မြန်မာငွေသိန်း (၁၀၀) ကျော်တန်တဲ့ Course ကို အခမဲ့တက်ရောက်နိုင်မယ့် အခွင့်အရေး

 

သင်က Game Development ပိုင်းကို စိတ်ဝင်စားသူလား...? 

Programming ကို ဝါသနာပါသူလား...?

Tech Skills ကို တိုးမြှင့်ချင်သူလား...?

 

ဒီတစ်ခါတော့ Unrealwox Academy မှပေးတဲ့ ဒေါ်လာ (၃) ထောင်ကျော်တန် Course ကို ၁၀၀% အခမဲ့သင်ကြားနိုင်မယ့်  Scholarship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ 

 

Unrealwox Academy ဆိုတာဘာလဲ?

Program လေးအကြာင်းမစခင်မှာ Unrealwox Academy ဆိုတာဘာလဲ ပြောပြပေးပါမယ်။ Unrealwox ဆိုတာကတော့ Unreal Engine ကို အသုံးပြုပြီး Game Developers တွေနဲ့ Tech ဝါသနာရှင်တွေအတွက် လိုအပ်တဲ့ Skills၊ Knowledge နဲ့ Experience တွေကို ကျယ်ကျယ်ပြန်ပြန့် လေ့ကျင့်သင်ကြားပေးနေတဲ့ အွန်လိုင်းသင်ကြားရေးပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ 

 

Scholarship Program အသေးစိတ်

 

Unrealwox Academy မှာ စျေးအကြီးဆုံးအတန်းလို့ ပြောလို့ရတဲ့ "Professional Certificate for Unreal Engine Development" Course ကို 100% Scholarship ပေးသွားမှာဖြစ်ပါတယ်။ 

 

အချိန်အားဖြင့် (၁၅) ပတ်ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်မှာ (၃) နာရီ တက်ရောက်ရမှာပါ။ စာသင်ပေးရုံတင်မကဘဲ လက်တွေ့တက်မြောက်သွားအောင် Assignments တွေ၊ Projects တွေပါ လုပ်ခိုင်းမှာပါ။

 

Course မှာ အဓိက သင်ကြားရမှာက Animation, Audio, UI/UX, Tools Utilization, Programming၊ Importing 3D Objects စတဲ့ ပညာရပ်တွေဖြစ်ပြီး အတွေ့အကြုံရှိတဲ့ နိုင်ငံတကာက ဆရာတွေကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။ 

 

အကျိုးကျေးဇူးတွေအနေနဲ့ ဝါသနာတူသူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်မယ့်အပြင် သင်တန်းပြီးဆုံးပါက Digital Certificate ရရှိမှာဖြစ်ပြီး Unrealworx Academy ရဲ့ ပါတနာကုမ္ပဏီတွေမှာ Game Designer၊ Game Programmer စတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေနိုင်တဲ့အထိ အခွင့်အရေးရှိပါတယ်။ 

 

Scholarship လျှောက်ထားသူဟာ -

- အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ဖူးသူ (သို့) ဘွဲ့ရပြီးသူဖြစ်ရပါမယ်။

- Gaming ပိုင်းနဲ့ Unreal Engine ကို စိတ်ဝင်စားသူဖြစ်ရပါမယ်။ 

- English Language Level- Intermediate ရှိရပါမယ်။ 

- သတ်မှတ်ထားတဲ့ Laptop Model ရှိရပါမယ်။ 

 

စိတ်ဝင်စားရင် အောက်ကလင့်ခ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ 

>> https://docs.google.com/forms

 

သင်ခန်းစာတွေကိုတော့ Butter ကနေတဆင့် သင်ကြားပေးသွားမှာဖြစ်လို့ ကိုယ်ပိုင်အကောင့် မရှိသေးရင် အောက်ကလင့်ခ်မှာ Sign Up လုပ်ထားနိုင်ပါတယ်။

>> https://www.butter.us/

 

Source - Digital Skills Institute 

 

Related Article : IT ပိုင်းကို စိတ်ဝင်စားသူတွေအတွက် မြန်မာလို လေ့လာနိုင်မယ့် YouTube Channel များ
>> it-youtube-channel.html

 

Latest Post Vocational Read 811 times