Free တက်လို့ရမယ့်အပြင် Certificate ပါရမယ့် Online Courses များ

 

ကိုရီးယားနိုင်ငံ အခြေစိုက် Handong Global University နှင့် UNESCO တို့မှ ပူးပေါင်းပြီး မြန်မာလူငယ်တွေအတွက် သီးသန့်ဖွင့်ပေးတဲ့ UNITWIN ရဲ့ Online Courses တွေကို 2024 Fall Semester အတွက် စတင်လျှောက်ထားလို့ရပါပြီ။  

 

ဒီတစ်ခေါက်အတွက် ဖွင့်ပေးထားတဲ့ Course တွေက Business Management၊ IT၊ Engineering၊ Social Studies နဲ့ Language ပိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ 

 

2024 Fall Semester အတွက် လျှောက်ထားလို့ရတဲ့ Courses တွေကတော့ အောက်ပါအတိုင်း (၁၆) ခုရှိပါတယ်။

Management & Economics

  • Fundamentals of Marketing
  • Economic Development
  • Financial Management

 

Computer & ICT

  • Python Programming
  • Computer Networks
  • Internet of Things
  • Computer Vision
  • Introduction to Mechanical Eng

 

Social Sciences

  • Introduction to Psychology
  • Health Psychology

 

Engineering & Science

  • Basic Immunology
  • Structural Analysis

 

Humanities & Language

  • Korean1
  • Introduction to Philosophy
  • English Reading and Composition
  • Introduction to Creative Writing

 

Course တစ်ခုချင်းစီရဲ့ သင်ရိုးမာတိကာ အသေးစိတ်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

>> https://drive.google.com/

 

ကျောင်းသားတစ်ယောက်ကို အများဆုံး နှစ်သက်ရာ Course (၃) ခုအထိ လျှောက်ထားနိုင်ပါတယ်။ လေ့လာရမယ့်ပုံစံကတော့ သူတို့ Update တင်ပေးမယ့် သင်ခန်းစာ Video Lessons တွေကနေတဆင့် လေ့လာရမှာဖြစ်ပါတယ်။ 

 

Video Lessons တွေဆိုပေမဲ့ စာလိုက်မလုပ်ရင် Certificate မပေးပါဘူး။ တစ်ခါတစ်လေ တစ်ချို့ Activities တွေအတွက် Zoom Class Join ရပါတယ်။

 

သင်ခန်းစာတစ်ခုပြီးတိုင်း Review Questions တွေ ဖြေရမှာဖြစ်ပြီး Assignment တွေ၊ Project တွေကို သူတို့သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးအောင် လုပ်ပေးရမှာပါ။ Couse (၁) ခုကို (၁၆) ပတ် သင်ယူရမှာဖြစ်ပြီး Course ပြီးရင် Final Exam လည်း ဖြေဆိုရပါတယ်။ 

 

Attandence အမှတ်တွေ၊ Team Activities ပါဝင်မှုတွေ၊ Exam အမှတ်တွေကို အမှတ်ပေးစည်းမျဉ်းအတိုင်း သတ်မှတ်ထားတာဖြစ်တဲ့အတွက် တကယ့် Classroom ထဲမှာ စာသင်နေရသလိုပါပဲ။ ဒါကြောင့် Free Course ဖြစ်ပေမဲ့ သေချာ Commitment နဲ့ စာလိုက်လုပ်နိုင်မှ Join ဖို့ အကြံပြုပါတယ်။

 

စိတ်ဝင်စားရင် ဩဂုတ်လ (၄) ရက်နေ့ နောက်ဆုံးထားပြီး အောက်က Registration Form ကို ဖြည့်ပါ။ 

>> https://docs.google.com/forms

 

2024 Fall Semester အတွက် သင်တန်းကာလကတော့ ဩဂုတ်လ (၂၆) ရက်နေ့ကနေ ဒီဇင်ဘာ (၁၃) ရက်နေ့အထိ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် လာမယ့် ဩဂုတ်လ (၂၆) ရက်နေ့ဆို အတန်းတွေ စတော့မှာဖြစ်ပါတယ်။ 

--------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

Latest Post Vocational Read 1240 times