တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများကို ဖြန့်ဝေမှုပြီးစီး

** Unicode **

တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးမြန်းမည့် မေးခွန်းများကို ရန်ကုန်တက္ကသိုလ်မှ မတ်လ (၉) ရက်နေ့တွင် နောက်ဆုံးဖြန့်ဝေမှုပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ပြီး မေးခွန်းလွှာများပြုစုခဲ့သည့် တက္ကသိုလ်များမှတစ်ဆင့် မေးခွန်းဘဏ်များကို မတ်လ ပထမ အပတ်မှစတင်ဖြန့်ဝေခဲ့ပြီး မတ်လ (၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများကိုနောက်ဆုံးဖြန့်ဝေရန် မေးခွန်းများထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Read More:>>>  ငယ်ရွယ်စဉ်ကကျောင်းသားဘဝ သင်ကြားခဲ့သော ကျင့်ဝတ်များ

၎င်းစာမေးပွဲမေးခွန်းများကို နှစ်စဉ် တိုင်းဒေသကြီး ပြည်နယ်များရှိ တက္ကသိုလ် (၁၀) ခုတွင်ပြုစုပြီး စာမေးပွဲမဖြေဆိုမီတစ်ရက်အလိုအထိ မြန်မာစီးပွားရေးဘဏ်များကို ပေးပို့လေ့ရှိကာ အဆိုပါ ဘဏ်များမရှိသည့် အရပ်ဒေသများတွင် ရဲစခန်း (သို့) တပ်ရင်းစခန်းများတွင် ပေးပို့ထားလေ့ရှိပြီး စာစစ်ဌာနကြီးကြပ်ရေးမှူးနှင့် သက်ဆိုင်ရာ ဘဏ်တာဝန်ရှိသူ၊ ရဲစခန်း (သို့) တပ်ရင်းစခန်းများ၏ တာဝန်ရှိသူများ မျက်နှာစုံညီမှသာ မေးခွန်းလွှာများကို စာစစ်ဌာနများသို့ ပို့ဆောင်ဖွင့်ဖောက်လေ့ရှိကြောင်း ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းပြောပြကြောင်းသိရပါတယ်။

Japanese (437) ဂျပန် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၃၇) ခုရှာရန်နှိပ်ပါ။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ယင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ ကိုးသိန်းခုနှစ်သောင်းကျော်ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားပြီး စာစစ်ဌာန (၁၉၀၀) ကျော်ဖွင့်လှစ်ထားကြောင်းသိရပါတယ်။

Credit: The Voice
 

** Zawgyi **



Read More:>>>  ငယ်ရွယ်စဉ်ကကျောင်းသားဘဝ သင်ကြားခဲ့သော ကျင့်ဝတ်များ


Japanese (437) ဂျပန် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၃၇) ခုရှာရန်နှိပ်ပါ။


Credit: The Voice

News Tips Latest Post Read 3711 times