တက္ကသိုလ်ပညာရေးတစ်ပိုင်းတစ်စ ဖြစ်နေတဲ့ မြန်မာလူငယ်တွေအတွက် ပညာသင်ဆု

 

European Union Mobility Programme for Myanmar (EMPM) ဆိုတာ တက္ကသိုလ်တက်နေရင်း အကြောင်းအမျိုးမျိုးကြောင့် ဆက်မတက်ဖြစ်ဘဲ ရပ်နားထားရတဲ့ မြန်မာကျောင်းသားတွေ၊ နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံကို ရရှိလိုတဲ့ မြန်မာလူငယ်တွေအတွက် ပညာသင်ဆုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးအပ်သွားမယ့် Virtual Scholarship Program ဖြစ်ပါတယ်။ 

 

Virtual Program ဖြစ်တဲ့အတွက် ရွေးချယ်ခံရရင် အွန်လိုင်းကနေပဲ တက်ရောက်ရမှာဖြစ်လို့ နိုင်ငံခြားထွက်ဖို့ အခက်အခဲဖြစ်နေသူတွေ၊ ဗီဇာမရှိသေးတဲ့သူတွေအတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုပါ။ လက်ရှိ EMPM မှာ လျှောက်လို့ရတဲ့ ပရိုဂရမ် (၂) ခုရှိပါတယ်။ 

 

  • Virtual Global Opportunities (MicroCredentials) 

ASEAN နဲ့ EU နိုင်ငံတွေထဲက EMPM နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ ကာလတိုသင်တန်းလေးတွေ တက်ရောက်နိုင်မယ့် အခွင့်အရေးပါ။ ချိတ်ဆက်ထားတဲ့နိုင်ငံတွေနဲ့ လျှောက်ထားနိုင်တဲ့ သင်တန်းတွေကို အောက်ကလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။ 

>> https://empm.education/virtual-global-opportunities-microcredentials/

 

  • Virtual Global Opportunities (Internships)

ASEAN နဲ့ EU နိုင်ငံတွေထဲက EMPM နဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်သင်ဆင်းရမယ့် အခွင့်အရေးပါ။ ချိတ်ဆက်ထားတဲ့နိုင်ငံတွေနဲ့ လျှောက်ထားနိုင်တဲ့ အလုပ်တွေကို အောက်ကလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။ 

>> https://empm.education/virtual-global-opportunities-internships/

 

ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ

မြန်မာလူငယ်ပရော်ဖက်ရှင်နယ်တွေ 

 

အကျိုးခံစားခွင့် 

  • EUR 300 (အလုပ်သင်အတွက်)
  • သင်တန်းကြေး
  • အင်တာနက်ဒေတာဖိုး
  • စာအုပ်နှင့် သင်ထောက်ကူပစ္စည်းကြေး

 

လျှောက်ထားရမယ့်ပုံစံ 

- သက်ဆိုင်ရာ သင်တန်း (သို့) အလုပ်ကို ဦးစွာပထမ လျှောက်ထားရပါမယ်။

- ကိုယ်လျှောက်ထားတဲ့ တက္ကသိုလ် (သို့) အဖွဲ့အစည်းမှ Offer Letter ရရှိပြီးရင် အောက်ကလင့်ခ်ကနေတဆင့် EMPM ပညာသင်ဆုကို လျှောက်လို့ရပါပြီ။ 

>> https://empm.education/online-application-empm/

- EMPM လျှောက်နေတဲ့အချိန်ထိ Offer Letter မရရှိသေးဘူးဆိုရင်တော့ ကိုယ်လျှောက်ထားတဲ့ တက္ကသိုလ် (သို့) အဖွဲ့အစည်းဘက်က သင့်လျှောက်လွှာကို စစ်ဆေးနေကြောင်း ထောက်ခံစာပြပြီး လျှောက်ထားလို့ ရပါတယ်။ 

 

EMPM ပညာသင်ဆု လျှောက်ထားရာတွင် တင်ပြရမယ့် စာရွက်စာတမ်းများ

- Letter of Acceptance from the University 

- CV (Europass format)

>> https://europa.eu/europass/eportfolio/screen/cv-editor 

- Recent Photograph

- Household List Certificate

- ID (NRC)

- Valid Passport 

 

ပညာသင်ဆုနဲ့ အလုပ်သင်အခွင့်အလမ်းအတွက် လျှောက်လွှာတွေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး တစ်စုံတစ်ရာ မေးမြန်းစုံစမ်းလိုပါက [email protected] ၊ [email protected] နဲ့ [email protected] တို့ကို အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ 

 

အသေးစိတ်အချက်အလက် ဖတ်ရှုရန် >> https://empm.education/about/

===============================

ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International International News Latest Post Read 1939 times