အခက်အခဲတွေကို အခွင့်အလမ်းဖြစ်အောင် ပြောင်းလဲနိုင်တာ အရည်အသွေးတစ်ခုပဲ လို့ ဆိုတဲ့ ဆိုရိုးစကား လိုပဲ၊ ဗိုင်းရပ်စ်ကြောင့် သင်တန်းတွေ ရပ်နားထားရပေမယ့် အဆက်မပြတ် သင်ယူလေ့လာချင်တဲ့ ဆရာ/မ တွေ အတွက် အခွင့်အလမ်းကောင်း တစ်ခု နဲ့ မိတ်ဆက်ပေးလိုက်ပါသည်။
ဆရာ/မ တွေအတွက်သာ မကပါဘူး သင်ရိုးသစ် ပြောင်းလဲတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်လာမလဲလို့ စိတ်ဝင်စားသူ ကျောင်းသူ/သားတွေကိုယ်တိုင်နဲ့ ကျောင်းသားမိဘတွေ၊ ပညာရေးကို စိတ်ဝင်စားသူတွေလည်း အလွယ်တကူ ကြိုတင်ဝင်ရောက် လေလာ့နိုင်ပါသည်။
MDEP ( Myanmar Digital Education Platform ) က သင်ရိုးသစ် ဘာသာရပ်တိုင်းအတွက် သင်ရိုးညွှန်းတမ်း အပြည့်အစုံအပြင်၊ သင်ရိုးသစ်အတွက် တိကျရှင်းလင်းတဲ့ ဆရာ/မ လမ်းညွှန်တွေကို နမူနာပုံစံတွေ၊ ဗီဒီယိုဖိုင်တွေ နဲ့ လေ့လာ နိုင်အောင် စီစဉ်ပေးထားတဲ့အတွက် သင်ရိုးသစ် သင်ကြားရမယ့် ဆရာ/မ များ (mdep.moe.edu.mm) မှာ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါသည်။
Source: MDEP