမိုင်း၊ ဘောဂဗေဒ)
(၂) မောင်အောင်ဟိန်းဖြိုး ဆမတ ၁၉၅၇ (ပထဝီ၊ သမိုင်း)
(၃) မောင်သီဟလင်း ဆမတ ၁၉၅၄ (သမိုင်း)
(၄) မောင်ညီထွဋ် ဆမတ ၁၉၅၆ (သမိုင်း)
(၅) မလွင်မာထက် ဆမတ ၁၉၅၃ (ရိုးရိုးအောင်) တို့ဖြစ်ပါတယ်။

ထို ကျောင်းအနေဖြင့် အောင်ချက်ကောင်း‌ကြောင်းကိုတွေ့ရပါတယ်။ထိုသို့အောင်ချက်ကောင်းရန်အတွက် ကျောင်းသူကျောင်းသားများဖြစ်ပြီး ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တကွ ဆရာဆရာမများ၊ ပညာရေးဌာနမှဆရာ ဆရာမများနှင့် ပြင်ပမှ(volunteers)များ ကျောင်းစာအုပ်များနှင့် အထွေထွေဗဟုသုတစာအုပ်များကိုလာရောက်ဖတ်ကြားပေးကြပါသောအသံအလှူရှင်များအားလုံးကိုက ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့သိခဲ့ရပါတယ်။

Latest Post News Read 1006 times