နိုင်ငံပေါင်း (၁၂) ခုမှ တက္ကသိုလ် (၁၀၀) ကျော်ကို အခမဲ့ လေ့လာလိုရမယ့် Global Education Summit 2025

CROWN Education မှ ကြီးမှူးပြီး နိုင်ငံတကာတက္ကသိုလ် (၁၀၀) ကျော် ပါဝင်တဲ့ Global Education Summit 2025 ကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ဝင်ကြေး အခမဲ့ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာပညာရေးပြပွဲကို လာမယ့် မတ်လ (၁၇) ရက် (တနင်္လာနေ့) မှာ မနက် (၉) နာရီကနေ နေ့လည် (၁၂) နာရီအထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

ရွေးချယ်စရာအဖြစ် နိုင်ငံ (၁၂) နိုင်ငံက တက္ကသိုလ် (၁၀၀) ကျော် ပါဝင်ပြသသွားမှာ ဖြစ်တာကြောင့် မိမိရောက်ရှိနေတဲ့ ပညာရေးနဲ့ ကိုက်ညီတဲ့ ခြေလှမ်းကို ဆက်လက် လျှောက်လှမ်းနိုင်မယ့် အခွင့်အလမ်း အစုံအလင်ကို သိရှိခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပညာရေးပြပွဲကို ကမ္ဘာတစ်ဝှမ်းမှ ကောလိပ်၊ တက္ကသိုလ်ကြီးတွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် ပရိုဂရမ်တွေကို ပြင်ဆင်လျှောက်ထားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ မဖြစ်မနေ တက်ရောက်သင့်ပါတယ်။ 

 

ဘယ်နိုင်ငံတွေ ပါဝင်မလဲ?

ယူကေနိုင်ငံက Russell Group အဖွဲ့ဝင် ထိပ်တန်း တက္ကသိုလ်ကြီးတွေနဲ့ အမေရိကန်ပြည်ထောင်စုက ထင်ရှားကျော်ကြားတဲ့ ကောလိပ်၊ တက္ကသိုလ်တွေ၊ ကနေဒါနိုင်ငံက တက္ကသိုလ်ကြီးတွေ၊ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ဂျာမနီ၊  ပြင်သစ်နိုင်ငံတို့မှ တက္ကသိုလ်ကြီးတွေ၊ မလေးရှားနိုင်ငံက ထိပ်တန်းဆေးတက္ကသိုလ်တွေ၊ ဂျပန်နိုင်ငံက ပုဂ္ဂလိက တက္ကသိုလ်ကြီးတွေနဲ့ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က နာမည်ကြီး ပုဂ္ဂလိကကျောင်းတွေအကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

ပွဲမှာ သိရှိနိုင်မယ့် အကြောင်းအရာများ

  • ၂၀၂၅ စာသင်နှစ်အတွက် နောက်ဆုံးရ နိုင်ငံတကာပညာရေး သိကောင်းစရာများ၊
  • ဝင်ခွင့်ပြင်ဆင်လျှောက်ထားမှု အကြောင်းအရာတွေနဲ့ ကျောင်းသားဗီဇာအခြေအနေများ၊
  • မြန်မာကျောင်းသူ၊ ကျောင်းသားတွေ လျှောက်ထားနိုင်တဲ့ ပညာသင်ဆု အခွင့်အလမ်းများ စတာတွေကို သက်ဆိုင်ရာ University Representative တွေနဲ့ လူကိုယ်တိုင် တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

 

Global Education Summit 2025 ပညာရေးဆွေးနွေးပွဲကြီးကို စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။

>> https://app.startinfinity.com/form/hACUsMmvcqv

 

Date:  March 17th, 2025 (Monday)

Time: 9:00 AM - 12:00 NOON

Venue: Novotel Yangon Max Hotel, Yangon Ballroom

 

Events & Exhibitions Read 7 times