ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို လျှောက်လှမ်းလိုသူတွေနဲ့ အခွင့်အလမ်းပိုရမယ့် အလုပ်အကိုင်အသစ်ကို ရှာဖွေလိုတဲ့သူတွေအတွက် JobNet Myanmar က ဦးစီးကျင်းပမယ့် အလုပ်အကိုင်ပြပွဲကြီးကို မျှဝေပေးသွားပါမယ်။
မြန်မာနိုင်ငံရဲ့ အကြီးကျယ်အခမ်းနားဆုံး 2025 JobNATION အလုပ်အကိုင်ပြပွဲကြီးကို မတ်လ (၂၂) ရက်နေ့တွင် Novotel Max Hotel Yangon မှာ မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက် ထိပ်တန်းကုမ္ပဏီပေါင်း (၆၀) ကျော်က တစ်နေရာတည်းမှာ ရှိနေမှာဖြစ်တဲ့အတွက် ကုမ္ပဏီတွေမှ HR မန်နေဂျာတွေ၊ ဒါရိုက်တာတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်မယ့် အခွင့်အရေး ရရှိနိုင်ပါတယ်။
အလုပ်အကိုင်တွေအနေနဲ့ Sales၊ Banking၊ Insurance၊ Business Development၊ Accounting၊ Marketing၊ Engineering၊ Hospitality၊ IT၊ Telecom နဲ့ Retail အစရှိတဲ့ လုပ်ငန်းနယ်ပယ်ထဲက ကိုယ်နဲ့ သင့်တော်မယ့် အလုပ်တစ်ခုကို ရွေးချယ် လျှောက်ထားနိုင်ပါတယ်။
အလုပ်လျှောက်တဲ့အခါမှာလည်း ကုမ္ပဏီအများကြီးကို အလုပ်လျှောက်ချင်လို့ဆိုပြီး CV Form တွေအထပ်လိုက် ယူဆောင်သွားဖို့ မလိုအပ်တော့ပါဘူး။ ဘာလို့လဲဆိုရင် JobNet Profile မှာ မိမိ အလုပ်အတွေ့အကြုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီး QR Code ရယူကာ လွယ်လွယ်ကူကူ အလုပ်လျှောက်နိုင်လို့ပါ။
JobNet Digital CV ID ကို ဘယ်လိုပြင်ဆင်မလဲ?
အရင်ဆုံး JobNet.com.mm မှာ Register ပြုလုပ်ပါ။ Register လုပ်ထားပြီးသားသူတွေက Email/Password နဲ့ Login ဝင်ပါ။ ပြီးရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ဖို့ My Profile ကို ရွေးချယ်ပါ။
ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကို နှိပ်လိုက်ရင် QR Code ပေါ်လာမှာ ဖြစ်ပြီး QR Code ကို သင့်ဖုန်းတွင် ဒေါင်းလုတ်လုပ်ကာ သိမ်းထားနိုင်ပါတယ်။
အလုပ်လျှောက်တဲ့အခါမှာ အဲဒီ့ QR Code ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံနဲ့ JobNet Profile မှာ ဖြည့်စွက်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို အလုပ်ရှင်က မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် JobNATION အလုပ်အကိုင်ပြပွဲကြီးမှာ ပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ QR Code ကို ကိုယ့်ဘက်က Scan ဖတ်မယ်ဆိုရင် အဲဒီ့ကုမ္ပဏီတွေမှာ ခေါ်ယူနေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို သိရှိနိုင်မှာဖြစ်ပြီး “APPLY NOW” နှိပ်လိုက်တာနဲ့ မိမိရဲ့ Digital CV က ကုမ္ပဏီတွေဆီ တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
JobNation ပွဲမှာတင် မိမိကို အင်တာဗျူးတန်းလုပ်နိုင်တာကြောင့် မိမိလျှောက်ထားလိုတဲ့ ရာထူးအတွက် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီးမှ သွားပါ။ သပ်သပ်ရပ်ရပ်နဲ့ ပရော်ဖက်ရှင်နယ်ကျကျ ဝတ်ဆင်သွားဖို့ကိုလည်း သတိပြုပါ။
ဒီအလုပ်အကိုင်ပြပွဲကြီးဟာ သင့်အတွက် လစာမြင့် အလုပ်အကိုင်တွေ ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်လာနိုင်တာကြောင့် ပွဲတက်ရောက်ချင်တယ်ဆိုရင် အောက်ပါလင့်ခ်မှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။
ရက်စွဲ - မတ်လ ၂၂ ရက် (စနေနေ့)
အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီ
နေရာ - Novotel Yangon Max Hotel