ဗြိတိသျှကောင်စီ IELTS Prize ပညာသင်ဆု

ဗြိတိသျှကောင်စီ IELTS Prize ပညာသင်ဆု

ထိုပညာသင်ဆုဟာ ပြည်တွင်းရွေးချယ်ခံရသူများအား အမေရိကန်ဒေါ်လာ ၂,၉၀၀ ချီးမြှင့်မည်ဖြစ်ပြီး ဒေသအဆင့် ဆုကြီးများအနေဖြင့် အမေရိကန်ဒေါ်လာ ၅၈,၀၀၀ အထိ ပေးအပ်မည် ဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်ထားသူများသည် IELTS စာမေးပွဲဖြေဆိုထားရမည်ဖြစ်ကာ စစ်ဆေးမှု ၄ မျိုး ပါဝင်ပြီး အနည်းဆုံး band score 6 ရရှိ ရမည်ဖြစ်သည်။

ဖြေဆိုသူများကို အကြားစွမ်းရည် (listening) ၊ စာဖတ်စွမ်းရည် (reading) ၊ အရေးစွမ်းရည် (writing) နှင့် အပြောစွမ်းရည် (speaking) တို့ဖြင့် စစ်ဆေးမည် ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

စစ်ဆေးမှုအားလုံးကို band စနစ်ဖြင့် အမှတ်ပေးကာ တစ်ခုစီအား ၁ (အနိမ့်ဆုံးအမှတ်) မှ ၉ (အမြင့်ဆုံး ရရှိနိုင်သည့် band အမှတ်) အထိ အမှတ်ပေးပါမည်။

ဗြိတိသျှကောင်စီသည် IELTS စာမေးပွဲအတွက် ပြင်ဆင်နေသည့် ကျောင်းသားများအား road to IELTS ဟူသော အွန်လိုင်းပေါ်မှ လေ့ကျင့်ပြင်ဆင်နိုင်သည့် နာရီ ၃၀ စာ အခမဲ့ အွန်လိုင်း ပြင်ဆင်မှုသင်တန်းကိုလည်း ကူညီပံ့ပိုးမှု အပြည့်အ၀ပေးထားပါသည်။

IELTS စာမေးပွဲများကိုလည်း တစ်လလျှင် သုံးကြိမ်စီစဉ်ထားသဖြင့် ဖြေဆိုသူများအတွက် အဆင်ပြေလွယ်ကူစေပါသည်။

၂၀၁၇ ခုနှစ်တွင် စတင်မည့် စာသင်နှစ်အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပတွင် ဘွဲ့လွန် သို့မဟုတ် ဘွန့်ကြို ပညာသင်ယူရန် စီစဉ်ထားသူများ လျှောက်ထားရန် အထူးကောင်းမွန်ပါသည်။

အသေးစိတ်အချက်အလက်များကို http://www.ieltsasia.org/ielts-prize/myanmar တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

IELTS Prize ၂၀၁၇ ပညာသင်ဆုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ လျှောက်ထားနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 2100 times