ဆရာ/ဆရာမများ တက်ရောက်သင့်တဲ့ အခမဲ့ အွန်လိုင်းဆွေးနွေးပွဲများ

 

မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများ၏ သက်မွေးအတတ်ပညာဖွံ့ဖြိုးမှုကို အရှိန်အဟုန် မြှင့်တင်ပေးရန် ရည်ရွယ်ကာ Sombath Somphone Memorial Fund (SSMF) နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် International Network of Engaged Buddhists (INEB) တို့၏ ပံ့ပိုးကူညီမှုဖြင့် Teacher Education Academy-TEA မှ ဦးဆောင်ပြီး သက်မွေးအတတ်ပညာဆိုင်ရာ လေ့လာသင်ယူမှု ရပ်ဝန်းအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။ 

 

ဤအစီအစဉ်မှတဆင့် ဆရာ၊ ဆရာမများ၏ နည်းပညာ၊ သင်ပြနည်း၊ ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်နိုင်ရန် လစဉ်လတိုင်း ပညာရပ်နယ်ပယ်အခြေပြု အခမဲ့အွန်လိုင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးကြပါသည်။ 

 

ထို့ကြောင့် လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိသော အခမဲ့ အွန်လိုင်းဆွေးနွေးပွဲများကို အကြောင်းအရာ၊ ခေါင်းစဉ်နှင့်တကွ၊ နေ့ရက်၊ အချိန်တို့ကို ဖော်ပြပေးလိုပါသည်။ ပွဲစဉ် အသေးစိတ်အချက်အလက်နှင့် စာရင်းသွင်းရမည့် Zoom လင့်ခ်ကို ပွဲရက်နားနီးသည့်အခါ TEA Facebook Page မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

1. Topic : An Overview of the ELT Contents

Speaker: Sayarma Thit Ywet Phyu 

Sept 1, 2024 | 6:30 PM MMT

 

2. Topic : Building and Sustaining Motivation for Your Teachers and Students

Speaker: Sayama Amon 

Sept 8, 2024 | 6:30 PM MMT

 

3. Topic : Balancing Objective and Essay Tests for Customized Assessment

Sept 15, 2024 | 6:30 PM MMT

Speaker: Dr Sora  

 

4. Topic  : The Road to Academic Success

Sept 21-22, 2024 | 8:00 PM MMT

Speaker: Dr Moon

 

5. Topic : Redefining Student Evaluation: A Focus on Performance

Speaker: Dr Sora 

Sept 29, 2024 | 6:30 PM MMT

 

အောက်တိုဘာလတွင် ပြုလုပ်မည့် အခမဲ့ဆွေးနွေးပွဲများတွင် ပို့ချဆွေးနွေးစေလိုသည့် အကြောင်းအရာများရှိပါက အထက်ဖော်ပြပါ TEA Facebook Page တွင် သွားရောက် အကြံပြုနိုင်ပါသည်။ 

 

အဆိုပါ သက်မွေးအတတ်ပညာဆိုင်ရာ လေ့လာသင်ယူမှုရပ်ဝန်းအစီအစဥ်မှ ပြုလုပ်ခဲ့သည့် အခမဲ့အွန်လိုင်းဆွေးနွေးပွဲ (၁၄) ခု၏ မှတ်တမ်းဗီဒီယိုများကို အောက်ပါလင့်ခ်တွင် တစုတစည်းတည်း ဝင်ရောက်ကြည့်ရှုနိုင်ကြပါတယ်။

>> https://bit.ly/plc-playlist

 

Events & Exhibitions Read 42 times