အထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည့်ကိစ္စ

**Unicode**

ယခုနှစ်မှစတင်၍ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများကို အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်ထုတ်ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိနေပြီး ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်းစစ်ဆေးမှုများတွင် စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်ဖြစ်ပါတယ်။

၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလအတွင်း တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် စစ်ဆေးရန်ကိုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွန်ကြားထားကြောင်းသိရပါတယ်။

အခြေခံပညာ ပြီးမြောက်မှုတွင် ထည့်သွင်းတွက်ချက်ရန်နှစ်ဆုံးစာမေးပွဲကို စစ်ဆေးခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော်လည်း တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ပြီးဆုံးပါက အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်းလက်မှတ် (High School Level Completion Certificate) ကို ယခုပညာသင်နှစ်မှ စတင်ကာထုတ်ပေးမည်ဖြစ်ပါတယ်။

ကျောင်းသား/သူများကို သတ်မှတ်ချက် (၇) ချက်ဖြင့် ကိုက်ညီမှုရှိ/မရှိကို အကဲဖြတ် သတ်မှတ်ရန်ကိုလည်း အခြေခံပညာဦးစီးဌာနမှ ညွန်ကြားထားပါတယ်။

သတ်မှတ်ချက်မှာ ဖြေဆိုမှု (၄) ကြိမ်ပြည့်ရမည်ဖြစ်ပါတယ်။ Completion Certificate ထုတ်ပေးရာတွင် နှစ်ဆုံးစာမေးပွဲကိုလည်း ထည့်တွက်မှာဖြစ်ပါတယ် ဟုသိရပါတယ်။

ကျောင်းသား/သူများ၏ အခြားလှုပ်ရှားမှုဆိုင်ရာများကို သက်ဆိုင်ရာ ဆရာ/ဆရာမများမှ မှတ်တမ်းစာရင်းသွင်းထားမည်ဖြစ်ပြီး ကျောင်းတွင်းစာမေးပွဲဖြေဆိုမှု (၄) ကြိမ်၊ ကျောင်းခေါ်ကြိမ် (၇၅%) ၊ ဘာသာရပ်အလိုက် ပျမ်းမျှအဆင့် အနည်းဆုံးအဆင့် (C)စီ၊ အားကစားနှင့်ကာယလှုပ်ရှားမှုများတွင် ပါဝင်မှု၊ စာမေးအနုပညာကဏ္ဍများတွင် ပါဝင်မှု၊ ကျောင်းအဖွဲ့အစည်းများတွင် တက်ကြွစွာလှုပ်ရှားပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှု အစရှိသည့် အချက်အလက်များပေါ်မှုတည်၍ သတ်မှတ်ချက်များပြည့်မီပါက ပညာသင်နှစ် ပြီးဆုံးချိန်တွင် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

လက်မှတ်ထုတ်ပေးရခြင်း အကြောင်းမှာ ကျောင်းပြင်ပရောက်သွားသော ကျောင်းသား/သူများ အပြင်မှ သင်ယူနိုင်တဲ့ ပညာရေးအခွင့်အလမ်းတွေရအောင်၊ တက္ကသိုလ်ဝင်တန်းကို မကျော်ဖြတ်နိုင်ပေမဲ့ တခြားတဖက်တလမ်းမှ အချို့သောပညာရေး အခွင့်အရေးများရအောင် အစရှိသော အကြောင်းအရာများကို ရည်ရွယ်၍ ပေးခြင်းဖြစ်ပါတယ်လို့ အခြေခံပညာဦစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်များအရ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများသာ စာမေးပွဲ အောင်လက်မှတ်ကို ရရှိပြီး မအောင်မြင်သော ကျောင်းသားများသည်ပညာသင်နှစ်သာကုန်ဆုံးခဲ့သော်လည်း အသိအမှတ်ပြုလက်မှတ်မရ၍ နစ်နာနေသည်ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၂၀၁၈ ခြောက်လတာ လုပ်ငန်းအစီရင်ခံစာတွင် သုံးသပ်ထားကြောင်း တွေ့ရပါတယ်။

Read More;>>>> တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်အတွက် Cloze Type လေ့ကျင့်ရန် Exercise များ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ (၈၅၀,၀၀၀) ကျော်ရှိပြီး (၂၆၀,၀၀၀) ကျော်သာအောင်မြင်ခဲ့ကြောင်းသိရပါတယ်။


(www.edge.com.mm)

**Zawgyi**

ယခုႏွစ္မွစတင္၍ တကၠသုိလ္ဝင္တန္း ေက်ာင္းသား/သူမ်ားကို အေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ထုတ္ေပးရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္လ်က္ရွိေနၿပီး ေက်ာင္းသား/သူမ်ားအေနျဖင့္ ေက်ာင္းတြင္းစစ္ေဆးမႈမ်ားတြင္ စာေမးပြဲကို မျဖစ္မေန ေျဖဆိုရမည္ျဖစ္ပါတယ္။

၂၀၁၉ ပညာသင္ႏွစ္အတြက္ တကၠသုိလ္ဝင္တန္းေက်ာင္းတြင္းစစ္ ႏွစ္ဆံုးစာေမးပြဲကို ေဖေဖာ္ဝါရီလအတြင္း တစ္ရက္လ်ွင္ တစ္ဘာသာႏႈန္းျဖင့္ စစ္ေဆးရန္ကိုလည္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ညြန္ၾကားထားေၾကာင္းသိရပါတယ္။

