ဆေးရုံတက်နေရသော ကျောင်းသား/သူများအတွက် ဆေးရုံစာဖြေဌာနများဖွင့်လှစ်

** Unicode **

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေသော ကျောင်းသား/သူများအတွက် ဆေးရုံစာဖြေဌာနများဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရပါတယ်။

ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင် စာမေးပွဲကာလတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေကြရသော ကျောင်းသား/သူများ နစ်နာမှုမရှိစေရန် ရည်ရွယ်၍ ဆေးရုံစာဖြေဌာနများဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။

၎င်းဆေးရုံစာစစ်ဌာနများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးနှင့် နေပြည်တော်ဆေးရုံကြီးတို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။

Driving (69) ကားမောင်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၆၉) ခု ရှာရန်နှိပ်ပါ။

သို့သော် ဆေးရုံတက်ရောက်နေသော ကျောင်းသား/သူများအတွက် စာဖြေချိန်တိုးမြှင့်ထားခြင်း မရှိကြောင်းသိရပါတယ်။

Read More:>>>  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်မီမရောက်နိုင်သော ကျောင်းသားများကို ကူညီပို့ဆောင်မည်

ဆေးရုံတက်ရောက်နေသော ကျောင်းသား/သူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုလိုပါက ၎င်းဆေးရုံကြီးများ၏ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။

Credit: Daily Eleven

 

** Zawgyi **




Driving (69) ကားမောင်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၆၉) ခု ရှာရန်နှိပ်ပါ။


Read More:>>>  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်မီမရောက်နိုင်သော ကျောင်းသားများကို ကူညီပို့ဆောင်မည်

ဆေးရုံတက်ရောက်နေသော ကျောင်းသား/သူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုလိုပါက ၄င်းဆေးရုံကြီးများ၏ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။

Credit: Daily Eleven

 

Latest Post News Tips Read 534 times