ပညာသင်ဆု လျှောက်တဲ့အခါမှာ ၁၀၀% စရိတ်ငြိမ်း ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေးမျိုး ရှာဖွေနေသူတွေအတွက် ဘရူနိုင်းအစိုးရရဲ့ ပညာသင်ဆု အစီအစဉ်ကို မျှဝေပေးသွားပါမယ်။ ဘရူနိုင်းအစိုးရက ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆု အစီအစဉ်မှာ Bachelor သာမက Master နဲ့ Diploma ပရိုဂရမ်တွေလည်း ပါဝင်ပါတယ်။
တက်ရောက်နိုင်မယ့် တက္ကသိုလ်များ
ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ပရိုဂရမ်တွေ၊ ဝင်ခွင့် လိုအပ်ချက်တွေကို ဝင်ရောက် လေ့လာပြီး လျှောက်ထားရပါမယ်။
အရည်အချင်း သတ်မှတ်ချက်များ
အကျိုးခံစားခွင့်
လိုအပ်တဲ့ စာရွက်စာတမ်းများ
လျှောက်ထားရမယ့်ပုံစံ
ပညာသင်ဆုအတွက် အောက်ပါလင်ခ့်ကနေတဆင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။
>> https://apps.katalyst.gov.bn/bdgs-mfabrunei/applicationform
Universiti Brunei Darussalam (UBD) လျှောက်မယ့်သူတွေက https://apply.ubd.edu.bn မှာ လျှောက်လွှာတင်ရမှာဖြစ်ပြီး Universiti Teknologi Brunei (UTB) လျှောက်မယ့်သူတွေက https://apply.utb.edu.bn/ မှာ လျှောက်ထားရပါမယ်။
ပညာသင်ဆုနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းစရာ တစ်စုံတစ်ရာ ရှိပါက [email protected] သို့ အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
ပညာသင်ဆုအကြောင်း အသေးစိတ် ဖတ်ရှုရန် >> https://www.mfa.gov.bn/
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။