နည်းပညာတက္ကသိုလ် (မော်လမြိုင်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပြင်ပဖြေအဖြစ် ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရပ်နားထားသည့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအဖြစ် (၁) ကြိမ်သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်။
တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်တကွ နည်းပညာတက္ကသိုလ် (မော်လမြိုင်) သင်တန်းရေးရာဌာနတွင် ဆောင်ရွက်ရမည်ဖြစ်သည်။
Source - နည်းပညာတက္ကသိုလ် (မော်လမြိုင်)