ဝန်ထမ်းများ၏ လစာရာနှုန်းတစ်ခု ထည့်ဝင်မှုဖြင့် ပင်စင်ပေးအပ်မည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို လုပ်သက် ၁၀နှစ်အောက် ဝန်ထမ်းများဖြင့် စတင်ထူထောင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဏာရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
တခြားနိုင်ငံတွေမှာလည်း ပင်စင်အတွက် ဝန်ထမ်းတွေက လစာရဲ့ ရာခိုင်နှုန်းတချို့ကို ထည့်ဝင်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ အခုစဉ်းစားနေတဲ့ ပုံစံကတော့ ဝန်ထမ်းတွေအားလုံးဆီကနေ အသက်အားလုံးမှာရှိတဲ့ အနအထားမျိုး မဟုတ်ဘဲနဲ့ လုပ်သက် ၁၀ နှစ်အောက်ဝန်ထမ်းတွေ အကျုံးဝင်တဲ့ ပုံစံနဲ့သွားပါ့မယ်။ ဥပဒေပြဋ္ဌာန်းပြီးတဲ့ အချိန်မှာ ထပ်ခန့်တဲ့ ဝန်ထမ်းတွေက အလိုလျှောက်အကျုံးဝင်မည်။ ဥပမာ - ဝန်ထမ်းက လစာရဲ့ ငါးရာခိုင်နှုန်းထည့်ဝင်ရမယ်ဆိုရင် အစိုးရကလည်း ဆတူထည့်ဝင်ရမှာ ဖြစ်ပါတယ်။ ကျပ်တစ်သိန်းရတဲ့လူက ကျပ်ငါးသောင်းထည့်စုမယ်ဆိုရင် အစိုးရကလည် ငါးထောင်စုပေးမယ်။ ဝန်ထမ်းသည် ငါးထောင်စုရင် တစ်သောင်းရမှာဖြစ်ပါတယ်။ ထိုသူအသက် ၆၀ ပြည့်တဲ့အချိန်မှာ တစ်လုံးတစ်ခဲတည်းနဲ့ အကုန်ရမှာဖြစ်တယ် ဟု ယင်းကပြောသည်။
အဆိုပါ လုပ်ငန်းစဉ်ဆောင်ရွက်ရန် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကိုပြုစုလျက်ရှိပြီး လက်ရှိ အစိုးရသက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၁၀ နှစ်အောက် လုပ်သက်ရှိသည့် ဝန်ထမ်းလေးသိန်းဝန်းကျင်ခန့်ရှိပြီး ယင်းတို့စုဆောင်းသည့် ရန်ပုံငွေများကို ရန်ပုံငွေဘုတ်အဖွဲ့မှ ပရောဂျက်များ၊ စတော့ရှယ်ယာဈေးကွက်များတွင် ထည့်ဝင်ကာ ရန်ပုံငွေကို တိုးရှာဖွေမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်တွင် ပင်စင်စားဦးရေးကိုသိန်းခန့်ရှိပြီး ပင်စင်လစာများ မတိုးမြှင့်ခင်က ပင်စင်လစာအသုံးစရိတ်သည် ငွေကျပ် ၇၃၂ ဘီလျံလောက်ရှိပြီး တိုးမြှင့်ပင်စင်ကြောင့် ငွေကျပ် ဘီလျံ ၁၀၀၀ ကျော်အထိ သုံးစွဲခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ပင်စင်အသုံးစရိသည် အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံ၊ အစိုးရစုစုပေါင်း အသုံးစရိတ်၏ ၁၀ရာခိုင်နှုန်းရှိကြောင်း သိရသည်။
By Myanmar Education Guide - EDGE