သင်ပြနည်းသင်တန်းပေးရန်(၃၆၆) ဦးခန့်မည်ဟုသိရ

**Zawgyi**

အေျခခံပညာ ဆရာ၊ ဆရာမမ်ားကို သင္ျပနည္းသင္တန္းေပးရန္ လက္ေထာက္ၿမိဳ႕ နယ္ ပညာေရးမႉး (Mentoring တာဝန္) ၃၆၆ ဦးခန႔္မည္ဟု အေျခခံပညာဦးစီးဌာနက ႏိုဝင္ဘာ ၂၀ ရက္တြင္ ေၾကညာသည္။

ပညာေရး ဝန္ႀကီးဌာနႏွင့္ ကမာၻ႔ဘဏ္ ဦးေဆာင္ေသာ မိတ္ဖက္အဖြဲ႕အစည္းတို႔ ပူးေပါင္း၍ သင္ျပမႈ အရည္အေသြးတိုးတက္ေရးႏွင့္ ေက်ာင္းအုပ္စု ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္း (Teacher Men-toring and School Cluster Support)ကို ၂၀၁၆-၁၇ ပညာသင္ႏွစ္၌ ၿမိဳ႕နယ္ ၄၀၊ ၂၀၁၇ -၁၈ပညာသင္ႏွစ္တြင္ ၿမိဳ႕နယ္ ၄၀ ၌ ေဆာင္႐ြက္ၿပီး ၂၀၂၀-၂၁ ပညာသင္ႏွစ္တြင္ ၿမိဳ႕နယ္ ၁၅၀ ၌ ျပဳလုပ္မည္ျဖစ္သည္။

Teacher Mentoring andSchool Cluster Support အစီအစဥ္အရ လက္ေထာက္ၿမိဳ႕နယ္ ပညာေရးမႉးမ်ားသည္ အေျခခံပညာေက်ာင္းမ်ားသို႔  တစ္လလွ်င္ ရက္ ၂၀ ခန႔္ သင္ၾကားေရး သင္တန္း သြားေရာက္ပို႔ခ်မည္ ျဖစ္သည္။

လုပ္သက္နည္းၿပီး အေတြ႕အႀကဳံ ႏုနယ္ေသာ ဆရာ၊ ဆရာမမ်ားကို ဦးစားေပးေ႐ြးခ်ယ္ကာ ၎တို႔၏သင္ၾကားမႈ အရည္အေသြး တိုးတက္ေစေရး လက္ေထာက္ၿမိဳ႕နယ္ ပညာေရးမႉးမ်ားက ၎တို႔၏ေက်ာင္းမ်ားသို႔ သြားေရာက္ပို႔ခ်မည္ျဖစ္သည္။ ထို႔အျပင္ သင္ျပနည္းစနစ္မ်ား ဖလွယ္ျခင္း၊ သင္ေထာက္ကူပစၥည္းၿပိဳင္ပြဲမ်ား က်င္းပျခင္း၊ ဘာသာရပ္အလိုက္ ေဆြးေႏြးပြဲမ်ား က်င္းပျခင္း၊ လက္ေတြ႕သ႐ုပ္ျပသင္ၾကားျခင္းမ်ား ပါဝင္မည္ျဖစ္ သည္။

သင္ၾကားေရး သင္တန္းမ်ားပို႔ခ်ေပးမည့္ လက္ေထာက္ၿမိဳ႕ နယ္ ပညာေရးမႉးမ်ားကို ခန႔္အပ္မည္ျဖစ္ရာ ပညာေရးဘြဲ႕ရၿပီးသူ၊ လုပ္သက္ အနည္းဆုံး သုံးႏွစ္ရွိမူလတန္းေက်ာင္းအုပ္၊ အလယ္တန္းျပ၊ ဘြဲ႕တစ္ခုခုရရွိၿပီး အလယ္တန္းဆရာျဖစ္ သင္တန္းဆင္းလက္မွတ္ (သို႔မဟုတ္) ပညာေရးဒီပလိုမာရရွိထားၿပီး လုပ္သက္အနည္းဆုံး ခုနစ္ႏွစ္ရွိ မူလတန္းေက်ာင္းအုပ္၊ အလယ္တန္းျပမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း အေျခခံပညာဦးစီးဌာနက ေၾကညာသည္။

‘‘ေက်ာင္းေတြမွာ လိုက္သင္ ေပးမယ့္ လုပ္သက္ရင့္ ဆရာ၊ ဆရာမေတြကို လက္ေထာက္ၿမိဳ႕ နယ္ ပညာေရးမႉး ရာထူးနဲ႔ ေခၚထားတာ။ အရင္ႏွစ္က ၿမိဳ႕နယ္ေတြအတြက္ေရာ၊ ဒီႏွစ္အသစ္စမယ့္ ၿမိဳ႕နယ္ေတြအတြက္ေရာပါတယ္’’ဟု အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးတစ္ဦးက ေျပာ သည္။

 ေလွ်ာက္ထားလိုသူမ်ား သည္ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားတြင္ ႏိုဝင္ဘာ ၂၉ ရက္ ေနာက္ဆုံး ေလွ်ာက္ထားရမည္ျဖစ္ၿပီး ေရး ေျဖ၊ ႏႈတ္ေျဖစစ္ေဆးၿပီးမွ ခန႔္အပ္မည္ဟု အေျခခံပညာဦးစီး ဌာန ေၾကညာခ်က္တြင္ ေဖာ္ျပ သည္။

