ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိရင် ဂျာမနီမှာ ဘွဲ့လွန်တက်နိုင်မယ့် Scholarship

 

မြန်မာနိုင်ငံမှာ ဘွဲ့ရထားပြီး လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိရင် လျှောက်ထားလို့ရတဲ့ DAAD အဖွဲ့အစည်းရဲ့ Educating Professionals for Sustainable Development (EPOS) Program အကြောင်းမျှဝေပေးချင်ပါတယ်။

 

နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေတဲ့ လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတွေကို ပညာဒါနပြုမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့ ကျောင်းတွေကတော့ ဂျာမနီနိုင်ငံရဲ့ အစိုးရ (သို့) အစိုးရ အသိအမှတ်ပြု တက္ကသိုလ်တွေမှာဖြစ်ပြီး နှစ်သက်ရာ ဘွဲ့လွန်တန်းတွေကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 

 

Scholarship Organization - DAAD

Host Country - Germany

Host University - German Universities

Program Level  - Mastaer , Doctoral Degree

Scholarship Type - Fully Funded


လျှောက်ထားနိုင်တဲ့ Study Program၊ သင်တန်းကာလနှင့် လျှောက်ထားရမည့် နောက်ဆုံးရက်

>> https://static.daad.de/media/daad


ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ 
  • Master တန်းအတွက် Bachelor Degree ရပြီးသူဖြစ်ရပါမယ်။ (ဘွဲ့သက်တမ်းသည် ၆ နှစ်ထက် မကျော်ရ)
  • PhD တန်းအတွက် Master Degree အောင်မြင်ပြီးသူဖြစ်ရပါမယ်။ (ဘွဲ့သက်တမ်းသည် ၆ နှစ်ထက် မကျော်ရ)
  • လုပ်သက်အတွေ့အကြုံအနည်းဆုံး (၂) နှစ် ရှိရပါမယ်။ 
  • Program ပြီးရင် ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနိုင်သူဖြစ်ရပါမယ်။
  • English Language Skills ကောင်းရပါမယ်။

 

အကျိုးခံစားခွင့် 

  • မာစတာတန်းအတွက် လစဉ်ကြေး 934 Euros နဲ့ ပါရဂူတန်းအတွက် လစဉ်ကြေး 1,300 Euros 
  • (၆) လတာ ဂျာမန်စကားသင်တန်း
  • ကျန်းမာရေး၊ မတော်တဆမှုနဲ့ ကိုယ်ရေးကိုယ်တာ အာမခံကြေး
  • ခရီးစဉ်စရိတ်
  • လစဉ်အိမ်ငှားစရိတ်
  • လစဉ်မိသားစုစရိတ်

 

ဘာတွေပြင်ဆင်ထားရမလဲ?

  • Language Skills Certificate (German or English)
  • DAAD Aplication Form (DAAD Portal မှာ လျှောက်ရပါမယ်)
  • Motivation Letter
  • CV (Europass Format)
  • University Certificate
  • Aademic Transcripts
  • Work Certificate
  • Recommendation Letter from current employer 

 

ဘယ်လိုလျှောက်ရမလဲ?

လျှောက်လွှာကို သက်ဆိုင်ရာ ကျောင်းတွေမှာ Deadline အမှီ တိုက်ရိုက်ပေးပို့ လျှောက်ထားရပါမယ်။ လျှောက်လွှာလက်ခံမယ့် နောက်ဆုံးရက်နဲ့ တင်သွင်းရမယ့် စာရွက်စာတမ်းတွေကိုတော့ သက်ဆိုင်ရာကျောင်းဝက်ဘ်ဆိုက်ဒ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ အများဆုံး Course (၃) ခုအထိ ရွေးချယ်လျှောက်ထားလို့ရပါတယ်။ 

 

လျှောက်ထားပုံအဆင့်ဆင့်

  • လျှောက်လွှာအပြည့်အစုံကို သက်ဆိုင်ရာ ဘွဲ့လွန်သင်တန်းကို တိုက်ရိုက်ပေးပို့ပါ။
  • Scholarship အတွက် အကျုံးဝင်တဲ့သူတွေကို အကြောင်းကြားပါလိမ့်မယ်။
  • အကြောင်းကြားစာရောက်ရင် လျှောက်လွှာအပြည့်အစုံကို DAAD Portal မှာ Upload လုပ်ရပါမယ်။
  • နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို သက်ဆိုင်ရာမှ အသိပေးအကြောင်းကြားပါလိမ့်မယ်။ 

 

အသေးစိတ်ဖတ်ရှုရန် >> https://www2.daad.de

 

International Latest Post Read 663 times