ကမ္ဘာ့အဆင့်မီတက္ကသိုလ် (၁၀) ခုမှာ ဘွဲ့ကြို/ဘွဲ့လွန် တက်ရောက်နိုင်မယ့် ပညာသင်ဆု

 

Jardine Foundation ကနေ University of Cambridge နဲ့ University of Oxford တက္ကသိုလ်အောက်က ကောလိပ် (၈) ခု၊ University of Hong Kong နှင့်  Universitas Gadjah Mada တို့မှာ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ရောက်လိုတဲ့ မြန်မာလူငယ်တွေအတွက် ပညာသင်ဆု အခွင့်အလမ်းတွေကို ပေးဆောင်နေပါတယ်။ 

 

ရွေးချယ်တက်ရောက်နိုင်တဲ့ တက္ကသိုလ်များ - 

ဘွဲ့ကြို၊ ဘွဲ့လွန် ပရိုဂရမ်များအတွက် (Bachelor ၊ Master ၊ PhD)

(a) University of Oxford:      

  • Exeter College
  • Oriel College
  • The Queen's College
  • Trinity College

 

(b) University of Cambridge:

  • Downing College
  • Magdalene College
  • Peterhouse
  • Trinity College
     

ဘွဲ့ကြိုကျောင်းသားများအတွက်သာ (Only Bachelor)

(c) University of Hong Kong

(d) Universitas Gadjah Mada 

 

ပညာသင်ဆုကို ဘယ်လိုလူတွေ လျှောက်လို့ရလဲ ?

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ 
  • ဘွဲ့ကြိုအတွက် (၁၂) တန်းပညာရေး အောင်မြင်ထားသူ၊ ဘွဲ့လွန်အတွက် ဘွဲ့ရပြီးထားသူ ဖြစ်ရပါမယ်။ (အထက်တန်း (သို့) ဘွဲ့ရရှိပြီးတာ ၇ နှစ်အထက် ရှိသူများ လျှောက်လို့မရပါ) 
  • ရွေးချယ်ထားသော သက်ဆိုင်ရာ တက္ကသိုလ်နှင့် ပညာရေးပရိုဂရမ်ရဲ့ လိုအပ်ချက်တွေကို ပြည့်မီသူဖြစ်ရပါမယ်။ 
  • ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသူဖြစ်ရပါမယ်။ 

 

ပညာသင်ဆု အကျိုးကျေးဇူး

  • သင်တန်းကြေး
  • နှစ်စဉ်ထောက်ပံ့ကြေး
  • ကျောင်းဝင်းတွင်း နေထိုင်စရာနေရာ
  • Immigration Health Surcharge (IHS)
  • အသွားအပြန် လေယာဉ်စရိတ်
  • Jardine Matheson Group မှ ပံ့ပိုးပေးမယ့် အလုပ်သင် အခွင့်အလမ်း၊ တခြား လူသားအကျိုးပြု လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့် 

 

လျှောက်ထားရမယ့်ပုံစံ

မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်နဲ့ မေဂျာကို ရွေးချယ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့် အရင် လျှောက်ရပါမယ်။ ပြီးရင် အောက်မှာ ပေးထားတဲ့ Scholarship Application Form ကို ဖြည့်ရပါမယ်။ Form ဖြည့်တဲ့အခါ Academic Transcripts ၊ Recomendation Letters ၊ University and Colleges Admission Service (UCAS) Form တို့ကိုပါ တင်ပြရန် လိုအပ်ပါတယ်။ 

 

ဘွဲ့ကြိုကျောင်းသားတွေအတွက် လျှောက်လွှာ

>> https://applyjf2025.jardinesrecruit.com

 

ဘွဲ့လွန်ကျောင်းသားတွေအတွက် လျှောက်လွှာ

>> https://www.exeter.ox.ac.uk

 

Deadline 

20 October 2024

 

Scholarship Details

>> https://www.jardines.com

---------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International Latest Post Read 642 times