Read More:>>>  ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

Teacher Mentoring and School Cluster Support အစီအစဥ္အရ ဆရာလက္မွတ္ မရွိေသးေသာ မူလတန္းျပ ဆရာ၊ဆရာမမ်ားအား သင္ၾကားေရး အရည္အေသြး တိုးတက္ေစရန္ သင္တန္းမ်ား ပို႔ခ်မည့္အျပင္ သင္ၾကားေရး အရည္အေသြး C၊ D၊ E အဆင့္ရွိေသာ ေက်ာင္းမ်ားကိုလည္း ပို႔ခ်ရန္ ရည္႐ြယ္ထားသည္။

Credit: 7Day Daily

**Unicode**


အခြေခံပညာ ဆရာ၊ ဆရာမများကို သင်ပြနည်းသင်တန်းပေးရန် လက်ထောက်မြို့ နယ် ပညာရေးမှူး (Mentoring တာဝန်) ၃၆၆ ဦးခန့်မည်ဟု အခြေခံပညာဦးစီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာသည်။

ပညာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်း၍ သင်ပြမှု အရည်အသွေးတိုးတက်ရေးနှင့် ကျောင်းအုပ်စု ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Teacher Men-toring and School Cluster Support)ကို ၂၀၁၆-၁၇ ပညာသင်နှစ်၌ မြို့နယ် ၄၀၊ ၂၀၁၇ -၁၈ပညာသင်နှစ်တွင် မြို့နယ် ၄၀ ၌ ဆောင်ရွက်ပြီး ၂၀၂၀-၂၁ ပညာသင်နှစ်တွင် မြို့နယ် ၁၅၀ ၌ ပြုလုပ်မည်ဖြစ်သည်။

Teacher Mentoring andSchool Cluster Support အစီအစဉ်အရ လက်ထောက်မြို့နယ် ပညာရေးမှူးများသည် အခြေခံပညာကျောင်းများသို့  တစ်လလျှင် ရက် ၂၀ ခန့် သင်ကြားရေး သင်တန်း သွားရောက်ပို့ချမည် ဖြစ်သည်။

လုပ်သက်နည်းပြီး အတွေ့အကြုံ နုနယ်သော ဆရာ၊ ဆရာမများကို ဦးစားပေးရွေးချယ်ကာ ၎င်းတို့၏သင်ကြားမှု အရည်အသွေး တိုးတက်စေရေး လက်ထောက်မြို့နယ် ပညာရေးမှူးများက ၎င်းတို့၏ကျောင်းများသို့ သွားရောက်ပို့ချမည်ဖြစ်သည်။ ထို့အပြင် သင်ပြနည်းစနစ်များ ဖလှယ်ခြင်း၊ သင်ထောက်ကူပစ္စည်းပြိုင်ပွဲများ ကျင်းပခြင်း၊ ဘာသာရပ်အလိုက် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ လက်တွေ့သရုပ်ပြသင်ကြားခြင်းများ ပါဝင်မည်ဖြစ် သည်။

သင်ကြားရေး သင်တန်းများပို့ချပေးမည့် လက်ထောက်မြို့ နယ် ပညာရေးမှူးများကို ခန့်အပ်မည်ဖြစ်ရာ ပညာရေးဘွဲ့ရပြီးသူ၊ လုပ်သက် အနည်းဆုံး သုံးနှစ်ရှိမူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ ဘွဲ့တစ်ခုခုရရှိပြီး အလယ်တန်းဆရာဖြစ် သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) ပညာရေးဒီပလိုမာရရှိထားပြီး လုပ်သက်အနည်းဆုံး ခုနစ်နှစ်ရှိ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြများ လျှောက်ထားနိုင်ကြောင်း အခြေခံပညာဦးစီးဌာနက ကြေညာသည်။

‘‘ကျောင်းတွေမှာ လိုက်သင် ပေးမယ့် လုပ်သက်ရင့် ဆရာ၊ ဆရာမတွေကို လက်ထောက်မြို့ နယ် ပညာရေးမှူး ရာထူးနဲ့ ခေါ်ထားတာ။ အရင်နှစ်က မြို့နယ်တွေအတွက်ရော၊ ဒီနှစ်အသစ်စမယ့် မြို့နယ်တွေအတွက်ရောပါတယ်’’ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

 လျှောက်ထားလိုသူများ သည် မြို့နယ်ပညာရေးမှူးရုံးများတွင် နိုဝင်ဘာ ၂၉ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ပြီး ရေး ဖြေ၊ နှုတ်ဖြေစစ်ဆေးပြီးမှ ခန့်အပ်မည်ဟု အခြေခံပညာဦးစီး ဌာန ကြေညာချက်တွင် ဖော်ပြ သည်။

Read More:>>>  ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

Teacher Mentoring and School Cluster Support အစီအစဉ်အရ ဆရာလက်မှတ် မရှိသေးသော မူလတန်းပြ ဆရာ၊ဆရာမများအား သင်ကြားရေး အရည်အသွေး တိုးတက်စေရန် သင်တန်းများ ပို့ချမည့်အပြင် သင်ကြားရေး အရည်အသွေး C၊ D၊ E အဆင့်ရှိသော ကျောင်းများကိုလည်း ပို့ချရန် ရည်ရွယ်ထားသည်။

Credit: 7Day Daily


 

News Tips Latest Post Read 1599 times