Roosevelt University
Roosevelt University ၏ နာမည်ကြီးဘာသာရပ်များမှာ International Studies, IT, Hospitality and Tourism Management, Political Science, Business related Major တို့ဖြစ်သည်။
ဘွဲ့ကြို ဘာသာရပ်ပေါင်း ၇၀ နှင့် မာစတာ ဘွဲ့ပေါင်း ၄၆ ခုရှိပြီး small class size ဖြင့် စနစ်တကျ သင်ကြားပေးနေသော ကျောင်းဖြစ်ပြီး ပညာသင်ဆုအနေဖြင့် $2500 မှ စပေးထားသည်။
City College of New York
City College of New York သည် New York City ရှိ Harlan တွင် တည်ရှိပြီး ဘာသာရပ်ပေါင်း ၁၀၀ ကျော်ရှိ သည့်အနက် နာမည်ကြီးဘာသာရပ်များမှာ Engineering, Architecture, Biology နှင့် သက်ဆိုင်သော ဘာသာရပ်များ၊ Film and VideoProduction Theater စသည့် ဘာသာရပ်များဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ဘွဲ့ကြိုတန်းနှင့် ဘွဲ့ရပြီးသူများအတွက် မာစတာ Programs များလည်း ရှိသည်။ တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာသင်ဆုကို $2500 မှ စပေးထားပါသည်။
Texas A & M University-Corpus Christi
Texas A & M University-Corpus Christi သည် အမျိုးသားကောလိပ်များထဲတွင် ကျောင်းသားများအတွက် ကျောင်းစရိတ်သက်သက်သာသာဖြင့် တက်ရောက်နိုင်သော အကောင်းဆုံး ကောလိပ်ဖြစ်ကြောင်း Priceonomics.com 2015 တွင် ဖော်ပြခြင်းခံရသည်။
ထိုကျောင်းတွင် သင်ကြားသော ဘာသာရပ်များထဲမှ Part-time MBA နှင့် Fine Arts graduate program တို့မှာ နာမည်ကြီးများထဲတွင် ပါဝင်သည်ဟု အစိုးရအဖွဲ့က ထောက်ခံထားပြီး ပညာသင်ဆုကို $2500 မှ စပေးထားပါသည်။
Widener University
Widener University တွင် School of Business, School of Engineering, Center for Hospitality Management, College of Arts and Science နှင့် International Study Center တို့ ပါဝင်သည်။
၎င်းတက္ကသိုလ်မှာ Arts and Science နှင့် Hospitality နယ်ပယ်တွင် အထူးနာမည်ကြီးသည်။ ပညာသင်ဆုမှာ $2500 မှစပေးပြီး GPA 2.75 အနည်းဆုံး ရှိရမည်။ ဘွဲ့ကြိုမှဘွဲ့လွန်အထိ တက်ရောက်သင်ကြားနိုင်သည်။
University of Vermont
University of Vermont တွင် တက်ရောက်လိုသော မြန်မာကျောင်းသားများအနေဖြင့် ဘွဲ့လွန်ဘာသာရပ်အတွက် အဆင်သင့်မဖြစ်သေးပါက Pre-Master Course ကို အရင်ဆုံး တက်ရောက်နိုင်သည်။ ပညာသင်ဆုကို $10000 အထိ ပေးထားသည်။
Long Island University
Long Island University တွင် Health Professional Major တွင် အကောင်းဆုံးအဆင့် ၁ ကျောင်းအဖြစ် ပါဝင်သည်။ ပညာသင်ဆုမှာ $3500 မှ $18000 ဖြစ်သည်။ ဘွဲ့ကြိုအတွက် GPA 80%, ဘွဲ့လွန်အတွက် GPA 3.5+ ရှိရန်လိုအပ်သည်။ ပညာသင်ဆု အနေဖြင့် $2500 မှစပေးထားပြီး GPA 3.25 ရရှိထားသူဖြစ်ရ မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Contact Detail
၀၉- ၅၁၄၀၈၀၂၊ ၀၉-၇၈၅၁၄၀၈၀၂
Source: internet journal