အစိုးရ စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း ဖွင့်လှစ်ရန် လျာထားခြင်း

** Unicode **

ပညာရေး ဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်အတွင်း၌ အစိုးရ စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း (GTI) တစ်ကျောင်း ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက် ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့ပါတယ်။

“နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ကျောင်းသစ်များဖွင့်လှစ်ရာတွင် ပထမဦးစွာ ခရိုင်မြို့ကြီးများတွင် ဦးစားပေး စတင်ဆောင်ရွက်သွားရန် မူဝါဒ ချမှတ် ဆောင်ရွက်လျက် ရှိပါသဖြင့် ခရိုင်မြို့ကြီးဖြစ်သော မင်းဘူးမြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ရန် လျာထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

မင်းဘူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၏ GTI ကျောင်းဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန အနေဖြင့် မကွေးတိုင်းဒေသကြီးတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (မကွေး၊ ရေနံချောင်း၊ ချောက်၊ သရက်၊ ဂန့်ဂေါ) တို့တွင် A.G.T.I. ဒီပလိုမာ (၃) နှစ် သင်တန်းများနှင့်  ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတို သက်မွေးပညာ သင်တန်းများကို လည်းကောင်း၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (မကွေး၊ ပခုက္ကူ)တို့တွင်  G.T.H.S. (၂) နှစ် သင်တန်းများနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတို သက်မွေးပညာ သင်တန်းများကို လည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊  မင်းဘူးမြို့နယ်အတွင်း GTI ကျောင်း တစ်ကျောင်း ဖွင့်လှစ်နိုင်ရန် မင်းဘူးမြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စုတွင် မြေဧရိယာ (၁၅ ဒသမ ၀၉) ဧကအား  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံသို့ လျှောက်ထားတင်ပြ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မင်းဘူး)၏ ကျောင်းမြေ နေရာအဖြစ် ရရှိပြီးပါက သက်ဆိုင် ရာ ဘဏ္ဍာရေး နှစ်အလိုက် ဘတ်ဂျက် လျာထားတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

Credit: Xinhua Myanmar

** Zawgyi **

ပညာေရး ဝန္ႀကီးဌာန၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရး ဦးစီးဌာနအေနျဖင့္ မေကြးတိုင္းေဒသႀကီး၊ မင္းဘူး ၿမိဳ႕နယ္အတြင္း၌ အစိုးရ စက္မႈလက္မႈသိပၸံသင္တန္းေက်ာင္း (GTI) တစ္ေက်ာင္း ဖြင့္လွစ္ႏိုင္ေရး လ်ာထားေဆာင္႐ြက္လ်က္ ရွိသည္ဟု ပညာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ေျဖၾကားခဲ့ပါတယ္။

“နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနအေနျဖင့္ ေက်ာင္းသစ္မ်ားဖြင့္လွစ္ရာတြင္ ပထမဦးစြာ ခ႐ိုင္ၿမိဳ႕ႀကီးမ်ားတြင္ ဦးစားေပး စတင္ေဆာင္႐ြက္သြားရန္ မူဝါဒ ခ်မွတ္ ေဆာင္႐ြက္လ်က္ ရွိပါသျဖင့္ ခ႐ိုင္ၿမိဳ႕ႀကီးျဖစ္ေသာ မင္းဘူးၿမိဳ႕နယ္တြင္ အစိုးရစက္မႈလက္မႈသိပၸံသင္တန္းေက်ာင္း တစ္ေက်ာင္း ဖြင့္လွစ္ရန္ လ်ာထားၿပီးျဖစ္ပါတယ္” ဟု ၎က ေျပာၾကားခဲ့ပါတယ္။

မင္းဘူး မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းဝင္း၏ GTI ေက်ာင္းဖြင့္လွစ္ေရးႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအား ေျဖၾကားရာတြင္ ဒုတိယဝန္ႀကီးက ေျပာၾကားခဲ့ျခင္း ျဖစ္ၿပီး ပညာေရးဝန္ႀကီးဌာန၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရး ဦးစီးဌာန အေနျဖင့္ မေကြးတိုင္းေဒသႀကီးတြင္ အစိုးရ စက္မႈလက္မႈသိပၸံ (မေကြး၊ ေရနံေခ်ာင္း၊ ေခ်ာက္၊ သရက္၊ ဂန႔္ေဂါ) တို႔တြင္ A.G.T.I. ဒီပလိုမာ (၃) ႏွစ္ သင္တန္းမ်ားႏွင့္  ေဒသလိုအပ္ခ်က္ႏွင့္ ကိုက္ညီေသာ ကာလတို သက္ေမြးပညာ သင္တန္းမ်ားကို လည္းေကာင္း၊ အစိုးရ နည္းပညာအထက္တန္းေက်ာင္း (မေကြး၊ ပခုကၠဴ)တို႔တြင္  G.T.H.S. (၂) ႏွစ္ သင္တန္းမ်ားႏွင့္ ေဒသလိုအပ္ခ်က္ႏွင့္ ကိုက္ညီေသာ ကာလတို သက္ေမြးပညာ သင္တန္းမ်ားကို လည္းေကာင္း အသီးသီး ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း၊  မင္းဘူးၿမိဳ႕နယ္အတြင္း GTI ေက်ာင္း တစ္ေက်ာင္း ဖြင့္လွစ္ႏိုင္ရန္ မင္းဘူးၿမိဳ႕နယ္၊ ေက်ာက္တန္း ေက်း႐ြာအုပ္စုတြင္ ေျမဧရိယာ (၁၅ ဒသမ ၀၉) ဧကအား  ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္ အသုံးျပဳခြင့္ရရွိရန္အတြက္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲေရး ဗဟိုေကာ္မတီထံသို႔ ေလွ်ာက္ထားတင္ျပ ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ အစိုးရ စက္မႈလက္မႈသိပၸံ (မင္းဘူး)၏ ေက်ာင္းေျမ ေနရာအျဖစ္ ရရွိၿပီးပါက သက္ဆိုင္ ရာ ဘ႑ာေရး ႏွစ္အလိုက္ ဘတ္ဂ်က္ လ်ာထားတင္ျပ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ၎က ျဖည့္စြက္ ေျပာၾကားခဲ့ပါတယ္။

Credit: Xinhua Myanmar

News News Tips Latest Post News Read 1866 times