၂၁ ရာစုရဲ့ မရှိမဖြစ် Tech skills တွေကို စုံစုံလင်လင် လေ့လာခွင့်ရမယ့် TECH4ALL

TECH4ALL - Technology without limits ပွဲကြီးကတော့ MyJobs Myanmar ရဲ့ အခွဲတစ်ခုဖြစ်တဲ့ MyStories ကနေ ဦးစီးပြီး နည်းပညာကို စိတ်ဝင်စားတဲ့ ကျောင်းသားနဲ့ လူငယ်တွေအတွက် ကျင်းပပြုလုပ်ပေးမယ့် အမိုက်စား ပွဲကြီးတစ်ခု ဖြစ်ပါတယ်။ 

Local အပြင် International Tech အဖွဲ့အစည်းတွေနဲ့ စုပေါင်းဖန်တီးထားကြတဲ့ ပွဲဖြစ်တဲ့အတွက် ဆန်းသစ်တဲ့ နည်းပညာ အကြောင်းအရာတွေ၊ သင်တန်းတွေ၊ ပညာသင်ဆုတွေ၊ အလုပ်သင်ပရိုဂရမ်တွေအပြင် အတွေ့အကြုံကောင်းတွေလည်း များစွာ ရရှိနိုင်ပါတယ်။

ဒီပွဲကြီးက Developer ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို တစ်နေရာတည်းမှာ ကိုယ်တိုင်မေးမြန်း လေ့လာနိုင်မယ့်အပြင် Tech Industry Experts တွေရဲ့ ဆွေးနွေးမှုတွေကနေတဆင့် အိုင်ဒီယာအသစ်အသစ်တွေကိုလည်း သင်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီပွဲကို လာမယ့် ဧပြီလ (၂၇) ရက်နေ့၊ တနင်္ဂနွေနေ့မှာ Times City - UAB Tower ရဲ့ (၂၃) လွှာမှာ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

ပွဲကို ဘယ်လိုလူတွေ တက်ရောက်သင့်လဲ?

  • Coding၊ Programming၊ Web Developement၊ Mobile Development စတဲ့ နည်းပညာတွေကို လေ့လာထားပြီး လက်တွေ့အသုံးချဖို့ လိုအပ်နေတဲ့ လူငယ်တွေ
  • UX/UI Designer တွေ
  • Developer (သို့) Programmer အနေနဲ့ Professional Career ကို လျှောက်လမ်းလိုသူတွေ
  • ဆန်းသစ်တဲ့ နည်းပညာတွေကို လေ့လာပြီး Tech Enterprenure ဖြစ်ချင်တဲ့သူတွေ
  • နည်းပညာကို စိတ်ဝင်စားလို့ သင်တန်းတက်ရောက်ချင်တဲ့ ကျောင်းသားတွေ
  • နည်းပညာဆိုင်ရာ ပညာသင်ဆုတွေ၊ အလုပ်သင်ပရိုဂရမ်တွေကို လျှောက်ထားလိုသူတွေ

ပွဲမှာ ဘယ်လို အစီအစဉ်တွေ ပါဝင်မလဲ?

  • Web & Mobile Technology၊ Software Architecture၊ App Launch၊ Data Analysis တွေကို လေ့လာခွင့်ရမယ့် Interactive Learning Corners
  • Metaverse ထဲသွားပြီး ဂိမ်းကစားရင်း Augmented Reality (AR)၊ Virtual Reality(VR)၊ Metaverse၊ 3D Design၊ Digital Content Creation စတဲ့ နည်းပညာပိုင်းတွေကို သိရှိခွင့်ရမယ့် Metaverse & 3D World Coner
  • UX Game တွေကစားရင်း UX/UI နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Q&A ပြုလုပ်သွားမယ့် UX/UI Tea Talk
  • ကိုယ့်ရဲ့ Tech Skills တွေကို ထုတ်ဖော်ယှဉ်ပြိုင်ခွင့်ရမယ့် One-Day Challenge
  • Coding နဲ့ Web အပိုင်းကို စိတ်ဝင်စားတဲ့ Juniors တွေ လေ့လာနိုင်တဲ့ One Week Hackathon
  • Tech Setup Business တွေရဲ့ Pitch Sessions 
  • Tech Industry Expert တွေရဲ့ Panel Discussion
  • Marketing ပိုင်းမှာ AI ကို ဘယ်လို အသုံးချနိုင်မလဲဆိုတာ သိချင်သူတွေအတွက် Generative AI in TECH Driven Marketing
  • AI နဲ့ IT ကို စိတ်ဝင်စားတဲ့သူတွေ တက်ရောက်နိုင်တဲ့ Courses & Trainings
  • Tech နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို နိုင်ငံခြားမှာ သွားတက်ချင်သူတွေအတွက် Scholarship Programs
  • Tech ပိုင်းကို စိတ်ဝင်စားလို့ On-Job Training လိုချင်သူတွေအတွက် CV ပြင်ဆင်လာပြီး အလုပ်တန်းလျှောက်လို့ရမယ့် Internship Programs

ပွဲရက်မတိုင်ခင်မှာ  ပွဲနဲ့ပတ်သက်ပြီး သိချင်၊ မေးချင်တဲ့ အကြောင်းအရာတွေကို မေးမြန်းလို့ ရနိုင်မယ့် Zoom Session တစ်ခုကို ဧပြီ (၂၄) ရက်၊ ည (၇) နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Zoom Meeting Join ရန် >> https://zoom.us/j/93113909966?

Tech လူငယ်တွေရဲ့ အိုင်ဒီယာတွေအတွက် Mentorship ရနိုင်မယ့်အပြင် Investor Organization (၅) ခုကလည်း အဆင်သင့် စောင့်ကြိုနေမှာဆိုတော့ လုံး၀ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုမို့ စိတ်ဝင်စားရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး သွားရောက် လေ့လာနိုင်ပါတယ်။  

>> https://docs.google.com/forms/d/

အသေးစိတ် စုံစမ်းရန်

> https://www.facebook.com/profile.php?id=61571642491185

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Latest Post Read 745 times