ပညာရေးသတင်းများ စုံလင်တာ "မြန်မာ့ပညာရေးလမ်းညွှန်" ပါ

 

"မြန်မာ့ပညာရေးလမ်းညွှန်" ဆိုတာ ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ဗဟုသုတအကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ပြီး ကျောင်းတွေအပြင် ပညာရေးနှင့် ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ စုံစုံလင်လင် ရှာဖွေနိုင်တဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော လမ်းညွှန်ဖြစ်ပါတယ်။ 

 

"မြန်မာ့ပညာရေးလမ်းညွှန်" ဝန်ဆောင်မှု

"မြန်မာ့ပညာရေးလမ်းညွှန်"ဟာ ပညာရေးနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူတွေ၊ မိဘတွေ၊ ကျောင်းသား/သူတွေအတွက် အထောက်အကူဖြစ်ဖို့ မြန်မာ့ပညာရေးလမ်းညွှန်စာအုပ်ကို ၂၀၀၀ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးဆိုပြီး နှစ်အုပ်ခွဲထားပါတယ်။

 

 

ဒါ့အပြင် ပညာရေးဆိုင်ရာ သတင်းဆောင်းပါးတွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ မြန်မာ့ပညာရေးလမ်းညွှန်ဝက်ဘ်ဆိုက်ဒ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး အက်ပလီကေးရှင်းကိုလည်း တစ်ပါတည်း မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ပညာရေးလမ်းညွှန် ဖေ့စ်ဘုတ်စာမျက်နှာကို  ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

 

"မြန်မာ့ပညာရေးလမ်းညွှန်" မှ ရန်ကုန်မြို့က ပုဂ္ဂလိကအခြေခံပညာရေးကျောင်းတွေနဲ့ ပတ်သက်ပြီး စျေးကွက်အခြေအနေနဲ့ သုံးသပ်ချက်တွေကို လုပ်ငန်းရှင်တွေ လေ့လာသိရှိနိုင်ဖို့ "Yangon Private Schools Market Report" ကို ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ တစ်ကြိမ် ထုတ်ဝေခဲ့ပါသေးတယ်။ 

 

နောက်ဆုံးရ စျေးကွက်အချက်အလက်တွေ ပါဝင်တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်ရဲ့ Yangon Private Schools Market Report ကို ဝယ်ယူလိုသူများအနေနဲ့ 09448001653 ကို ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။ 

 

 

စာအုပ်နဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ရှာဖွေနိုင်တဲ့ လုပ်ငန်းအမျိုးအစားများ

မြန်မာတစ်နိုင်ငံလုံးက ပညာရေးနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း (၂၆,၀၀၀) ကျော်ကို ထည့်သွင်းထားတဲ့အတွက် သက်ဆိုင်ရာလုပ်ငန်းအချက်အလက်တွေကို တစ်နေရာတည်းမှာ အချိန်ကုန် လူပင်ပန်းသက်သာစွာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ရှာဖွေနိုင်တဲ့ လုပ်ငန်းအမျိုးအစားတွေကတော့ -

- အစိုးရ/ပုဂ္ဂလိကတက္ကသိုလ်နှင့် ကောလိပ်များ 

- အစိုးရ/ပုဂ္ဂလိက အခြေခံပညာကျောင်းများ

- ပညာရေးအေဂျင်စီများ

- နိုတြီဝန်ဆောင်မှုလုပ်ငန်းများ

- စာအုပ်ဆိုင်များ

- စာကြည့်တိုက်များ

- ကျောင်းပရိဘောဂအရောင်းဆိုင်များ

- စာရေးကိရိယာဆိုင်များ

- ကျောင်းဝတ်စုံဆိုင်များ

- ကျောင်းသင်ထောက်ကူပစ္စည်းအရောင်းဆိုင်များ

- အားကစားသင်တန်းများ

- သက်မွေးသင်တန်းများ

- အဆောင်ငှားရမ်းဝန်ဆောင်မှုများ

 

 

ဝက်ဘ်ဆိုက်ဒ်နဲ့ ဖေ့စ်ဘုတ်မှာ ဖတ်ရှုနိုင်တဲ့ သတင်းဆောင်းပါးများ

ပညာရေးဆိုင်ရာ လုပ်ငန်းအချက်အလက်တွေကို ရှာဖွေနိုင်တဲ့အပြင် -

- နိုင်ငံတကာပညာရေးသတင်းများ

- ပြည်တွင်းပညာရေးသတင်းများ

- ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ

- ပြည်တွင်း၊ ပြည်ပ ပညာသင်ဆုများ

- ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ

- အခြေခံပညာရေးမှ တက္ကသိုလ်ပညာရေးအထိ လမ်းညွှန်ချက်များ

- လုပ်ငန်းခွင်ဝင်ရန် လိုအပ်သော သင်တန်းများ

- ပညာရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာများ

- ပြောင်းလဲနေတဲ့ ပညာရေးမူဝါဒများ 

- ပညာရေးဆိုင်ရာပွဲများ

- ပညာရေးနယ်ပယ်မှ လုပ်ငန်ရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်း စတဲ့ ပညာရေးဆိုင်ရာ သတင်းဆောင်းပါးတွေကို နေ့စဉ်မပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။ 

 

"မြန်မာ့ပညာရေးလမ်းညွှန်" ရဲ့ အားသာချက်များ

- ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး (သို့) သက်ဆိုင်ရာ မြို့နယ်အလိုက် လွယ်လွယ်ကူကူ ရှာဖွေနိုင်ခြင်း

- မှန်ကန်တိကျပြီး နောက်ဆုံးရ သတင်းအချက်အလက်များကို ဖတ်ရှုနိုင်ခြင်း

- ဝက်ဘ်ဆိုက်ဒ်ကို Subscribe လုပ်ထားရုံနဲ့ အပတ်စဉ် ပညာရေးသတင်ဆောင်းပါးတွေကို အီးမေးလ်မှတဆင့် ဖတ်ရှုနိုင်ခြင်း 

- လုပ်ငန်းလိပ်စာကတ်ပေးပြီး ရုံးတွင် လမ်းညွှန်စာအုပ်ကို အခမဲ့ ထုတ်ယူနိုင်ခြင်း

- Mobile App ကို Download ရယူအသုံးပြုနိုင်ခြင်း (Android Version)

- ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို ကြော်ငြာထည့်သွင်းနိုင်ခြင်း

 

 

ဒီလိုအားသာချက်တွေနဲ့ ပညာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေမယ်၊ သတင်းနဲ့ ဗဟုသုတ အစုံအလင်ကို တစ်နေရာတည်းမှာ ဖတ်ရှုမယ်၊ ဘ၀တိုးတက်မှုအတွက် သင်တန်းတွေကို စုံစမ်းမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပညာရေးလမ်းညွန်ဖြစ်တဲ့ "မြန်မာ့ပညာရေးလမ်းညွှန်" ကိုသာ သတိရလိုက်ပါ။ 

 

 

ပုံပါအတိုင်း စာဖတ်ပရိသတ်အခိုင်အမာ ရရှိထားတဲ့ "မြန်မာ့ပညာရေးလမ်းညွှန်" မှာ ပညာရေးဆိုင်ရာလုပ်ငန်းတွေကို ကြော်ငြာထည့်သွင်းလိုပါက စျေးနှုန်းနဲ့ ဝန်ဆောင်မှုတွေကို 09448001653 ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ 

 

Website - https://www.edge.com.mm/

Facebook - https://www.facebook.com/MMEducationGuide

App - https://play.google.com/store/apps

 

Local News Read 160 times