လူဦးရေ များသောကျောင်းများ တစ်ပတ်ခြားစီ တက်ရမည်ဟုသိရ

** Unicode **

အခြေခံပညာအထက်တန်းကစတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားဦးရေများသည့် ကျောင်းများကို တစ်ပတ်ခြားစီတက်ရမည်ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်။

ဇူလိုင်လ ဒုတိယပတ်နောက်ပိုင်းမှစတင်၍ နဝမတန်းနှင့် ဒဿမတန်းများကို ဦးစွာဖွင့်လှစ်ရန် စီစဉ်နေပြီး စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား/သူ (၂၀) ဦး မျှသာ ထားရှိနိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကျောင်းသားဦးရေများပြားပါက ယခင်နှစ်များတွင်  နှစ်သုတ်ခွဲတက်ရသည့်ကျောင်းများကို အုပ်စုလိုက်ခွဲခြား၍ တစ်ပတ်ခြားစီ တက်နိုင်ရန်အတွက် ပြင်ဆင်နေကြောင်း သိရပါတယ်။

အများအားဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ကျောင်းသားဦးရေများသည့် ကျောင်းများတွင် တစ်ပတ်ခြားစီ တက်ရနိုင်ကြောင်းသိထားရပါတယ်။

ကျောင်းသား/သူများအနေဖြင့် တစ်ပတ်နား ၊ တစ်ပတ်တက် ရမည်ဖြစ်သဖြင့် နားရက်အချိန်များတွင် Home Assignment များကို ဆရာ/ဆရာမ များမှ ပေးမည်ဖြစ်ပြီး အိမ်တွင် လေ့လာရမည်ဖြစ်ပါတယ်။

ကျောင်းတက်ရက် ရောက်လျှင် ဆရာ/ဆရာမ များကို ပြန်လည် ပြရမည်ဖြစ်ပါတယ်။

ကျောင်းများတွင် အခန်း တစ်ခန်းလျှင် ကျာင်းသား/သူ အယောက်(၂၀) ခန့်သာ ထားရှိမည်ဖြစ်၍ သင်ကြားမည့်ဆရာ/ဆရာမ များ လိုအပ်လာနိုင်သောကြောင့် ဆရာ/ဆရာမအသစ်များကို ထပ်တိုးခန့်အပ်ရန် ရှိပါတယ်။

စေတနာ့ဝန်ထမ်းဆရာ/ဆရာမ များကိုလည်း ခန့်ထားရန် ရှိသည်ဟုသိရပါတယ်။

၎င်းအပြင် ရောဂါကာကွယ်နိုင်ရေးအတွက် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ဘေစင်၊ ရေပုံး၊ အပူချိန်တိုင်းကိရိယာများကို စာသင်ကျောင်းများတွင် ပံ့ပိုးပေးမည်ဖြစ်ပြီး  ကျောင်းသားနဲ့ ဆရာ/ဆရာမ တစ်ဦးစီကို ပြန်လည်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်ပစ္စည်းများ ပေးသွားမည်ဟု သိရပါတယ်။

ကျောင်းများ ပြန်ဖွင့်ပါက ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ မဖြစ်မနေလိုက်နာရမည့် ကျန်းမာရေးစည်းကမ်းချက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ပါတယ်။

High School အထက်တန်းကျောင်းများ (251) High School နှင့်ပတ်သက်ပြီး သင်တန်း (၂၅၁)ခု ရှာရန်နှိပ်ပါ။

ယခင်က မူလတန်းများကို ဦးစွာဖွင့်ရန် စီစဉ်ထားခဲ့သော်လည်း မေလ (၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံနှင့် ဆွေးနွေးမှုအပြီးတွင် အထက်တန်းများကို ဦးစွာဖွင့်လှစ်ရန်အတွက် ညှိနှိုင်းခဲ့ပါတယ်။

တစ်နိုင်ငံလုံးတွင် မူလတန်းကျောင်းသားဦးရေ (၅၂) သိန်းခန့်၊ အလယ်တန်းကျောင်းသားဦးရေ သိန်း (၃၀) ၊ အထက်တန်းကျောင်းသားဦးရေ (၁၂) သိန်းခန့်ရှိနေတာကြောင့် ကျန်းမာရေး လမ်းညွန်ချက်များ ပိုမိုထိရောက်စေရန် ကျောင်းသားဦးရေနည်းသည့် အထက်တန်းများကို ဦးစွာဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ 

#www.edge.com.mm
#Photo, Google
 

** Zawgyi **

အေျခခံပညာအထက္တန္းကစတင္၍ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ေက်ာင္းသားဦးေရမ်ားသည့္ ေက်ာင္းမ်ားကို တစ္ပတ္ျခားစီတက္ရမည္ဟု အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာၾကားပါတယ္။

ဇူလိုင္လ ဒုတိယပတ္ေနာက္ပိုင္းမွစတင္၍ နဝမတန္းႏွင့္ ဒႆမတန္းမ်ားကို ဦးစြာဖြင့္လွစ္ရန္ စီစဥ္ေနၿပီး စာသင္ခန္းတစ္ခန္းလ်ွင္ ေက်ာင္းသား/သူ (၂၀) ဦး မ်ွသာ ထားရွိႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

