Free တက်လို့ရမယ့်အပြင် Certificate ပါရမယ့် IT Course များ

 

IT ပိုင်းကို စိတ်ဝင်စားပြီး အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် IT နဲ့ ပတ်သက်တဲ့ Course တွေကို Free လေ့လာလို့ရမယ့် Learning Platform တစ်ခုဖြစ်တဲ့ Sololearn ကို မျှဝေပေးချင်ပါတယ်။ စာတွေ့နည်းနည်းနဲ့ လေ့ကျင့်ခန်းများများ လုပ်ရတာကို သဘောကျတယ်ဆိုရင် Sololearn ကို အကြိုက်တွေ့မှာပါ။  

 

Sololearn မှာ Coding ၊ Programming ၊ Data Science ၊ Front-end နဲ့ AI ဆိုင်ရာ Course တွေကို အခမဲ့ လေ့လာသင်ယူနိုင်မယ့်အပြင် နိုင်ငံတကာက ဝါသနာတူအချင်းချင်း မေးခွန်းတွေမေးပြီး ဆွေးနွေးမှုတွေ အပြန်အလှန် ပြုလုပ်လို့ရပါတယ်။ 

 

Sololearn မှာ လေ့လာလို့ရမယ့် IT ပညာရပ်များ

  • Front-end for Beginners
  • Coding Foundations
  • Python Developer
  • Web Development
  • Coding for Data

 

Introduction Courses

  • Introduction to Python
  • Introduction to C
  • Introduction to C#
  • Introduction to SQL
  • Introduction to HTML
  • Introduction to Java
  • Introduction to JavaScript
  • Introduction to C++
  • Tech for Everyone
  • Introduction to CSS
  • Generative AI in Practice
  • Data Analytics with AI
  • AI in Data Analysis
  • Ethical AI Foundations
  • Write with AI
  • Prompt Engineering
  • Visualize Your Data
  • Introduction to LLMs
  • ML for Beginners
  • Brainstorm with AI
  • Think Creatively with AI
  • Project Planning with AI
  • Research with AI
  • Intermediate Courses

 

Intermediate

  • Python Intermediate
  • Java Intermediate
  • JavaScript Intermediate
  • C++ Intermediate
  • C Intermediate
  • SQL Intermediate
  • Angular
  • AI-Powered A/B Testing


သင်ခန်းစာတွေကို လေ့လာတဲ့အခါမှာ မိမိတက်မြောက်မှုကို ဆန်းစစ်နိုင်ဖို့ လေ့ကျင့်ခန်းတွေ၊ ပဟေဠိမေးခွန်းတွေ ဖြေဆိုပြီး Coding နဲ့ပတ်သက်တဲ့ Challenges တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေအနေနဲ့ Code ရေးခြင်း၊ Code Run ခြင်းနှင့် Code မျှဝေခြင်း စတဲ့ လက်တွေ့အတွေ့အကြုံကို ရယူနိုင်မယ့် Code Playground Feature လည်း ပါရှိပါတယ်။ 

 

အားသာချက်

  • IT နဲ့ ပတ်သက်ပြီး လေ့လာလို့ရမယ့် Course တွေ စုံလင်ပါတယ်။
  • Beginner Level ကနေ စတင်လေ့လာလိုသူတွေအတွက် သင့်တော်ပါတယ်။ 
  • ဝါသနာတူအချင်းချင်း တွေ့ဆုံမေးမြန်းနိုင်တဲ့အတွက် Networking ရစေပါတယ်။ 
  • iOS/Android Mobile App လည်း ရှိပါတယ်။
  • အချိန်မရွေး၊ နေရာဒေသမရွေး၊ အသက်အရွယ်မရွေး လေ့လာနိုင်ပါတယ်။ 
  • Free Certificate ရယူနိုင်ပါတယ်။
  • လက်တွေ့လေ့ကျင့်လို့ရပါတယ်။ 

 

အားနည်းချက်

  • Free ဖြစ်တဲ့အတွက် ကြော်ငြာတွေ ဝင်တာများပါတယ်။
  • Free Version မှာ တချို့ Learning Tools နဲ့ Features တွေကို ကန့်သတ်ထားပါတယ်။ 
  • လုပ်ငန်းပိုင်း ကျွမ်းကျင်အဆင့်ထိရောက်ဖို့တော့ မလုံလောက်ပါဘူး။ 
  • Sololearn အောင်လက်မှတ်ကို တရားဝင် အသိအမှတ်ပြုထားတာမျိုး မရှိသေးပါဘူး။ 

 

Free Certificate ရဖို့က သင်တန်းတွေကို ပြီးမြောက်အောင်တက်ဖို့သာ လိုပါတယ်။ Certificate ကို ဒေါင်းလုတ်ရယူကာ သင့်ပရိုဖိုင်တွင် ပြသနိုင်ပြီး LinkedIn တို့လိုဆိုက်ဒ်တွေမှာလည်း လင့်ခ်ချိတ်ဆက်ထားနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် လွယ်လွယ်ကူကူ စာရင်းသွင်းပြီး သင်ခန်းစာများကို အခမဲ့ လေ့လာနိုင်ပါပြီ။ 

>> https://www.sololearn.com/en/learn

 

Vocational Read 25 times