Grade 10 စနစ်သစ်တွင် အသက်မွေးဝမ်းကြောင်းအလိုက် ဘာသာတွဲများ ရွေးချယ်နိုင်ပြီ

Grade 10 စနစ်သစ်တွင် အသက်မွေးဝမ်းကြောင်းအလိုက် ဘာသာတွဲများ ရွေးချယ်နိုင်ပြီဖြစ်သည်။

အတွဲ (၁)
ဆရာဝန်၊ အင်ဂျင်နီယာနှင့် အဆင့်မြင့် တက္ကသိုလ် မျှော်မှန်းထားသူများအတွက် အတွဲ (၁)။
အတွဲ (၁) တွင် ဘာသာရပ် (၉) ခုကိုလေ့လာပြီး (၇) ဘာသာစာမေးပွဲ ဖြေဆိုရမည်။
ဖြေဆိုရမည့် ဘာသာရပ်-
၁။ မြန်စာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ဓာတုဗေဒ
၅။ ရူပဗေဒ
၆။ ဇီဝဗေဒ 
၇။ လူမှုရေး သိပ္ပံ (ပထဝီ၊ သမိုင်း၊ ဘောဂ) 
တို့ကို ဘာသာစုံအမှတ် (၁၀၀) မှတ် ဖြေဆိုရမည်။

အတွဲ (၂) 
အင်ဂျင်နီယာ၊ စီးပွားရေး၊ ဘူမိဗေဒ တက္ကသိုလ်များအား မျှော်မှန်းထားသူများအတွက် အတွဲ (၂)။
အတွဲ (၂) သည် ဆေးဝါး၊ ဆေးပညာနှင့် ပတ်သက်သော ဘာသာရပ်များကို တက္ကသိုလ်တွင် သင်ယူခွင့်မရှိပါ။
အတွဲ (၂) တွင် ဘာသာရပ် (၈) ခုကိုလေ့လာပြီး (၇) ဘာသာစာမေးပွဲ ဖြေဆိုရမည်။
ဖြေဆိုရမည့် ဘာသာရပ်-
၁။ မြန်စာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ဓာတုဗေဒ
၅။ ရူပဗေဒ
၆။ ဘောဂဗေဒ
၇။ ပထဝီဝင်+သမိုင်း (၅၀+၅၀)
တို့ကို ဘာသာစုံအမှတ် (၁၀၀) မှတ် ဖြေဆိုရမည်။

အတွဲ (၃)
နိုင်ငံတကာဆက်ဆံရေး၊ အင်္ဂလိပ်စာ နိုင်ငံခြားဘာသာတက္ကသိုလ်များအား မျှော်မှန်းထားသူများအတွက် အတွဲ (၃)။
အတွဲ (၃) တွင် ဘာသာရပ် (၉) ခုကိုလေ့လာပြီး (၇) ဘာသာစာမေးပွဲ ဖြေဆိုရမည်။
ဖြေဆိုရမည့် ဘာသာရပ်-
၁။ မြန်စာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ပထဝီဝင်
၅။ သမိုင်း
၆။ ဘောဂဗေဒ
၇။ သိပ္ပံ(ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ(၃၃+၃၃+၃၃+၁))
တို့ကို ဘာသာစုံအမှတ် (၁၀၀) မှတ် ဖြေဆိုရမည်။

အတွဲ (၄)
စာရေးဆရာ၊ သမိုင်းပညာရှင်၊ ကဗျာဆရာ၊ အယ်ဒီတာ အစရှိသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ယူလိုသောသူများအတွက် အတွဲ (၄)။
အတွဲ (၄) တွင် ဘာသာရပ် (၁၀) ခုကိုလေ့လာပြီး (၇) ဘာသာစာမေးပွဲ ဖြေဆိုရမည်။
ဖြေဆိုရမည့် ဘာသာရပ်-
၁။ မြန်စာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ စိတ်ကြိုက်မြန်မာစာ
၅။ ဘောဂဗေဒ
၆။ ပထဝီဝင်+သမိုင်း (၅၀+၅၀)
၇။ သိပ္ပံ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ(၃၃+၃၃+၃၃+၁)) 
တို့ကို ဘာသာစုံအမှတ် (၁၀၀) မှတ် ဖြေဆိုရမည်။

Latest Post News Read 4406 times