အထက်တန်းဆင့်(စနစ်သစ်)သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံနှင့်စာသင်ချိန်ခွဲဝေမှု
** Unicode **
အထက်တန်းဆင့်သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ ရက်သတ္တ(၃၆)ပတ်နှင့် တစ်နှစ်လျှင် သင်ကြားချိန်နာရီစုစုပေါင်း ဖြစ်ပါတယ်။
(၁၀၈၀)နာရီ ၊ တစ်ချိန်လျှင် (၄၅)မိနစ် ၊ တစ်ရက် (၈)ချိန် သင်ကြားပို့ချပါသည်။
** ဒသမတန်း နှင့် ဧကဒသမတန်းတွင်...
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဇီဝ ၊ ပထဝီ ၊ သမိုင်း ၊ဘောဂ ၊ စိတ်ကြိုက်မြန်မာစာတို့ကို တစ်ပတ်လျှင် (၅)ချိန်စီသင်ယူရန်ဖြစ်သည်။
ဒွါဒသမတန်းတွင်မူ အထက်ပါဘာသာရပ်များကို တစ်ပတ်လျှင် (၆)ချိန်စီ သင်ယူရန်ဖြစ်ပါသည်။
ပေါင်းစပ်ပထဝီဝင်နှင့်သမိုင်း ၊ ပေါင်းစပ်လူမှုရေးဘာသာ နှင့်ပေါင်းစပ်သိပ္ပံတို့ကို သင်ချိန်ခွဲဝေမှုဇယားပါအတိုင်း သင်ယူရန်ဖြစ်ပါသည်။
** အထက်တန်းဆင့်တွင်ဘာသာတွဲ(၄)တွဲရှိပါသည်။ **
(က) STEAMS-1( Science, Technology , Engineering , Art , Mathematics, Sports-1)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဇီဝ ၊ လူမှုရေးသိပ္ပံဘာသာ
(ခ) STEAMS-2 ( Science,Technology , Engineering , Arts , Mathematics , Sports-2)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဘောဂ ၊ ပထဝီနှင့်သမိုင်းပေါင်းစပ်ဘာသာ
(ဂ) STAMS-1 (Social Science, Technology, Art , Mathematics, Sports-1)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ပထဝီ ၊ သမိုင်း ၊ ဘောဂ နှင့် ၊ သိပ္ပံဘာသာ
(ဃ) STAMS-2 ( Social Science, Technology, Art , Mathematics, Soprts-2)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ စိတ်ကြိုက်မြန်မာစာ ၊ ဘောဂ ၊ပထဝီနှင့်သမိုင်းပေါင်းစပ်ဘာသာ နှင့် သိပ္ပံဘာသာရပ် တို့ပါဝင်သည်။
** ဒသမတန်းနှင့် ဧက ဒသမတန်းတွင်
စာရိတ္တနှင့် ပြည်သူနိတိ ၊ ဘဝတွက်တာကျွမ်းကျင်စရာ ၊ ကာယပညာ(သို့) အနုပညာဂီတ (သို့) အနုပညာပန်းချီ တို့ကိုတစ်ပတ်လျှင် (၁) ချိန်စီ သင်ယူရန်ဖြစ်ပါသည်။
** ဒွါဒသမတန်း၌ ယင်းဘာသာရပ်များကိုသင်ယူရန်မလိုပါ။ **
ဒေသသင်ရိုးအဖြစ် အခြေခံသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) ကို ဒသမတန်းနှင့် ဧကဒသမတန်းတွင် တစ်ပတ်လျှင် (၄) ချိန်နှင့် ဒွါဒသမတန်းတွင် တစ်ပတ်လျှင် (၁) ချိန်စီသင်ယူရန်ဖြစ်ပါသည်။
သင်ယူမှုနယ်ပယ်နှင့် သင်ချိန်ခွဲဝေမှုများကို အောက်ပါဇယားများတွင်ဖော်ပြထားပါသည်။
Credit: Educational News Updates
Web Design (58) Web Design နှင့်ပတ်သက်ပြီး သင်တန်း (၅၈) ခုရှာရန်နှိပ်ပါ။
** Zawgyi **
News Tips Latest Post Read 10528 times