ဂျပန်နိုင်ငံမှ ပေးအပ်တဲ့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာသင်ဆုများ လျှောက်ထားနိုင်

ဂျပန်နိုင်ငံမှ ပေးအပ်တဲ့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာသင်ဆုများ လျှောက်ထားနိုင်

မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများသို့ သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီသည့် အရာထမ်းများက သက်ဆိုင်ရာ Website များကို ၀င်ရောက်လေ့လာ၍ ယှဉ်ပြိုင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ပညာသင်ဆုများသို့ ကုန်သည်စက်မှု အသင်းချုပ် ၀န်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ၊ ညီနောင် အသင်းများမှ ၀န်ထမ်းများ နှင့် CEC/EC များ လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုများ နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Website : http://www.ees.hokudai.ac.jp/ မှာ ၀င်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်စာဖြင့် ပူးတွဲလျှောက်ထားကာ Website ၏ သတ်မှတ်ထားတဲ့ ရက်ထက် နောက်မကျပဲ လျှောက်ထားနိုင်ပါတယ်။

အသင်းချုပ် ခွင့်ပြုချက် ရယူလိုပါက

- အမှုဆောင် အရာရှိချုပ်ထံလိပ်မူ၍ ကိုယ်တိုင်ရေး လျှောက်လွှာ (၁)စောင်၊

- လျှောက်ထားသူ၏ CV၊ ဓါတ်ပုံ၊

- အသင်းချုပ်၊ အသင်းဝင်ကဒ်မိတ္တူ၊

- မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍

- အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/၀န်ထမ်း၊ အသင်းချုပ်၊ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာတို့နဲ့အတူ လျှောက်ထားရမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်

HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉ (Ext: ၁၃၃၊၁၃၄) ၊

Email : [email protected]

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ကုန်သည်စက်မှုအသင်းချုပ်

International Read 1827 times