ပြည်နည်းပညာတက္ကသိုလ်မဟာအင်ဂျင်နီယာဘွဲ့သင်တန်းသားခေါ်ယူခြင်း

**Zawgyi**

ျပည္နည္းပညာတကၠသုိလ္ မဟာအင္ဂ်င္နီယာဘြဲ႔သင္တန္းအတြက္ သင္တန္းသားေခၚယူျခင္း ျဖစ္ပါသည္။
၁။ ပညာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ျပည္နည္းပညာတကၠသုိလ္တြင္ ၂၀၁၉-၂၀၂၀ ၊ ပညာသင္ႏွစ္အတြက္ ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ (၂) ရက္တြင္စတင္၍ ေအာက္ေဖာ္ျပပါ မဟာအင္ဂ်င္နီယာဘြဲ႔သင္တန္းမ်ားကို ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ပါသည္။
- ၿမိဳ႕ျပအင္ဂ်င္နီယာ
- စက္မႈအင္ဂ်င္နီယာ
- လ်ွပ္စစ္စြမး္အားအင္ဂ်င္နီယာ
- အီလက္ထေရာနစ္အင္ဂ်င္နီယာ
၂။ အထက္ပါ မဟာဘြဲ႔သင္တန္းမ်ားသည္ အခ်ိန္ျပည့္သင္တန္းမ်ားျဖစ္ၿပီး မဟာဘြဲ႔အႀကိဳသင္တန္း (၁) ႏွစ္ႏွင့္ သုေတနက်မ္းျပဳသင္တန္း (၁) ႏွစ္စုစုေပါင္း (၂) ႏွစ္သင္တန္းျဖစ္ပါသည္။ မဟာဘြဲ႔အႀကိဳသင္တန္း (Course Work) ေျဖဆိုေအာင္ျမင္ၿပီးသူမ်ားအနက္ သတ္မွတ္အရည္အခ်င္းျပည့္မီသူမ်ားကိုသာ မဟာဘြဲ႔သုေတသန က်မ္းျပဳသင္တန္းသို႔ တက္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ပါသည္။
၃။ ဝင္ခြင့္ေလ်ွာက္ထားၾကသူမ်ားအနက္ ေအာက္ပါသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသူမ်ားအား ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲ ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ပါသည္။
- ေလ်ွာက္ထားသူႏွင့္ ၄င္း၏မိဘႏွစ္ပါး(၃) ဦးစလံုးသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသားျဖစ္ရမည္။
- သက္ဆိုင္ရာအဓိကဘာသာရပ္ျဖင့္ အင္ဂ်င္နီယာဘြဲ႔ရရွိၿပီး မဟာအင္ဂ်င္နီယာဘြဲ႔သင္တန္းမ်ားသို႔ တက္ေရာက္ရန္ အဆင့္မီသူမ်ားျဖစ္ရပါမည္။
- ဝန္ထမ္းျဖစ္ပါက သက္ဆိုင္ရာဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ ေလ်ွာက္ထားရပါမည္။
- သင္တန္းသို႔ အခ်ိန္ျပည့္တက္ေရာက္ႏိုင္သူျဖစ္ၿပီး သင္တန္းစည္းကမ္းခ်က္မ်ားကို လိုက္နာႏုိင္သူျဖစ္ရပါမည္။
