ကွန်ပျူတာဒီပလိုမာသင်တန်းကို ပြည်တက္ကသိုလ်တွင် လျှောက်ထားနိုင်ပြီ

 

ပြည်တက္ကသိုလ်တွင် ကွန်ပျူတာ ဒီပလိုမာသင်တန်းကို ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းလျှောက်လွှာကို နိုဝင်ဘာလ (၂၉) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

 

သင်တန်းဝင်ခွင့်အရည်အချင်း

  • တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ အသိအမှတ်ပြုဘွဲ့ ရရှိပြီးသူများ ဖြစ်ရမည်။ 
  • ကွန်ပျူတာ အခြေခံ တတ်မြောက်ရမည်။ 
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုချက် အထောက်အထား တင်ပြရမည်။

 

သင်တန်းလျှောက်လွှာကို ပြည်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် ရယူပြီး ၁၅-၁၁-၂၀၂၄ ရက်နေ့မှ ၂၉-၁၁-၂၀၂၄ ရက်နေ့အထိ လျှောက်ထားနိုင်သည်။ 

 

လျှောက်ထားသူများသည် ၂-၁၂-၂၀၂၄ ရက်၊ နံနက် (၉) နာရီ၊ ပြည်တက္ကသိုလ်၊ Theatre ခန်းမတွင် ဝင်ခွင့်ဖြေဆိုရမှာဖြစ်ပြီး ၄.၁၂.၂၀၂၄ ရက်တွင် ဝင်ခွင့်ရရှိသူများစာရင်းကို ကြေညာမည်ဖြစ်သည်။ 

 

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၅.၁၂.၂၀၂၄ ရက်နေ့ဖြစ်ပြီး သင်တန်းကာလ (၉) လ တက်ရောက်ရပါမည်။ သင်တန်းပြီးဆုံးပါက Diploma in Computer Studies (DCS) ပေးအပ်ချီးမြှင့်ခံရပါမည်။

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပြည်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ဖုန်း-၀၉-၇၈၉၆၃၈၄၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Related Article : ပြည်နှင့် မကွေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် စီးပွားရေးဥပဒေ ဒီပလိုမာသင်တန်း

>> https://www.edge.com.mm/article/diploma-in-business-law.html

 

Latest Post Local News University / College Read 302 times