အင်္ဂလိပ်ဘာသာစကားကို အခြေခံကနေစပြီး ကျွမ်းကျင်အဆင့်အထိ Level အလိုက် သင်ယူချင်သူတွေ၊ Business English ကို လေ့လာလိုသူတွေအတွက် Saylor Academy ကနေ သင်ကြားပို့ချထားတဲ့ အွန်လိုင်းသင်တန်းလေး (၅) ခုကို မျှဝေပေးချင်ပါတယ်။ ဒီသင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်ရုံသာမက သင်တန်းပြီးဆုံးသွားရင်လည်း Certificate ကို အခမဲ့ ရရှိဦးမှာ ဖြစ်ပါတယ်။
Related Article : English ကို Basic ကနေ Advance Level အထိ Free တက်ကြမယ်
>> https://www.edge.com.mm/article/world-english-institute.html
တက်ရောက်နိုင်တဲ့ သင်တန်း (၅) ခု
ESL001 - CEFR A2 (Beginner) - ကြာချိန် (၁၈) နာရီ
ပထမဆုံးအဆင့်အနေနဲ့ အင်္ဂလိပ်စာကို အခုမှ အခြေခံကျကျ စတင် လေ့လာမယ့်သူတွေ တက်ရောက်သင့်ပါတယ်။ ဒီသင်တန်းမှာ စုစုပေါင်း Unit (၄) ခု ပါဝင်ပါတယ်။
>> https://learn.saylor.org/course/view.php?id=698
ESL002 - CEFR B1 (Intermediate) - ကြာချိန် (၁၅) နာရီ
အင်္ဂလိပ်စာ အခြေခံကို ပိုင်နိုင်သွားပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ စာကြောင်းရေးသားပုံတွေကို သိရဖို့ Intermediate အတန်းလေးကို ဆက်လက် တက်ရောက်နိုင်ပါတယ်။ ဒီသင်တန်းမှာလည်း စုစုပေါင်း Unit (၄) ခု ပါရှိပါတယ်။
>> https://learn.saylor.org/course/view.php?id=723
ESL003 - CEFR B2 (Upper-Intermediate) - ကြာချိန် (၁၄) နာရီ
ဒီသင်တန်းကို တက်ရောက်မယ်ဆိုရင် အင်္ဂလိပ်စာ စာကြောင်းတည်ဆောက်ပုံတွေ၊ ဝေါဟာရအသုံးအနှုန်းတွေကို အထိုက်အလျောက် နားလည်သွားမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာလည်း စုစုပေါင်း Unit (၄) ခု ပါဝင်ပါတယ်။
>> https://learn.saylor.org/course/view.php?id=792
ESL004 - CEFR C1 (Advanced) - ကြာချိန် (၁၂) နာရီ
ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စာကြောင်းတွေကို ရေးတတ်၊ ဖတ်တတ်ဖို့၊ အက်ဆေးရေးတတ်ဖို့၊ ဝေါဟာရအသစ်တွေကို အဓိပ္ပါယ်မှန်မှန် သုံးနိုင်ဖို့အတွက် ပြင်ဆင်ပေးမယ့် သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းမှာလည်း စုစုပေါင်း Unit (၄) ခု ရှိပါတယ်။
>> https://learn.saylor.org/course/view.php?id=440
ESL005 - CEFR C2 (Advanced) - ကြာချိန် (၁၂) နာရီ
Business English ကို လေ့လာလိုတဲ့သူတွေကတော့ ဒီသင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ ဒီသင်တန်းပြီးရင် Business နဲ့ဆိုင်တဲ့ ဝေါဟာရတွေ၊ အပြောပိုင်းတွေ၊ အရေးပိုင်းတွေ တိုးတက်လာမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာကတော့ Unit (၂) ခုပဲ ရှိပါတယ်။
>> https://learn.saylor.org/course/view.php?id=481
သင်ကြားရမယ့်ပုံစံ
အချိန်ကန့်သတ်ချက်မရှိတဲ့အတွက် ကိုယ်အားတဲ့အချိန် ဘယ်နေရာမှာမဆို အဆင်ပြေသလို လေ့လာလို့ရပါတယ်။ သင်တန်းတစ်ခုရဲ့ Unit တစ်ခုချင်းစီတိုင်းမှာ Assessment တွေ ဖြေဆိုရမှာဖြစ်သလို သင်တန်းတစ်ခုပြီးဆုံးတိုင်းမှာလည်း Final Exam ထပ်ဖြေဆိုရမှာပါ။
Final Exam မှာ အမှတ် (70%) နဲ့အထက် ရရှိမယ်ဆိုရင် Certificate ကို ရရှိမှာဖြစ်ပါတယ်။ ပထမ ကြိုးစားမှုမှာ သတ်မှတ်ထားတဲ့ အမှတ် မရရှိခဲ့ဘူးဆိုရင် နောက်ထပ်အကြိမ်များစွာ ထပ်ဖြေဆိုလို့ရပါတယ်။ တစ်ခုရှိတာက တစ်ခါဖြေဆိုပြီးရင် နောက်တစ်ခါ ပြန်ဖြေဖို့ ကြားထဲမှာ (၇) ရက်တော့ စောင့်ရပါမယ်။