အေျခခံပညာ ၿပီးေျမာက္မႈတြင္ ထည့္သြင္းတြက္ခ်က္ရန္ႏွစ္ဆံုးစာေမးပြဲကို စစ္ေဆးျခင္းျဖစ္ေၾကာင္းလည္းသိရပါတယ္ယ္။

တကၠသုိလ္ဝင္တန္းစာေမးပြဲေအာင္ျမင္ေသာ္လည္း တကၠသိုလ္ဝင္တန္းအထိ တက္ေရာက္ၿပီးဆံုးပါက အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္းလက္မွတ္ (High School Level Completion Certificate) ကို ယခုပညာသင္ႏွစ္မွ စတင္ကာထုတ္ေပးမည္ျဖစ္ပါတယ္။

ေက်ာင္းသား/သူမ်ားကို သတ္မွတ္ခ်က္ (၇) ခ်က္ျဖင့္ ကိုက္ညီမႈရွိ/မရွိကို အကဲျဖတ္ သတ္မွတ္ရန္ကိုလည္း အေျခခံပညာဦးစီးဌာနမွ ညြန္ၾကားထားပါတယ္။

သတ္မွတ္ခ်က္မွာ ေျဖဆိုမႈ (၄) ႀကိမ္ျပည့္ရမည္ျဖစ္ပါတယ္။ Completion Certificate ထုတ္ေပးရာတြင္ ႏွစ္ဆံုးစာေမးပြဲကိုလည္း ထည့္တြက္မွာျဖစ္ပါတယ္ ဟုသိရပါတယ္။

ေက်ာင္းသား/သူမ်ား၏ အျခားလႈပ္ရွားမႈဆိုင္ရာမ်ားကို သက္ဆိုင္ရာ ဆရာ/ဆရာမမ်ားမွ မွတ္တမ္းစာရင္းသြင္းထားမည္ျဖစ္ၿပီး ေက်ာင္းတြင္းစာေမးပြဲေျဖဆိုမႈ (၄) ႀကိမ္၊ ေက်ာင္းေခၚႀကိမ္ (၇၅%) ၊ ဘာသာရပ္အလိုက္ ပ်မ္းမ်ွအဆင့္ အနည္းဆံုးအဆင့္ (C)စီ၊ အားကစားႏွင့္ကာယလႈပ္ရွားမႈမ်ားတြင္ ပါဝင္မႈ၊ စာေမးအႏုပညာက႑မ်ားတြင္ ပါဝင္မႈ၊ ေက်ာင္းအဖြဲ႔အစည္းမ်ားတြင္ တက္ၾကြစြာလႈပ္ရွားပါဝင္မႈ၊ ေက်ာင္းစည္းကမ္းလိုက္နာမႈ အစရွိသည့္ အခ်က္အလက္မ်ားေပၚမႈတည္၍ သတ္မွတ္ခ်က္မ်ားျပည့္မီပါက ပညာသင္ႏွစ္ ၿပီးဆုံးခ်ိန္တြင္ အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။

လက္မွတ္ထုတ္ေပးရျခင္း အေၾကာင္းမွာ ေက်ာင္းျပင္ပေရာက္သြားေသာ ေက်ာင္းသား/သူမ်ား အျပင္မွ သင္ယူႏိုင္တဲ့ ပညာေရးအခြင့္အလမ္းေတြရေအာင္၊ တကၠသုိလ္ဝင္တန္းကို မေက်ာ္ျဖတ္ႏိုင္ေပမဲ့ တျခားတဖက္တလမ္းမွ အခ်ိဳ႕ေသာပညာေရး အခြင့္အေရးမ်ားရေအာင္ အစရွိေသာ အေၾကာင္းအရာမ်ားကို ရည္ရြယ္၍ ေပးျခင္းျဖစ္ပါတယ္လို႔ အေျခခံပညာဦစီးဌာနမွ တာဝန္ရွိသူတစ္ဦးေျပာၾကားခ်က္မ်ားအရ သိရပါတယ္။

တကၠသုိလ္ဝင္တန္းေအာင္ျမင္သူမ်ားသာ စာေမးပြဲ ေအာင္လက္မွတ္ကို ရရွိၿပီး မေအာင္ျမင္ေသာ ေက်ာင္းသားမ်ားသည္ပညာသင္ႏွစ္သာကုန္ဆံုးခဲ့ေသာ္လည္း အသိအမွတ္ျပဳလက္မွတ္မရ၍ နစ္နာေနသည္ဟု အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္၏ ၂၀၁၈ ေျခာက္လတာ လုပ္ငန္းအစီရင္ခံစာတြင္ သံုးသပ္ထားေၾကာင္း ေတြ႔ရပါတယ္။

Read More:>>>> တကၠသိုလ္ဝင္တန္း အဂၤလိပ္စာဘာသာရပ္အတြက္ Cloze Type ေလ့က်င့္ရန္ Exercise မ်ား

၂၀၁၉ ခုႏွစ္ တကၠသုိလ္ဝင္စာေမးပြဲကို ေျဖဆိုသူ (၈၅၀,၀၀၀) ေက်ာ္ရွိၿပီး (၂၆၀,၀၀၀) ေက်ာ္သာေအာင္ျမင္ခဲ့ေၾကာင္းသိရပါတယ္။


(www.edge.com.mm)
 

News Tips Latest Post Read 6239 times