အဆင့်မြင့် ပညာရေးနှင့် သက်ဆိုင်သော ဝေါဟာရ အသုံးအနှုန်းများ

အဆင့်မြင့် ပညာရေးနှင့် သက်ဆိုင်သော ဝေါဟာရ အသုံးအနှုန်းများ
Glossary of Higher Education Terminology 

ပညာရေးမူဝါဒသုတေသနစင်တာ၏ အဆင့်မြင့်ပညာရေးနှင့်သက်ဆိုင်သော ဝေါဟာရအသုံးအနှုန်းများစာအုပ်ကို ဘာသာစကားနှစ်မျိုးဖြင့် ပထမဆုံးအကြိမ်ထုတ်ဝေလိုက်ပါသည်။ ဤဝေါဟာရအဘိဓာန်သည် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ စီမံခန့်ခွဲသူများနှင့် မူဝါဒချမှတ်သူများအပါအဝင် အဆင့်မြင့်ပညာရေးကဏ္ဍနှင့် သက်ဆိုင်သူများအားလုံးအတွက် အသုံးတည့်သော အဘိဓာန်ဖြစ်မည်ဟု မျှော်လင့်ပါသည်။ ဤအဘိဓာန်တွင် အဆင့်မြင့်ပညာရေးနှင့် သက်ဆိုင်သော ဝေါဟာရပေါင်း (၂၀၆) လုံး ပါဝင်ပါသည်။ ဝေါဟာရရှင်းလင်းချက်များကို နားလည်လွယ်ကူသော အင်္ဂလိပ်၊ မြန်မာ ဘာသာစကားနှစ်မျိုးဖြင့် ရေးသားထားပါသည်။
ဤဝေါဟာရအဘိဓာန်ကို ကိုဗစ်ကာလအလွန် ပုံမှန်အခြေအနေပြန်ရောက်သည့်အခါ ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားပါမည်။
Source: Center for Education Policy Research at Parami Institute

 

 

Government School International/Private Latest Post Read 1376 times