၄။ ေလ်ွာက္လႊာႏွင့္အတူ ေလ်ွက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပား(မူရင္းႏွင့္မိတၱဴ)၊ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာၿမိဳ႕နယ္ရဲ႕တပ္ဖြဲ႔စခန္းတစ္ခုခုမွ ေထာက္ခံစာ(မူရင္း)၊ ပတ္စ္ပို႔အရြယ္ ေရာင္စံုဓာတ္ပံု(၃)ပံုႏွင့္ မဟာအင္ဂ်င္နီယာဘြဲ႔သင္တန္းမ်ားသို႔ တက္ေရာက္ရန္ အဆင့္မီသူမ်ားျဖစ္ေၾကာင္း ေအာင္ျမင္ခဲ့ေသာ နည္းပညာတကၠသုိလ္မ်ားမွ ေထာက္ခံခ်က္(မူရင္းႏွင့္မိတၱဴ)တို႔ကို ပူးတြဲတင္ျပရပါမည္။
၅။ ဝင္ခြင့္စာေမးပြဲေျဖဆိုခြင့္ေလ်ွာက္လႊာမ်ားကို ျပည္နည္းပညာတကၠသိုလ္မွ (၁-၁၁-၂၀၁၉) (ေသာၾကာေန႔)မွ စ၍ ထုတ္ေပးမည္ျဖစ္ၿပီး (၁၉-၁၁-၂၀၁၉) (အဂၤါေန႔) ေနာက္ဆံုးထား၍ ျပည္နည္းပညာတကၠသုိလ္သို႔ ေပးပို႔ေလ်ွာက္ထားရပါမည္။ ေလ်ွာက္လႊာပါအခ်က္အလက္မ်ားအားစိစစ္ၿပီး မွန္ကန္ပါက စာေမးပြဲေျဖဆိုခြင့္ကတ္ျပားကို (၂၂-၁၁-၂၀၁၉) (ေသာၾကာေန႔) တြင္ စတင္ထုတ္ေပးမည္ျဖစ္ပါသည္။
၆။ ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲကို ျပည္နည္းပညာတကၠသုိလ္ ၊ ျပည္ၿမိဳ႕တြင္ ေအာက္ပါအစီအစဥ္အတိုင္းက်င္းပမည္ျဖစ္ပါသည္။
** (၂၅-၁၁-၂၀၁၉) တနလၤာေန႔၊ အဂၤလိပ္ဘာသာ၊ ေျဖဆိုရမည့္အခ်ိန္မွာ (၉) နာရီမွ (၁၂) နာရီအထိျဖစ္ပါသည္။
** (၂၆-၁၁-၂၀၁၉) အဂၤါေန႔၊ သက္ဆိုင္ရာဘာသာရပ္၊ ေျဖဆိုရမည့္အခ်ိန္မွာ (၉) နာရီမွ (၁၂) နာရီအထိျဖစ္ပါသည္။
၇။ ဝင္ခြင့္စာေမးပြဲေျဖဆိုရန္ လာေရာက္သည့္အခါ မိမိ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပား(မူရင္း)၊ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား တစ္ပါတည္းယူေဆာင္လာရပါမည္။
၈။ သင္တန္းအတြက္ လူေတြ႔စစ္ေဆးခံရမည့္ အမည္စာရင္းကို (၂၈-၁၁-၂၀၁၉) ၾကာသပေတးေန႔ တြင္ထုတ္ျပန္ေပးမည္ျဖစ္ၿပီး လူေတြ႔စစ္ေဆးျခင္းကို (၂၉-၁၁-၂၀၁၉) ေသာၾကာေန႔မွစ၍ ျပည္နည္းပညာတကၠသုိလ္တြင္ျပဳလုပ္မည္ျဖစ္ပါသည္။ မဟာဘြဲ႔သင္တန္းတက္ေရာက္ခြင့္ရသူမ်ား၏ အမည္စာရင္းကို (၃၀-၁၁-၂၀၁၉) စေနေန႔တြင္ ထုတ္ျပန္ေၾကညာေပးမည္ျဖစ္ပါသည္။

