အမေရိကန် ထိပ်တန်းတက္ကသိုလ် (၅) ခုရဲ့ အခမဲ့ အင်္ဂလိပ်စာအတန်းများ

 

အင်္ဂလိပ်ဘာသာစကားကို Academic English ရော Business English ပါ လေ့လာချင်တဲ့သူတွေအတွက် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၅) ခုဖြစ်တဲ့ University of Pennsylvania ၊ University of Pittsburgh ၊ University of California ၊ Georgia Institute of Technology နှင့် Rice University တို့မှ အခမဲ့ သင်ကြားပို့ချထားတဲ့ အွန်လိုင်းသင်တန်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

 

အပြင်လည်း ထွက်စရာမလိုသလို အချိန်လည်း သီသန့်ပေးစရာမလိုဘဲ အင်္ဂဘာသာစကား ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ဖို့ သင်တန်း (၅) ခု ရွေးချယ်ပေးထားပါတယ်။ အခမဲ့ အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် Certificate လိုချင်ရင်တော့ သတ်မှတ်ထားတဲ့ Fees ပေးသွင်းဖို့ လိုပါတယ်။ 

 

  • English for Career Development
  • Clinical Terminology for International Students
  • Trick American English Pronunciation 
  • Better Business Writing in English
  • English and Academic Preparation

 

၁။ University of Pennsylvania - English for Career Development

ဒီသင်တန်းကတော့ အလုပ်ခွင်မှာ လက်တွေ့အသုံးချရမယ့် အင်တာဗျူးတွေ၊ CV Form ပြင်တာတွေ၊ လုပ်ငန်းခွင် ဆက်ဆံရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာတွေကို လေ့လာရမှာပဲဖြစ်ပါတယ်။

သင်က လုပ်ငန်းခွင်ဝင်တော့မယ့်သူမျိုး၊ လက်ရှိမှာ လုပ်ငန်းခွင်ဝင်ရောက်နေပြီးဖြစ်တဲ့သူမျိုး၊ ဘွဲ့ရပြီး အလုပ်ရှာနေတဲ့သူမျိုးဆိုရင်တော့ ဒီသင်တန်းကို တက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ 

 

တက်ရောက်ရန် >> careerdevelopment

 

၂။ University of Pittsburgh - Clinical Terminology

နိုင်ငံတကာက ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာနေတဲ့ ကျောင်းသား/သူတွေအတွက် တကယ်ကို အသုံးဝင်မယ့် သင်တန်းပါ။ ဆေးရုံ၊ ဆေးခန်းတွေမှာ နှုတ် (သို့) စာနဲ့ ပြောဆို ဆက်သွယ်တဲ့အခါ အသုံးများတဲ့ လက်တွေ့အသုံးအနှုန်း၊ အခေါ်အဝေါ်တွေနဲ့ အတိုကောက်စာလုံးတွေကို နားလည်သိရှိစေမှာပါ။ 

ဒီသင်တန်းမှာ English Language, Clinical Experience, Vital Signs, Medical Device စတာတွေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်း၊ အခေါ်အဝေါ်၊ အပြောအဆိုတွေကို လေ့လာသင်ကြားခွင့်ရရှိမှာပါ။ 

 

တက်ရောက်ရန် >> clinical-terminology
 

၃။ University of California - Tricky American English Pronunciation

အင်္ဂလိပ်စာကိုမှ အသံထွက်အတွက် သီးသန့်လေ့လာချင်တဲ့သူတွေ တက်ရောက်သင့်တဲ့ သင်တန်းပါ။ သင့်အနေနဲ့ အသံထွက်ကို ရှုပ်ထွေးစေမယ့် အမေရိကန်စာလုံးတွေကို ဒီအတန်းမှာ သေချာလေး လေ့လာနိုင်မှာဖြစ်သလို ဗျည်း၊ သရသံတွေကိုလည်း သေချာလေ့ကျင့်နိုင်မှာပဲ ဖြစ်ပါတယ်။

English Level အနေနဲ့ Beginner Level ရှိထားရင် စတက်လို့ရပါပြီ။ American အသံထွက် ကောင်းကောင်း ထွက်ချင်သူတွေ၊ Native Speaker တွေ ဘာပြောလဲဆိုတာ လေသံကို သေချာဖမ်းချင်သူတွေအတွက် သင့်တော်ပါတယ်။ 

တက်ရောက်ရန် >> tricky-american-english-pronunciation

 

၄။ Georgia Institute of Technology - Better Business Writing in English

အင်္ဂလိပ်စာကိုမှ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ (Business English) ကို လေ့လာခွင့်ရမယ်ဆိုရင် လက်ရှိမှာ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ၊ ဝင်တော့မယ်သူတွေအတွက် ပိုပြီး အကျိုးရှိ ထိရောက်စေမှာပါ။ Business English အပိုင်းကို လေ့လာရမှာဖြစ်လို့ လုပ်ငန်းခွင်မှာ သူများထက်သာချင်ရင် တက်ကိုတက်ကြည့်ရပါမယ်။

English Level အနေနဲ့ Beginner Level ရှိထားရင်ရပါပြီ။ Business English ပိုင်းကိုမှ Writing ဘက်ကို ပိုအသားပေးထားပါတယ်။ လုပ်ငန်းခွင်မှာ Proposal ၊ Report ၊ Presentation တွေ လုပ်ဆောင်ရတဲ့အခါ ဒီသင်တန်းက အထောက်အကူပြုပါလိမ့်မယ်။ 

 

တက်ရောက်ရန် >> business-writing-english


၅။ Rice University - English and Academic Preparation

ကျောင်းတက်နေဆဲသူတွေ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား/သူတွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို စကားပြောနဲ့ အရေးပိုင်းမှာ ထိထိရောက်ရောက် အသုံးချလိုသူတွေ တက်ရောက်သင့်ပါတယ်။ ဒီသင်တန်းမှာ Essay ၊ Presentation တို့လို ပညာရေးဆိုင်ရာ Assignments တွေအတွက် လမ်းညွှန်ချက်တွေ ပြောပြထားပါတယ်။ ဒါ့အပြင် အကြောင်းအရာတစ်ခုကို နားထောင်ပြီး ခန့်မှန်းခြင်း၊ စာဖတ်ပြီး ထိထိရောက်ရောက် မှတ်စုထုတ်ခြင်း စတဲ့ နည်းဗျူဟာတွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ 

 

တက်ရောက်ရန် >> academic-preparation

------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post University / College Vocational Read 547 times