ကျောင်းဖွင့်ချိန် ကျောင်းတွင်းရောဂါကူးစက်မှုဖြစ်ပါက ယာယီပိတ်မည်

** Unicode **

စာသင်ကျောင်းဖွင့်ချိန် ကိုဗစ်ကူးစက်သည့် ကျောင်းသားတစ်ဦးတွေ့ရှိပါက တက်နေသောကျောင်းကိုသာ ယာယီပိတ်မည်ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်။


အခြေခံပညာကျောင်းများကို ဇူလိုင်လ (၂၁) ရက်နေ့မှစတင်ကာ အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်အတန်းများကို အခြေအနေပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကကြေညာထားပါတယ်။

ကျောင်းဖွင့်ချိန်မှာ ကျောင်းသား/သူများကို ကူးစက်မှုဖြစ်ခဲ့ပါက ၎င်းကျောင်းကို ယယီပိတ်ထားမည်ဖြစ်ပြီး စိတ်ချရတဲ့အချိန်ရောက်မှသာ ပြန်လည်ဖွင့်မည်ဖြစ်ပါတယ်။ 

ကျောင်းကို ယာယီပိတ်ထားသော အချိန်တွင် ကျောင်းသား/သူများကို Home Learning လုပ်ခိုင်းမည်ဟုလည်း သိရပါတယ်။

အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ လုံခြုံမှုရှိစေရန်အတွက် အဝတ်ဖြင့်ချုပ်ထားသည့် နှာခေါင်းစည်း၊ မျက်နှာဖုံးများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လက်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ကာ ကျောင်းသား/သူများကို (၆)ပေခွာထား၍စာသင်ကြားခြင်း ၊ ထမင်းစားချိန်များတွင် တစ်ဦးတည်းသာ ထမင်းစားစေခြင်း၊ အဖွဲ့လိုက်ထမင်းစားခြင်းများကို လုံးဝခွင့်မပြုခြင်း စသည့်အချက်များကို ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

ကျောင်းသား/သူဦးရေများပြားသော ကျောင်းများတွင် စာသင်ချိန်များကို အပြောင်းအလဲပြုလုပ်ပြီး တစ်ချိန်တည်းတက်ရသည့်ကျောင်းကို နှစ်ချိန်ကျောင်းအဖြစ်ပြုလုပ်ခြင်း၊ စာသင်ချိန်ကို တစ်ပတ်သင်၊ တစ်ပတ်နားပြုလုပ်ခြင်းများဖြင့် ဖွင့်လှစ်ရန်လည်း စီစဉ်ထားပါတယ်။

International Schools (153) နိုင်ငံတကာကျောင်းများ နှင့်ပတ်သက်ပြီး  (၁၅၃)ခု ရှာရန်နှိပ်ပါ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာအထက်တန်းကျောင်းသား/သူ (၁ ဒသမ ၂ သန်း) ကျော်ရှိပြီး မူလတန်းအဆင့်ကျောင်းသား/သူ (ငါးသန်း) ကျော်ရှိနေကြောင်း သိရပါတယ်။

Credit: TheVoice

 

** Zawgyi **










Credit: TheVoice

 

News Tips Latest Post Read 1901 times