ဖွံ့ဖြိုးဆဲနိုင်ငံမှ ကျောင်းသားများ လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားများလည်း ပါဝင်သည်။
Program in Economic and Public Policy (PEPP) သည် မူဝါဒ စီမံခန့်ခွဲမှုမဟာတန်းအဖြစ် ၁၉၉၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး တက္ကသိုလ်၏ နိုင်ငံတကာ နိုင်ငံရေး ၊ စီးပွားရေး ဘွဲ့လွန်ကျောင်း၏ အတန်း တစ်ခုဖြစ်သည်။
ရည်ရွယ်ချက်မှာ ကန့်သတ်ထားသော အချိန်ကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ ချမှတ်ရေး ဆွဲအတည်ပြုနိုင်ရန်အတွက် လိုအပ်သော စွမ်းရည်များ၊ သင်ကြားမှုများကို ထောက်ပံ့ပေးခြင်းဖြစ်သည်။
လျှောက်ထားနိုင်သည့်ဘာသာရပ်တန်း
- စီးပွားရေးမူဝါဒ မဟာတန်း (Degree of Master of Arts in Economics)
- ပြည်သူ့မူဝါဒ မဟာတန်း (Degree of Master of Public Policy)
သင်ကြားမည့် သင်တန်းကာလမှာ ၁၈ လ ကြာမြင့်မည် ဖြစ်ပါသည်။
PEPP ကိုလျှောက်ထားရန်အတွက် လျှောက်ထားသူများ၏ လိုအပ်ချက်များ
- တက္ကသိုလ်ဘွဲ့ရရှိပြီး ဖြစ်ရမည်။
- ဘွဲ့ရသည်အထိ အနည်းဆုံး အတန်း ပညာရေး ၁၆ နှစ် တက်ရောက်ခဲ့သူ ဖြစ်ရမည်။
- စီးပွားရေး မူဝါဒအတန်းတွင် စီးပွားရေးနောက်ခံကောင်းနှင့်ဆက်စပ်သော အရည်အချင်းများ (စာရင်း အင်းအခြေခံ၊ တန်ဖိုးပြောင်းလဲမှုကို လေ့လာသောသင်္ချာ Calculus) ၊ အက္ခရာသင်္ချာ တွက်ချက်မှု) ကျွမ်းကျင်သူများ လျှောက်ထားရန် အထူး အားပေးသည်။
- မှတ်သားရန်မှာ အသက်၂၂ နှစ်အနည်းဆုံးရှိပြီးအတန်းကျောင်း ၁၆ နှစ်ထက် နည်းပြီး ဘွဲ့ရခဲ့သူများအနေဖြင့် သုတေသန သို့မဟုတ် တူညီသော အဖွဲ့အစည်းတစ်ခုခုတွင် အနည်းဆုံး ၁ နှစ်ဆောင်ရွက်ခဲ့ဖူးပါက အဆင့်မီ နိုင်မည်ဖြစ်ပြီး ပေးထားသော Certificate of Research Activities ဖောင်ကိုဖြည့်၍ လျှောက်ထားနိုင်သည်။
- အင်္ဂလိပ်ဘာသာစကား အပြောနှင့်အရေး အထူးကျွမ်းကျင်ရမည် ဖြစ်ပြီး သက်သေပြရန်အတွက် IELTS သို့မဟုတ် TOEFL သို့မဟုတ် TOEIC စာမေးပွဲရမှတ် တစ်ခုခု ပြသရမည် ဖြစ်သည် (သို့မဟုတ်) တက္ကသိုလ် (သို့မဟုတ်) လက်ရှိအလုပ်မှ ထောက်ခံစာ သက်သေပြရမည်ဖြစ်သည်။
- နှုတ်ရေးနှင့် အတွက်အချက်စွမ်းရည်ကို ပြသရန်အတွက် Graduate Record Examination (GRE) ကဲ့သို့သော စံစာမေးပွဲရမှတ်တစ်ခုခု (သို့ မဟုတ်) တက္ကသိုလ် (သို့မဟုတ်) လက်ရှိအလုပ်မှ ထောက်ခံစာ သက် သေပြရမည်ဖြစ်သည်။
- ဘွဲ့လွန်အတန်းတက်ရောက်ရမည့်ကာလအတွင်း ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်မှ ထောက်ခံပေးရမည်ဖြစ်သည်။
ADB- JSP ပညာသင်ဆုအတွက်လိုအပ်သောစံနှုန်းများ
ပညာသင်ဆုသည် Asian Development Bank (ADB) မှ ပေးအပ် ခြင်း ဖြစ်သောကြောင့် ADB အဖွဲ့ဝင် နိုင်ငံသားဖြစ်ရမည်။ မြန်မာနိုင်ငံ အပါအဝင်ဖြစ်သည်။
လျှောက်ထားလိုသူများ၏ လိုအပ်ချက်များ
- တက္ကသိုလ်မှ MA သို့မဟုတ် Ph.D အတန်း ဝင်ခွင့်ရရမည်။
- ပြီးခဲ့သောဘွဲ့အတန်းတွင် ထူးချွန်သောပညာရေးမှတ်တမ်းဖြင့် အောင်မြင်ခဲ့ရမည်ဖြစ်သည်။
- လျှောက်ထားချိန်တွင် (ဘွဲ့ရပြီးမှ) အနည်းဆုံး အချိန်ပြည့် အလုပ် ၂နှစ် လုပ်သက်အတွေ့အကြုံ ရှိရမည်ဖြစ်သည်။
- အင်္ဂလိပ်ဘာသာစကား အပြောနှင့်အရေး ကျွမ်းကျင်ရမည်။
- လျှောက်ထားချိန်တွင် အသက် ၃၅ နှစ်ထက် မကြီးရ။
- အတန်းပြီးပါက အမိမြေသို့ ပြန်မည်ဟု သဘောတူညီရမည်။
- ADB ဝန်ထမ်းများ၊ JSP နှင့်သက်ဆိုင်သော အဖွဲ့အစည်းများနှင့် မပတ်သက်ရ။
- အမိနိုင်ငံတွင်း နေထိုင်၍အလုပ်လုပ်ကိုင်နေသူများသာ ဖြစ်ရမည်။
- အခြားသော ဘွဲ့လွန်အတန်းများတွင် ဝင်ခွင့်ရရှိထားသူများ မဖြစ်ရ။
လျှောက်ထားလိုသူများသည် ၂၈.၂.၂၀၁၇ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားရန်
အထက်ပါလိုအပ်ချက်များနှင့် ကိုက်ညီမကိုက်ညီ ဦးစွာဆန်းစစ်ပါ။ လျှောက်ထားတော့မည်ဆိုပါက မလျှောက်ထားမီလမ်းညွှန်ချက် http://pepp.hass.tsukuba.ac.jp/admission/pdf/application_instructio-n01. pdfကို သေချာစွာဖတ်ပါ။
ပြီးမှ အွန်လိုင်းလျှောက်ထားမှုစနစ် http://pepp-oas.hass.tsukuba. ac.jp/ တွင် လျှောက်ထားပါ။
အသေးစိတ်အချက်အလက်များကို http://pepp.hass.tsukuba.ac.jp/admission/ တွင် ဖတ်ရှုနိုင်ပါသည်။
Source: education digest journal