Sales Hotline : 09448001653       Download App



Grade-9 အောင်ပြီးသူများအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက် သင်ကြားပေးမည့် ကျောင်းများ

အလယ်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံပညာနှင့်အတူ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူ လေ့ကျင့်ခွင့် ရရှိနိုင်တော့မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ခရိုင် (၅၀) ခရိုင်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကာ လာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာများ တွဲဖက် သင်ကြားပေးမည့် ကျောင်း (၃၄) ကျောင်းကို ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှု နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ် မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည် ဖြစ်သည်။ 


 

 Advertisement

Click Here > Tin Aye (U)

 

အလယ်တန်းဆင့် (Grade 9) ပြီးမြောက် အောင်မြင်သူတိုင်း စိတ်ပါဝင်စားသည့် မည်သူမဆို လျှောက်ထားနိုင်မည် ဖြစ်ပြီး ပညာဆက်လက် သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်…

  • အခြေခံပညာအထက်တန်း 
  • စက်မှုနည်းပညာ 
  • စိုက်ပျိုးရေးအတတ်ပညာ 
  • မွေးမြူရေးအတတ်ပညာ စသည့် ရွေးချယ် သင်ယူနိုင်မည့် ပညာရေးအခွင့်အလမ်းများကို ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်သည်။

 

ပညာရေးလမ်းကြောင်းများကို ဖတ်ရှု လေ့လာရန်

https://t.ly/wJsKg

 

လာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ ထပ်တိုး ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာများ တွဲဖက် သင်ကြားပေးမည့် အခြေခံပညာ အထက်တန်းကျောင်း (၃၄) ကျောင်းကို အောက်တွင် တိုင်းနှင့်ပြည်နယ်အလိုက် ကြည့်ရှုနိုင်သည်။

Latest Post Local News Government School Read 1542 times