ေက်ာင္းသားဦးေရမ်ားျပားပါက ယခင္ႏွစ္မ်ားတြင္  ႏွစ္သုတ္ခြဲတက္ရသည့္ေက်ာင္းမ်ားကို အုပ္စုလိုက္ခြဲျခား၍ တစ္ပတ္ျခားစီ တက္ႏိုင္ရန္အတြက္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

အမ်ားအားျဖင့္ ရန္ကုန္ႏွင့္ မႏၲေလးရွိ ေက်ာင္းသားဦးေရမ်ားသည့္ ေက်ာင္းမ်ားတြင္ တစ္ပတ္ျခားစီ တက္ရႏိုင္ေၾကာင္းသိထားရပါတယ္။

ေက်ာင္းသား/သူမ်ားအေနျဖင့္ တစ္ပတ္နား ၊ တစ္ပတ္တက္ ရမည္ျဖစ္သျဖင့္ နားရက္အခ်ိန္မ်ားတြင္ Home Assignment မ်ားကို ဆရာ/ဆရာမ မ်ားမွ ေပးမည္ျဖစ္ၿပီး အိမ္တြင္ ေလ့လာရမည္ျဖစ္ပါတယ္။

ေက်ာင္းတက္ရက္ ေရာက္လ်ွင္ ဆရာ/ဆရာမ မ်ားကို ျပန္လည္ ျပရမည္ျဖစ္ပါတယ္။

ေက်ာင္းမ်ားတြင္ အခန္း တစ္ခန္းလ်ွင္ က်ာင္းသား/သူ အေယာက္(၂၀) ခန႔္သာ ထားရွိမည္ျဖစ္၍ သင္ၾကားမည့္ဆရာ/ဆရာမ မ်ား လိုအပ္လာႏိုင္ေသာေၾကာင့္ ဆရာ/ဆရာမအသစ္မ်ားကို ထပ္တိုးခန႔္အပ္ရန္ ရွိပါတယ္။

ေစတနာ့ဝန္ထမ္းဆရာ/ဆရာမ မ်ားကိုလည္း ခန႔္ထားရန္ ရွိသည္ဟုသိရပါတယ္။

၄င္းအျပင္ ေရာဂါကာကြယ္ႏိုင္ေရးအတြက္ လက္ေဆးဆပ္ျပာ၊ လက္သန႔္ေဆးရည္၊ ေဘစင္၊ ေရပုံး၊ အပူခ်ိန္တိုင္းကိရိယာမ်ားကို စာသင္ေက်ာင္းမ်ားတြင္ ပံ့ပိုးေပးမည္ျဖစ္ၿပီး  ေက်ာင္းသားနဲ႔ ဆရာ/ဆရာမ တစ္ဦးစီကို ျပန္လည္အသုံးျပဳလို႔ရတဲ့ ႏွာေခါင္းစည္း၊ မ်က္ႏွာအကာအကြယ္ပစၥည္းမ်ား ေပးသြားမည္ဟု သိရပါတယ္။

ေက်ာင္းမ်ား ျပန္ဖြင့္ပါက ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ားႏွင့္ မိဘမ်ား မျဖစ္မေနလိုက္နာရမည့္ က်န္းမာေရးစည္းကမ္းခ်က္မ်ားကို ထုတ္ျပန္ေပးသြားမည္ ျဖစ္ပါတယ္။

High School အထက္တန္းေက်ာင္းမ်ား (251) High School ႏွင့္ပတ္သက္ျပီး သင္တန္း (၂၅၁)ခု ရွာရန္ႏွိပ္ပါ။

ယခင္က မူလတန္းမ်ားကို ဦးစြာဖြင့္ရန္ စီစဥ္ထားခဲ့ေသာ္လည္း ေမလ (၁၉) ရက္ေန႔တြင္ ျပုလုပ္ခဲ့သည့္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံႏွင့္ ေဆြးေႏြးမႈအၿပီးတြင္ အထက္တန္းမ်ားကို ဦးစြာဖြင့္လွစ္ရန္အတြက္ ညႇိႏႈိင္းခဲ့ပါတယ္။

တစ္ႏိုင္ငံလုံးတြင္ မူလတန္းေက်ာင္းသားဦးေရ (၅၂) သိန္းခန႔္၊ အလယ္တန္းေက်ာင္းသားဦးေရ သိန္း (၃၀) ၊ အထက္တန္းေက်ာင္းသားဦးေရ (၁၂) သိန္းခန႔္ရွိေနတာေၾကာင့္ က်န္းမာေရး လမ္းၫြန္ခ်က္မ်ား ပိုမိုထိေရာက္ေစရန္ ေက်ာင္းသားဦးေရနည္းသည့္ အထက္တန္းမ်ားကို ဦးစြာဖြင့္လွစ္ျခင္းျဖစ္ပါတယ္။ 

#www.edge.com.mm
#Photo, Google
 

News Tips Latest Post Read 3174 times