၂၀၂၅ ပညာသင်နှစ်အတွက် အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီ

 

၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ်အပြင် ဒုတိယနှစ်နှင့်အထက် အဝေးသင် သင်တန်းများကို စတင် ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေး ကြေညာထားပါသည်။

 

ပထမနှစ် အဝေးသင်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်မှ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်အထိ နောက်ဆုံးထား လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်မှ မေလ (၁၆) ရက်အထိ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ကျောင်းလျှောက်ရာတွင် လိုအပ်သော စာရွက်စာတမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။  

  • တက္ကသိုလ်ဝင်တန်းအောက်လက်မှတ် (မူရင်း/ မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)
  • မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)
  • အိမ်ထောင်စုဇယား မိတ္တူ
  • ရပ်ကွက်ထောက်ခံစာ
  • ရဲစခန်းထောက်ခံစာ
  • Passport အရွယ်ဓာတ်ပုံ (၈) ပုံ

 

ဒုတိယနှစ်နှင့်အထက် သင်တန်းသားများအတွက် ကျောင်းအပ်သည့်အခါ ကျောင်းသားကတ် ယူဆောင်သွားရန် လိုအပ်ပါသည်။

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 1056 times