Sales Hotline : 09448001653       Download App



Junction City မှာ ကျင်းပခဲ့တဲ့ ပညာရေးပြပွဲကြီး Advanced Studies PWAL Season 3

 

 

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ရက်၊ ၁၇ရက် နှင့် ၁၈ရက်နေ့များတွင် Junction City Promotion Area ၌ Education Fair - Myanmar မှ ဦးစီးကျင်းပသော ပညာရေးပွဲတော်ကြီး တစ်ခုဖြစ်သည့် Advanced Studies PWAL Season 3 ကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ 

 

အဆိုပါပွဲမှာ ပညာရေးကို ချစ်မြတ်နိုးကြသူများအတွက် ရည်ရွယ်ပြီး ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းနေကြသူတွေအတွက် ပညာဗဟုသုတ နှင့် သိရှိလိုသော ကျောင်းများ၊ သင်တန်းများ အကြောင်းအရာများကို စုံလင်စွာ သိရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည်။ 

 

Education Fair ပြပွဲကြီးတွင် ပညာရေးဆိုင်ရာ သင်တန်းကျောင်းများ အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများပါ စုံစုံလင်လင်ပါဝင် ကျင်းပခဲ့ပြီး အမျိုးအစားအားဖြင့် Language, Business Admin & Marketing, IELTS, Accounting & Finance, IT & Computer Science, Leadership & Communication နှင့် Foundation သင်တန်းများ ပါဝင်ကြောင်း သိရှိရသည်။ 

 

ပါဝင်ပြသခဲ့သော ကျောင်းများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

 

Wall Street English

 

Auston University

 

> AMI Education Centre - 安美國際教育中心

 

> Strategy First University

 

> YIU - YOUTH International University

 

> SKT International College

 

> British University College

 

> Techno Point Vocational Training Center

 

> MiMber Institute of Management Studies

 

> Twinkle University

 

> Myanmar Noble University

 

> Executive Garden Institute

 

> GESC Chinese Language Center

 

> Bahan International Science Academy

 

> GYS OC  

 

စုစုပေါင်း ကျောင်း (၁၅) ကျောင်းပါဝင်ခဲ့ပြီး Education Fair - Myanmar ပြပွဲကြီးကို မနက် ၁၀း၀၀ နာရီ မှ ညနေ ၆း၀၀ အထိ သောကြာ၊ စနေ နှင့် တနင်္ဂနွေ နေ့များတွင် သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ 

 

 

 

 

Local News Vocational University / College High Read 531 times