Read More:>>> တက္ေရာက္ရမည့္ တကၠသုိလ္၊ ေမဂ်ာ မေတြ႔ေသာ ေက်ာင္းသား/သူမ်ားအတြက္ အႀကံျပဳခ်က္
Source: ျပည္နည္းပညာတကၠသုိလ္

**Unicode**

ပြည်နည်းပညာတက္ကသိုလ် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း ဖြစ်ပါသည်။
၁။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်နည်းပညာတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ၊ ပညာသင်နှစ်အတွက် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်တွင်စတင်၍ အောက်ဖော်ပြပါ မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
- မြို့ပြအင်ဂျင်နီယာ
- စက်မှုအင်ဂျင်နီယာ
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
- အီလက်ထရောနစ်အင်ဂျင်နီယာ
၂။ အထက်ပါ မဟာဘွဲ့သင်တန်းများသည် အချိန်ပြည့်သင်တန်းများဖြစ်ပြီး မဟာဘွဲ့အကြိုသင်တန်း (၁) နှစ်နှင့် သုတေနကျမ်းပြုသင်တန်း (၁) နှစ်စုစုပေါင်း (၂) နှစ်သင်တန်းဖြစ်ပါသည်။ မဟာဘွဲ့အကြိုသင်တန်း (Course Work) ဖြေဆိုအောင်မြင်ပြီးသူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကိုသာ မဟာဘွဲ့သုတေသန ကျမ်းပြုသင်တန်းသို့ တက်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။
၃။ ဝင်ခွင့်လျှောက်ထားကြသူများအနက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။
- လျှောက်ထားသူနှင့် ၎င်း၏မိဘနှစ်ပါး(၃) ဦးစလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- သက်ဆိုင်ရာအဓိကဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ရရှိပြီး မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူများဖြစ်ရပါမည်။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရပါမည်။
- သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းစည်းကမ်းချက်များကို လိုက်နာနိုင်သူဖြစ်ရပါမည်။
၄။ လျှောက်လွှာနှင့်အတူ လျေှက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်းနှင့်မိတ္တူ)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲ့တပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံနှင့် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူများဖြစ်ကြောင်း အောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်များမှ ထောက်ခံချက်(မူရင်းနှင့်မိတ္တူ)တို့ကို ပူးတွဲတင်ပြရပါမည်။
၅။ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ပြည်နည်းပညာတက္ကသိုလ်မှ (၁-၁၁-၂၀၁၉) (သောကြာနေ့)မှ စ၍ ထုတ်ပေးမည်ဖြစ်ပြီး (၁၉-၁၁-၂၀၁၉) (အင်္ဂါနေ့) နောက်ဆုံးထား၍ ပြည်နည်းပညာတက္ကသိုလ်သို့ ပေးပို့လျှောက်ထားရပါမည်။ လျှောက်လွှာပါအချက်အလက်များအားစိစစ်ပြီး မှန်ကန်ပါက စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို (၂၂-၁၁-၂၀၁၉) (သောကြာနေ့) တွင် စတင်ထုတ်ပေးမည်ဖြစ်ပါသည်။
၆။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ပြည်နည်းပညာတက္ကသိုလ် ၊ ပြည်မြို့တွင် အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါသည်။
** (၂၅-၁၁-၂၀၁၉) တနင်္လာနေ့၊ အင်္ဂလိပ်ဘာသာ၊ ဖြေဆိုရမည့်အချိန်မှာ (၉) နာရီမှ (၁၂) နာရီအထိဖြစ်ပါသည်။
** (၂၆-၁၁-၂၀၁၉) အင်္ဂါနေ့၊ သက်ဆိုင်ရာဘာသာရပ်၊ ဖြေဆိုရမည့်အချိန်မှာ (၉) နာရီမှ (၁၂) နာရီအထိဖြစ်ပါသည်။
၇။ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား တစ်ပါတည်းယူဆောင်လာရပါမည်။
၈။ သင်တန်းအတွက် လူတွေ့စစ်ဆေးခံရမည့် အမည်စာရင်းကို (၂၈-၁၁-၂၀၁၉) ကြာသပတေးနေ့ တွင်ထုတ်ပြန်ပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို (၂၉-၁၁-၂၀၁၉) သောကြာနေ့မှစ၍ ပြည်နည်းပညာတက္ကသိုလ်တွင်ပြုလုပ်မည်ဖြစ်ပါသည်။ မဟာဘွဲ့သင်တန်းတက်ရောက်ခွင့်ရသူများ၏ အမည်စာရင်းကို (၃၀-၁၁-၂၀၁၉) စနေနေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါသည်။

Read More:>>> တက္ေရာက္ရမည့္ တကၠသုိလ္၊ ေမဂ်ာ မေတြ႔ေသာ ေက်ာင္းသား/သူမ်ားအတြက္ အႀကံျပဳခ်က္
Source: ပြည်နည်းပညာတက္ကသိုလ်

 

 

News Latest Post Read 1065 times