အမေရိကန်ပညာရေးဆွေးနွေးပွဲကျင်းပမည်

** Unicode **

အမေရိကန်တက္ကသိုလ်ကောလိပ်တွေကို မှန်ကန်စွာရွေးချယ်တက်ရောက်နိုင်ဖို့အတွက် ရှင်းလင်ပြောကြားပေးမည့် အမေရိကန်ပညာရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၂) နာရီမှ (၄) နာရီအထိ Novotel Hotel အင်းလေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

အမေရိကန်တက္ကသိုလ်ကြီးများသို့ တက်ရောက်ရာတွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများနှင့် ကိုက်ညီမည့် Global Student Successful Program (GSSP) မှတစ်ဆင့်လျှောက်ထားနိုင်မည့် အမေရိကန်တက္ကသိုလ်ကြီးများအကြောင်းကို Ms.Hoang Ngoc Anh (Senior Recruitment Manager) ကဆွေးနွေးပေးမည်ဖြစ်ပါတယ်။

၎င်းအပြင် ဘော်စတွန်မြို့ရှိ University of Massachusetts Boston ၏ စီးပွားရေးနှင့်စီမံခန့်ခွဲမှုဘာသာရပ်များအကြောင်း၊ UMass Lowell အကြောင်း၊ UMass Dartmouth အကြောင်းနှင့် Florida Atlantic University အကြောင်းတို့ကိုလည်း ပြောကြားပေးမည်ဖြစ်ပါတယ်။

Read More:>>>>  သင်ရိုးသစ်သင်တန်းတက်ရောက်ရေးကန့်သတ်ချက်များနှင့်မကိုက်ညီပါကမလွှတ်ရန်အခြေခံပညာဦးစီးညွှန်ကြား

ပွဲတက်ရောက်လိုသူများအနေဖြင့် AT&S (Overseas Education Services) အဆောင် (၅)၊ အခန်း-၄၊ MICTDC လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ဖုန်း ၀၁-၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။

(www.edge.com.mm)

** Zawgyi **




Read More:>>>>  သင်ရိုးသစ်သင်တန်းတက်ရောက်ရေးကန့်သတ်ချက်များနှင့်မကိုက်ညီပါကမလွှတ်ရန်အခြေခံပညာဦးစီးညွှန်ကြား


Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။

(www.edge.com.mm)

Latest Post International Read 632 times